Mahidol University, Thailand

Mahidol University သည် ထိုင်းနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပြီး၊ အရှေ့တောင်အာရှတွင် ထင်ရှားသောတက္ကသိုလ်လည်းဖြစ်ပါသည်။ 1888 ခုနှစ်တွင် Siriraj Hospital ဖြင့်အစပြုတည်ထောင်ခဲ့ကာ 1969 တွင် H.R.H. Prince Mahidol of Songkla အမည်ဖြင့် အတည်ပြုပြောင်းလဲခဲ့သည်။

ယခုအခါ Health Science, Medicine, Engineering, Social Sciences, Arts, Management, Religious Studies စသည့် အထူးပြုဘာသာရပ်များဖြင့် အဆင့်မြင့်ပညာရပ်များ ပို့ချပေးလျှက်ရှိပါသည်။ 

MU သည် နိုင်ငံတကာအဆင့်မီပညာရေးနှင့် သုတေသနလုပ်ငန်းများတွင်  ဦးဆောင်တက္ကသိုလ် တစ်ခုအဖြစ် ရပ်တည်နေပြီး Salaya Campus (Phutthamonthon, Nakhon Pathom), Bangkok နှင့် အခြားပြည်နယ် campus များလည်း ရှိပါသည်။  

College of Religious Studies (CRS), Mahidol University, Salaya

College of Religious Studies (CRS) သည် Mahidol University ၏ ကောလိပ်တစ်ခု ဖြစ်ပြီး Religious Studies ကို အထူးပြု၍ ထိုင်းနိုင်ငံသားများအတွက် Bachelors’ Degree နှင့် နိုင်ငံတကာကျောင်းသားများအတွက် International (English-medium) postgraduate သင်တန်းများအဖြစ် Masters’ နှင့် Ph.D Degree တို့ကို ပေးအပ်သင်ကြားပါသည်။

International Postgraduate Programs 

CRS ၏ MA နှင့် Ph.D သင်တန်းများမှာ ဘာသာရေးကို ယုံကြည်မှုအတွက်  သီးသန့်မဟုတ်ဘဲ ပညာရပ်အနေဖြင့် လေ့လာသင်ကြားစေသည့် သင်တန်းများဖြစ်ပါသည်။

Master of Arts in Religious Studies (MA)   (International Program)

သင်တန်း၏ ရည်ရွယ်ချက် (Objectives)

MA in Religious Studies သည်

ဘာသာရေးကို သမိုင်း၊ အတွေးအခေါ်၊ လူမှုရေး၊ ယဉ်ကျေးမှုအမြင်များဖြင့်

အကျယ်တဝင့် သုတေသနလုပ်နိုင်စေရန်

ဘာသာရေးအမျိုးမျိုးကို နှိုင်းယှဉ်လေ့လာနိုင်စေရန်

Academic Research, Policy, NGO, Education စသည့် နယ်ပယ်များတွင်

အသုံးချနိုင်သော ကျွမ်းကျင်မှုများရရှိစေရန် ရည်ရွယ်ပါသည်။

သင်ကြားမှုဘာသာ – English ဖြင့်သာ သင်ကြားပါသည်

ထိုင်းနိုင်ငံသားနှင့် နိုင်ငံတကာကျောင်းသားများ တက်ရောက်နိုင်ပါသည်

သင်ကြားသော အဓိက ဘာသာရပ်များ (Core Courses)

MA သင်တန်းတွင် အောက်ပါဘာသာရပ်အမျိုးအစားများကို သင်ကြားလေ့ရှိပါသည် —

Religious Studies ၏ အခြေခံသဘောတရားများ

History of Religions (ဘာသာရေးသမိုင်း)

Comparative Religion (ဘာသာရေးနှိုင်းယှဉ်လေ့လာမှု)

Philosophy of Religion (ဘာသာရေးအတွေးအခေါ်)

Religion and Society (ဘာသာရေးနှင့် လူမှုအဖွဲ့အစည်း)

Religious Ethics (ဘာသာရေးနှင့် ကျင့်ဝတ်)

Research Methodology (သုတေသနနည်းလမ်းများ)

Thesis / Research  ရေးသားခြင်း

*Coursework သင်တန်းပြီးဆုံးလျှင် Thesis (သုတေသနစာတမ်း) တစ်ခု ရေးသားပြုစုရပါမည်။

သင်တန်းကာလ  –  ပုံမှန်အားဖြင့် 2 နှစ်မှ 3 နှစ်ခန့်

Doctor of Philosophy (Ph.D) in Religious Studies (International Program)

သင်တန်း၏ ရည်ရွယ်ချက် (Objectives)

Ph.D in Religious Studies သည်

Religious Studies နယ်ပယ်တွင် အဆင့်မြင့် သုတေသနပညာရှင်များ မွေးထုတ်ရန်

ဘာသာရေးနှင့် ခေတ်သစ်လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပြဿနာများကို နက်နက်ရှိုင်းရှိုင်း သုတေသနပြုလုပ်နိုင်စေရန်     ရည်ရွယ်ထားသော research-oriented doctoral programme ဖြစ်ပါသည်။

သင်ကြားမှုပုံစံ

Coursework – 2 or 3 semesters (Credit System)

Dissertation (သုတေသနစာတမ်း) ပြုစုခြင်းက အဓိကဦးစားပေးဖြစ်ပါသည်။

Thesis main advisor  တစ်ဦး၊ co-advisor နှစ်ဦး (သို့မဟုတ်) သုံးဦးဖြင့် အနီးကပ် ကြီးကြပ်၍ သုတေသနပြုလုပ်ရပါသည်။ 

အများအားဖြင့် ပြုလုပ်လေ့ရှိသောသုတေသနခေါင်းစဉ်များ (ဥပမာ)

Comparative Religious Studies

Buddhism and Society

Religion and Modernity / Globalization

Religion and Ethics

Religion, Politics, and Culture

Southeast Asian Religious Traditions

* Ph.D Thesis သည် သင်တန်းသားကိုယ်တိုင် လေ့လာရှာဖွေဖော်ထုတ်သော  (original contribution) ရလဒ်အသစ်တစ်ခုကို တင်ပြပေးနိုင်ရပါမည်။

သင်တန်းကာလ –  ပုံမှန်အားဖြင့် 3 နှစ်မှ 5 နှစ်အထိ

ဝင်ခွင့်အရည်အချင်း  (Admissions)

MA အတွက် –

Bachelor’s Degree အောင်မြင်ပြီးသူ (မည်သည့်ဘာသာရပ်မဆို၊ Humanities / Social Sciences သက်ဆိုင်လျှင် ပိုအဆင်ပြေ)Transcript

Statement of Purpose (အဘယ်ကြောင့် Religious Studies လေ့လာလိုသည်)

Recommendation Letters

English Proficiency (IELTS / TOEFL သို့မဟုတ် MU စစ်ဆေးမှု)

Ph.D အတွက်

Master’s Degree အောင်မြင်ပြီးသူ (သက်ဆိုင်ရာနယ်ပယ်)

Research Proposal (သုတေသနအစီအစဉ်)

Academic Writing Ability

Recommendation Letters

English Proficiency

Academic Publication ရှိပါက အားသာချက်ဖြစ်ပါသည်။

သင်တန်းကြေး (အကြမ်းဖျင်း)

MA International Program – တစ်နှစ်လျှင် ~140,000 THB ခန့်

Ph.D Program – Coursework သင်တန်းနှင့် သုတေသနကာလပေါ်မူတည်ပြီး ကွာခြားနိုင်ပါသည်။

*နှစ်စဉ်ပြောင်းလဲနိုင်သဖြင့် Official Announcement ကို အရင်စစ်ဆေးရန် လိုအပ်ပါသည်။

ဘွဲ့ရပြီးနောက် အလုပ်အကိုင်ရရှိနိုင်သော နယ်ပယ်များ

Lecturer / Researcher

Religious & Cultural Researcher

NGO / INGO (inter-religious dialogue, peace, ethics)

Policy & Cultural Analyst

Academic Writer / Consultant

https://mahidol.ac.th

Leave a Reply

Your email address will not be published. Required fields are marked *