📋အကျဉ်းချုပ်📝
တည်နေရာ: အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ရာဇဂြိုဟ်မြို့။
ရည်ရွယ်ချက်: ရှေးဟောင်း နာလန္ဒာတက္ကသိုလ်၏ ဂုဏ်သိက္ခာကို ခေတ်သစ်ပုံစံဖြင့် ပြန်လည်ရှင်သန်စေရန်၊ ခေတ်မီပညာရပ်များကို နိုင်ငံတကာအဆင့်မီ သင်ကြားပို့ချသည့် ထိပ်တန်းတက္ကသိုလ်တစ်ခု ဖြစ်လာရေး ရည်မှန်းထားသည်။
📜 တက္ကသိုလ် သမိုင်းကြောင်း အကျဉ်း
၂၀၀၇ ခုနှစ်တွင် အိန္ဒိယအစိုးရက ရှေးဟောင်းနာလန္ဒာတက္ကသိုလ် ပြန်လည်ထူထောင်ရေး အဆိုပြုချက်ကို အရှေ့ အာရှနိုင်ငံများ(EAS)ထံ တင်ပြခဲ့သည်။ နိုင်ငံတကာပူးပေါင်းမှု: နိုင်ငံပေါင်း (၁၈)နိုင်ငံမှ ပူးပေါင်းပါဝင်သည့် နိုင်ငံတကာစီမံကိန်းဖြစ်လာခဲ့သည်။ (၂၅.၁၁.၂၀၁၀) အိန္ဒိယလွှတ်တော်၏ အက်ဥပဒေဖြင့် တရားဝင် တည်ထောင် ခဲ့သည်။
အဆင့်အတန်း:
အိန္ဒိယနိုင်ငံ၏ ဗဟိုတက္ကသိုလ် (Central University) အမျိုးအစားဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ( the Ministry of External Affairs)၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိပြီး “နိုင်ငံ၏ အရေးပါသော “An institution of national importance” တစ်ခုလည်းဖြစ်သည်။ ပထမဆုံး ကျောင်းသားများကို ၂၀၁၄ ခုနှစ်တွင် စတင်သင်ကြား ခဲ့ပါသည်။
🏛️ သင်ကြားပေးသော ဌာနများနှင့် ဘာသာရပ်များ
လက်ရှိတွင် ဌာန (၆) ခု ဖွင့်လှစ်ထားရှိပြီး၊ ယင်းတို့မှာ အောက်ပါ programs များဖြစ်ပါသည်။ ရဟန်း၊ လူပုဂ္ဂိုလ်များ၊ ဘာသာမရွေး အားလုံး လျှောက်ထားနိုင်ပါသည်။
📚 ဖွင့်လှစ်ထားသော ပရိုဂရမ်များ (Programs)
၁။ မဟာဘွဲ့ (MA / MSc / MBA) သင်တန်းများ (၂ နှစ်)
- Historical Studies (သမိုင်းလေ့လာရေး)
- Ecology & Environment Studies (ဂေဟဗေဒနှင့် ပတ်ဝန်းကျင်လေ့လာရေး)
- Buddhist Studies, Philosophy & Comparative Religions (ဗုဒ္ဓဘာသာလေ့လာရေး၊ ဒဿနိကဗေဒနှင့် ဘာသာတရားနှိုင်းယှဉ်လေ့လာရေး)
- Hindu Studies (ဟိန္ဒူဘာသာလေ့လာရေး)
- Philosophy (ဒဿနိကဗေဒ)
- Sustainable Development & Management – MBA (တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးနှင့် စီမံခန့်ခွဲမှု)
- World Literature (ကမ္ဘာ့စာပေ)
- International Relations & Peace Studies (နိုင်ငံတကာဆက်ဆံရေးနှင့် ငြိမ်းချမ်းရေးလေ့လာရေး)
- Archaeology (ရှေးဟောင်းသုတေသန)
- Mathematics (သင်္ချာ)
- Economics (စီးပွားရေး)
- Hindi (ဟိန္ဒီ Language)
၂။ ပါရဂူဘွဲ့ (Ph.D. – ၄ နှစ်)
- Ph.D. in Buddhist Studies, Philosophy & Comparative Religions
- Ph.D. in Hindu Studies
- Ph.D. in World Literature
- Ph.D. in Ecology & Environment Studies
- Ph.D. in Sustainable Development & Management
- Ph.D. in Historical Studies
- Ph.D. in Archaeology
- Ph.D. in International Relations & Peace Studies
၃။ ကာလတိုသင်တန်းများ (Short Term Courses)
- ဘာသာစကား၊ ယောဂ၊ ဒဿနိကဗေဒ စသည့် အရည်အချင်းလက်မှတ် (Certificate of Proficiency)
- ဒီပလိုမာသင်တန်းများ (အွန်လိုင်း/အော့ဖ်လိုင်း)
- ကပ္ပဆူးသင်တန်းများ (Capsule Courses) (နွေဦး ၂၀၂၆)
🧘 ဗုဒ္ဓဘာသာလေ့လာရေး (Buddhist Studies) အစီအစဉ် အသေးစိတ်
မြန်မာရဟန်းတော်အများစုတက်ရောက်နေသော Buddhist Studies (M.A.) program ၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Semester 1 (ပထမသင်တန်းကာလ):
- ဘာသာရပ် (၅) ခု: Core courses (၄) ခု + Elective course (၁)ခု
- Elective language options: Pāli, Sanskrit, Tibetan (ဤဘာသာစကား (Language)ရွေးချယ်မှုသည် ပြီးဆုံးသည့်အထိ ပြောင်းလဲ၍မရပါ)
Semester 2 (ဒုတိယသင်တန်းကာလ):
- ဘာသာရပ် (၅) ခု: Core courses (၃)ခု + Elective courses (၂)ခု
- အပိုသင်ယူနိုင်သည့်အခွင့်အလမ်းများ: Extra credit course, Audit class
Semester 3 (တတိယသင်တန်းကာလ):
- ဘာသာရပ် (၅) ခု: Core courses (၂)ခု + Elective courses (၃)ခု
Semester 4 (စတုတ္ထသင်တန်းကာလ):
- Main Course (၁) ခု + Elective course (၁) ခု တက်ရောက်ခြင်းနဲ့အတူ Dissertation သုတေသန စာတမ်း တစ်စောင် ရေးသားရပါမည်။
🕐 ပညာသင်နှစ် အချိန်ဇယား (မဟာဘွဲ့)
- Fall Semester (ဆောင်းဦးသင်တန်း): ဩဂုတ်လ (ပထမပတ်) မှ ဒီဇင်ဘာလ (တတိယပတ်) အထိ
- Spring Semester (နွေဦးသင်တန်း): ဇန်နဝါရီလ (ပထမပတ်) မှ မေလ (တတိယပတ်) အထိ
- စာသင်ကာလတစ်ခု: အနည်းဆုံး ရက်သတ္တပတ် ၁၆ ပတ် (စာသင်ခန်းတွင်း သင်ကြားမှု၊ Presentation၊ Assignment နှင့် စာမေးပွဲများ ပါဝင်)
📝 ဝင်ခွင့်လျှောက်ထားခြင်း &⏰ လျှောက်ထားရမည့်ကာလ
- ပုံမှန်လျှောက်လွှာ: ဇန်နဝါရီလ (၁၅) ရက်မှ ဇွန်လ (၁၅) ရက်အတွင်း
- ICCR ပညာသင်ဆုအတွက်: ဖေဖော်ဝါရီလမှ ဇွန်လ/ဇူလိုင်လအတွင်း (နှစ်စဉ် ပြောင်းလဲနိုင်သည်)
✅ လိုအပ်သော အရည်အချင်းများ (Eligibility)
PhD အဆင့် ဝင်ခွင့် အရည်အချင်း:
- Master’s ဘွဲ့ (အနည်းဆုံး 65% အဆင့် သို့မဟုတ် GPA တူညီမှု) – Dissertation ပါဝင်ခြင်း ဦးစားပေး သို့မဟုတ် M.Phil. ဘွဲ့ (65% သို့မဟုတ် GPA တူညီမှု)
- Self-Introduction Letter တစ်စောင်
- Recommendation/Reference Letter နှစ်စောင်
- Statement of Purpose (SoP)
- အသေးစိတ် Research Proposal (Turnitin မှ Plagiarism Report 10% ထက် မကျော်ရ)
- ရှိပြီးသား သုတေသနအထောက်အထား (စာပေ၊ ပုံနှိပ်ထုတ်ဝေထားသည့် စာတမ်း ၂-၃ စောင်)
- အင်္ဂလိပ်စွမ်းဆောင်ရည်အထောက်အထား (TOEFL, IELTS စသည်)
Master’s အဆင့် ဝင်ခွင့် အရည်အချင်း
- အနည်းဆုံး ၃ နှစ်ကြာ Bachelor’s ဘွဲ့ (10+2+3)
သာသနဓဇဓမ္မာစရိယဘွဲ့ရပုဂ္ဂိုလ်များအတွက်:
- (၁၀)တန်း (သို့) ပထမလတ်တန်း အောင်လက်မှတ်
- (၁၂)တန်း (သို့) ပထမကြီးတန်း အောင်လက်မှတ်
- B.A ဘွဲ့လက်မှတ် သို့မဟုတ် သာသနဓဇ ဓမ္မာစရိယဘွဲ့လက်မှတ် (သို့) ညီမျှသော ဘွဲ့လက်မှတ်
- အနည်းဆုံး 55% သို့မဟုတ် GPA 2.2/4.0
Humanities/Sciences/Engineering/Management/Law စသဖြင့် မည်သည့် stream မှ မဆို လျှောက်ထားနိုင်သည်။ (အများဆုံး Program ၂ မျိုးသာ လျှောက်ထားနိုင်သည်)
လျှောက်ထားရန် လိုအပ်ချက်များ:
1. Self-Introduction/Bio-Note (250 စာလုံး မကျော်ရ)
2. Statement of Purpose (SoP):
· နာလန္ဒာတက္ကသိုလ်ကို လေ့လာချင်သည့် အကြောင်း (100 စာလုံး)
· အစီအစဉ်ကို ရွေးချယ်သည့် အကြောင်း (300–500 စာလုံး)
3. အင်္ဂလိပ် စွမ်းဆောင်ရည် အထောက်အထား (TOEFL/IELTS) – အင်္ဂလိပ်ဘာသာဖြင့် အပြည့်အဝ သင်ကြားထားသည့် ဘွဲ့ရှိသူများ မလိုအပ်ပါ
MBA in Sustainable Development and Management အတွက်:
- နိုင်ငံတကာကျောင်းသားများ – Undergraduate GPA 2.8/4.0 သို့မဟုတ် GMAT score တင်သွင်းရမည်။
📄 လိုအပ်သော စာရွက်စာတမ်းများ
- ဆိုင်ရာ အောင်လက်မှတ်များ၏ မူရင်းနှင့် အင်္ဂလိပ်ဘာသာပြန် မိတ္တူ
- အမှတ်စာရင်း မိတ္တူ
- နိုင်ငံကူးလက်မှတ် (Passport) မိတ္တူ
- မှတ်ပုံတင် (NRC) မိတ္တူ
- ရဲစခန်းထောက်ခံစာ (Police Clearance) ၏ အင်္ဂလိပ်ဘာသာပြန်
🌐 လျှောက်ထားနည်း
1. ဝဘ်ဆိုဒ်သို့သွားပါ: www.nalandauniv.edu.in
2. ‘Apply Now’ ကိုနှိပ်ပါ
3. အကောင့်ဖွင့်ပြီး လိုအပ်သော အချက်အလက်များ ဖြည့်သွင်းပါ
4. စာရွက်စာတမ်းများ တင်ပြပါ
5. လျှောက်လွှာကြေး ($8) ပေးသွင်းပါ
6. အင်တာဗျူး: ဆန်ကာတင်ရွေးချယ်ခံရပါက အွန်လိုင်းမှတစ်ဆင့် လူတွေ့ (သို့) ဗီဒီယိုခေါ်ဆိုမှုဖြင့် အင်တာဗျူး ဖြေဆိုရပါမည်
7. Post-Interview Essay: အင်တာဗျူးဖြေဆိုပြီးနောက် တက္ကသိုလ်ကချပေးသော Topicကို အခြေခံ၍ စာလုံး (၃၀၀) ခန့် Essay တစ်ပုဒ်ရေးပေးရပါသည်။
💰 ကုန်ကျစရိတ်များ (ခန့်မှန်း)
၁။ အပြည်ပြည်ဆိုင်ရာ မဟာဘွဲ့ (၂ နှစ်) (4semester ) နှင့် အမျိုးအစား ကုန်ကျငွေ (USD) မှတ်ချက်
- ပညာရေးကြေး (Tuition, Admission, Security) $2,066 ၄ ဆမ်စတာစာ
- အဆောင်ခ (AC Single Room) $1,700 (4.semester)
- အဆောင်ခ (AC Twin Sharing) $1,388 ( 4.semester)
- စားစရိတ် (Meal Charges) ~$1,000 (4. semester) (ခန့်မှန်း)
- စုစုပေါင်း (Single) ~$4,750 – $4,800
- စုစုပေါင်း (Twin Sharing) ~$4,450 – $4,500
၂။ အပြည်ပြည်ဆိုင်ရာ ပါရဂူဘွဲ့ (၄ နှစ် )
- (8. semester)
- အမျိုးအစား ကုန်ကျငွေ (USD) မှတ်ချက်
- ပညာရေးကြေး (Admission, Tuition, Thesis) $5,649 (8) semester
- အဆောင်ခ (AC Single Room) $3,840 (8.semester)
- စားစရိတ် (Meal Charges) ~$2,150 (8.semester)(ခန့်မှန်း)
- စုစုပေါင်း ~$11,600 – $11,700
မှတ်ချက်: ပညာသင်ဆု ရရှိပါက အထက်ပါ ကုန်ကျစရိတ်အများစု လျှော့ချခံစားခွင့် ရရှိနိုင်ပါသည်။
🎓 ပညာသင်ဆု (Scholarships) အခွင့်အလမ်းများ
ဤတက္ကသိုလ်၌ ပညာသင်ဆုများစွာ လျှောက်ထားနိုင်ပါသည်။ မြန်မာကျောင်းသားများလျှောက်ကြတဲ့ ပညာသင်ဆုများကတော့:
1. ASEAN Scholarship (အာဆီယံ ပညာသင်ဆု)
2. BIMSTEC Scholarship (ဘင်းမ်စတက် ပညာသင်ဆု)
3. ICCR Scholarship (အိန္ဒိယအစိုးရ ပညာသင်ဆု)
🌟 ASEAN ပညာသင်ဆု ခံစားခွင့်များ
· လေယာဉ်လက်မှတ် (အသွား/အပြန်): အများဆုံး $1,200 ထောက်ပံ့
· သင်တန်းကြေး၊ ဝင်ခွင့်ကြေး ကင်းလွတ်ခွင့်
· အဆောင်ခ: Semester တစ်ခုလျှင် $425 ထောက်ပံ့
· လစဉ်ထောက်ပံ့ကြေး: $300 (ကျောင်းရောက်သည့်နေ့မှစ)
ကျောင်းသားက ကိုယ်တိုင်ပေးသွင်းရမည့် အသေးစားကြေးများ: အာမခံကြေး၊ စားသောက်ခ၊ အထွေထွေကုန်ကျစရိတ် စသည်များ။
⭐ တက္ကသိုလ်၏ ထူးခြားချက်များ
- Net-Zero Campus: ကာဗွန်ထုတ်လွှတ်မှုမရှိသော သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် ကျောင်းဝန်း
- Global Community: နိုင်ငံပေါင်း ၃၀ ကျော်မှ ကျောင်းသားများနှင့် အတူတကွ ပညာသင်ယူနိုင်ခြင်း
- ခေတ်မီအဆောက်အအုံများ: စာကြည့်တိုက်၊ Wi-Fi၊ စမတ်စာသင်ခန်း၊ အားကစားခန်းမ၊ ဆေးခန်း၊ ဈေးဝယ်စင်တာ
- ပြည့်စုံသော အဆောင်စနစ်
- Gender Inclusivity:
📋 ဘွဲ့ရပြီး အခွင့်အလမ်းများ (Post-Graduate Opportunities)
ဘွဲ့၏ တရားဝင်မှု: Nalanda University သည် ဗဟိုတက္ကသိုလ် (Central University) အမျိုးအစားဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ အုပ်ချုပ်မှုအောက်တွင်ရှိသောကြောင့် ပေးအပ်သည့် ဘွဲ့များသည် နိုင်ငံတကာတွင် အဆင့်မီ အသိအမှတ်ပြုခံထားရသော ဘွဲ့များ ဖြစ်ပါသည်။ အနာဂတ်အခွင့်အလမ်းများ: ဤတက္ကသိုလ်မှ ဘွဲ့များ ရရှိပြီးနောက် ပြည်တွင်း/ပြည်ပ သင်ကြားရေးဆိုင်ရာ ရာထူးများ၊ နိုင်ငံတကာတက္ကသိုလ်များတွင် Ph.D. စသည့် အဆင့်မြင့် သုတေသနပညာရပ်များ၊ ဗုဒ္ဓသုတေသနဆိုင်ရာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရန် အခွင့်အလမ်း များရှိပါသည်။
📞 ဆက်သွယ်ရန် / လေ့လာရန်
· ဝဘ်ဆိုဒ်: www.nalandauniv.edu.in
· အီးမေးလ်: admission@nalandauniv.edu.in
· ဖုန်း/WhatsApp: +91-9031027489, +91-7033291552