Nalanda University (NU)

📋အကျဉ်းချုပ်📝

တည်နေရာ:     အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ရာဇဂြိုဟ်မြို့။

ရည်ရွယ်ချက်:  ရှေးဟောင်း နာလန္ဒာတက္ကသိုလ်၏ ဂုဏ်သိက္ခာကို ခေတ်သစ်ပုံစံဖြင့် ပြန်လည်ရှင်သန်စေရန်၊ ခေတ်မီပညာရပ်များကို နိုင်ငံတကာအဆင့်မီ သင်ကြားပို့ချသည့် ထိပ်တန်းတက္ကသိုလ်တစ်ခု ဖြစ်လာရေး ရည်မှန်းထားသည်။

📜 တက္ကသိုလ် သမိုင်းကြောင်း အကျဉ်း

၂၀၀၇ ခုနှစ်တွင် အိန္ဒိယအစိုးရက ရှေးဟောင်းနာလန္ဒာတက္ကသိုလ် ပြန်လည်ထူထောင်ရေး အဆိုပြုချက်ကို အရှေ့ အာရှနိုင်ငံများ(EAS)ထံ တင်ပြခဲ့သည်။ နိုင်ငံတကာပူးပေါင်းမှု: နိုင်ငံပေါင်း (၁၈)နိုင်ငံမှ ပူးပေါင်းပါဝင်သည့် နိုင်ငံတကာစီမံကိန်းဖြစ်လာခဲ့သည်။ (၂၅.၁၁.၂၀၁၀) အိန္ဒိယလွှတ်တော်၏ အက်ဥပဒေဖြင့် တရားဝင် တည်ထောင် ခဲ့သည်။

အဆင့်အတန်း:

အိန္ဒိယနိုင်ငံ၏ ဗဟိုတက္ကသိုလ် (Central University) အမျိုးအစားဖြစ်ပြီး  နိုင်ငံခြားရေးဝန်ကြီးဌာန ( the Ministry of External Affairs)၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိပြီး “နိုင်ငံ၏ အရေးပါသော “An institution of national importance” တစ်ခုလည်းဖြစ်သည်။ ပထမဆုံး ကျောင်းသားများကို ၂၀၁၄ ခုနှစ်တွင် စတင်သင်ကြား ခဲ့ပါသည်။

🏛️ သင်ကြားပေးသော ဌာနများနှင့် ဘာသာရပ်များ

လက်ရှိတွင် ဌာန (၆) ခု ဖွင့်လှစ်ထားရှိပြီး၊ ယင်းတို့မှာ  အောက်ပါ programs များဖြစ်ပါသည်။ ရဟန်း၊ လူပုဂ္ဂိုလ်များ၊ ဘာသာမရွေး အားလုံး လျှောက်ထားနိုင်ပါသည်။

📚 ဖွင့်လှစ်ထားသော ပရိုဂရမ်များ (Programs)

၁။ မဟာဘွဲ့ (MA / MSc / MBA) သင်တန်းများ ( နှစ်)

  1. Historical Studies (သမိုင်းလေ့လာရေး)
  2. Ecology & Environment Studies (ဂေဟဗေဒနှင့် ပတ်ဝန်းကျင်လေ့လာရေး)
  3. Buddhist Studies, Philosophy & Comparative Religions (ဗုဒ္ဓဘာသာလေ့လာရေး၊ ဒဿနိကဗေဒနှင့် ဘာသာတရားနှိုင်းယှဉ်လေ့လာရေး)
  4. Hindu Studies (ဟိန္ဒူဘာသာလေ့လာရေး)
  5. Philosophy (ဒဿနိကဗေဒ)
  6. Sustainable Development & Management – MBA (တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးနှင့် စီမံခန့်ခွဲမှု)
  7. World Literature (ကမ္ဘာ့စာပေ)
  8. International Relations & Peace Studies (နိုင်ငံတကာဆက်ဆံရေးနှင့် ငြိမ်းချမ်းရေးလေ့လာရေး)
  9. Archaeology (ရှေးဟောင်းသုတေသန)
  10. Mathematics (သင်္ချာ)
  11. Economics (စီးပွားရေး)
  12. Hindi (ဟိန္ဒီ Language)

၂။ ပါရဂူဘွဲ့ (Ph.D. – နှစ်)

  1. Ph.D. in Buddhist Studies, Philosophy & Comparative Religions
  2. Ph.D. in Hindu Studies
  3. Ph.D. in World Literature
  4. Ph.D. in Ecology & Environment Studies
  5. Ph.D. in Sustainable Development & Management
  6. Ph.D. in Historical Studies
  7. Ph.D. in Archaeology
  8. Ph.D. in International Relations & Peace Studies

၃။ ကာလတိုသင်တန်းများ (Short Term Courses)

  1. ဘာသာစကား၊ ယောဂ၊ ဒဿနိကဗေဒ စသည့် အရည်အချင်းလက်မှတ် (Certificate of Proficiency)
  2. ဒီပလိုမာသင်တန်းများ (အွန်လိုင်း/အော့ဖ်လိုင်း)
  3. ကပ္ပဆူးသင်တန်းများ (Capsule Courses) (နွေဦး ၂၀၂၆)

🧘 ဗုဒ္ဓဘာသာလေ့လာရေး (Buddhist Studies) အစီအစဉ် အသေးစိတ်

မြန်မာရဟန်းတော်အများစုတက်ရောက်နေသော Buddhist Studies (M.A.) program ၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Semester 1 (ပထမသင်တန်းကာလ):

  1. ဘာသာရပ် (၅) ခု: Core courses (၄) ခု + Elective course (၁)ခု
  2. Elective language options: Pāli, Sanskrit, Tibetan (ဤဘာသာစကား (Language)ရွေးချယ်မှုသည် ပြီးဆုံးသည့်အထိ ပြောင်းလဲ၍မရပါ)

Semester 2 (ဒုတိယသင်တန်းကာလ):

  1. ဘာသာရပ် (၅) ခု: Core courses (၃)ခု + Elective courses (၂)ခု
  2. အပိုသင်ယူနိုင်သည့်အခွင့်အလမ်းများ: Extra credit course, Audit class

Semester 3 (တတိယသင်တန်းကာလ):

  1. ဘာသာရပ် (၅) ခု: Core courses (၂)ခု + Elective courses (၃)ခု

Semester 4 (စတုတ္ထသင်တန်းကာလ):

  • Main Course (၁) ခု + Elective course (၁) ခု တက်ရောက်ခြင်းနဲ့အတူ Dissertation သုတေသန စာတမ်း တစ်စောင် ရေးသားရပါမည်။

🕐 ပညာသင်နှစ် အချိန်ဇယား (မဟာဘွဲ့)

  • Fall Semester (ဆောင်းဦးသင်တန်း): ဩဂုတ်လ (ပထမပတ်) မှ ဒီဇင်ဘာလ (တတိယပတ်) အထိ
  • Spring Semester (နွေဦးသင်တန်း): ဇန်နဝါရီလ (ပထမပတ်) မှ မေလ (တတိယပတ်) အထိ
  • စာသင်ကာလတစ်ခု: အနည်းဆုံး ရက်သတ္တပတ် ၁၆ ပတ် (စာသင်ခန်းတွင်း သင်ကြားမှု၊ Presentation၊ Assignment နှင့် စာမေးပွဲများ ပါဝင်)

📝 ဝင်ခွင့်လျှောက်ထားခြင်း & လျှောက်ထားရမည့်ကာလ

  1. ပုံမှန်လျှောက်လွှာ: ဇန်နဝါရီလ (၁၅) ရက်မှ ဇွန်လ (၁၅) ရက်အတွင်း
  2. ICCR ပညာသင်ဆုအတွက်: ဖေဖော်ဝါရီလမှ ဇွန်လ/ဇူလိုင်လအတွင်း (နှစ်စဉ် ပြောင်းလဲနိုင်သည်)

လိုအပ်သော အရည်အချင်းများ (Eligibility)

PhD အဆင့် ဝင်ခွင့် အရည်အချင်း:

  1. Master’s ဘွဲ့ (အနည်းဆုံး 65% အဆင့် သို့မဟုတ် GPA တူညီမှု) – Dissertation ပါဝင်ခြင်း ဦးစားပေး သို့မဟုတ် M.Phil. ဘွဲ့ (65% သို့မဟုတ် GPA တူညီမှု)
  2. Self-Introduction Letter တစ်စောင်
  3. Recommendation/Reference Letter နှစ်စောင်
  4. Statement of Purpose (SoP)
  5. အသေးစိတ် Research Proposal (Turnitin မှ Plagiarism Report 10% ထက် မကျော်ရ)
  6. ရှိပြီးသား သုတေသနအထောက်အထား (စာပေ၊ ပုံနှိပ်ထုတ်ဝေထားသည့် စာတမ်း ၂-၃ စောင်)
  7. အင်္ဂလိပ်စွမ်းဆောင်ရည်အထောက်အထား (TOEFL, IELTS စသည်)

Master’s အဆင့် ဝင်ခွင့် အရည်အချင်း

  1. အနည်းဆုံး ၃ နှစ်ကြာ Bachelor’s ဘွဲ့ (10+2+3)

သာသနဓဇဓမ္မာစရိယဘွဲ့ရပုဂ္ဂိုလ်များအတွက်:

  1. (၁၀)တန်း (သို့) ပထမလတ်တန်း အောင်လက်မှတ်
  2. (၁၂)တန်း (သို့) ပထမကြီးတန်း အောင်လက်မှတ်
  3. B.A ဘွဲ့လက်မှတ် သို့မဟုတ် သာသနဓဇ ဓမ္မာစရိယဘွဲ့လက်မှတ် (သို့) ညီမျှသော ဘွဲ့လက်မှတ်
  4. အနည်းဆုံး 55% သို့မဟုတ် GPA 2.2/4.0

Humanities/Sciences/Engineering/Management/Law စသဖြင့် မည်သည့် stream မှ မဆို လျှောက်ထားနိုင်သည်။ (အများဆုံး Program မျိုးသာ လျှောက်ထားနိုင်သည်)

လျှောက်ထားရန် လိုအပ်ချက်များ:

1. Self-Introduction/Bio-Note (250 စာလုံး မကျော်ရ)

2. Statement of Purpose (SoP):

   · နာလန္ဒာတက္ကသိုလ်ကို လေ့လာချင်သည့် အကြောင်း (100 စာလုံး)

   · အစီအစဉ်ကို ရွေးချယ်သည့် အကြောင်း (300–500 စာလုံး)

3. အင်္ဂလိပ် စွမ်းဆောင်ရည် အထောက်အထား (TOEFL/IELTS) – အင်္ဂလိပ်ဘာသာဖြင့် အပြည့်အဝ သင်ကြားထားသည့် ဘွဲ့ရှိသူများ မလိုအပ်ပါ

MBA in Sustainable Development and Management အတွက်:

  1. နိုင်ငံတကာကျောင်းသားများ – Undergraduate GPA 2.8/4.0 သို့မဟုတ် GMAT score တင်သွင်းရမည်။

📄 လိုအပ်သော စာရွက်စာတမ်းများ

  • ဆိုင်ရာ အောင်လက်မှတ်များ၏ မူရင်းနှင့် အင်္ဂလိပ်ဘာသာပြန် မိတ္တူ
  • အမှတ်စာရင်း မိတ္တူ
  • နိုင်ငံကူးလက်မှတ် (Passport) မိတ္တူ
  • မှတ်ပုံတင် (NRC) မိတ္တူ
  • ရဲစခန်းထောက်ခံစာ (Police Clearance) ၏ အင်္ဂလိပ်ဘာသာပြန်

🌐 လျှောက်ထားနည်း

1. ဝဘ်ဆိုဒ်သို့သွားပါ: www.nalandauniv.edu.in

2. ‘Apply Now’ ကိုနှိပ်ပါ

3. အကောင့်ဖွင့်ပြီး လိုအပ်သော အချက်အလက်များ ဖြည့်သွင်းပါ

4. စာရွက်စာတမ်းများ တင်ပြပါ

5. လျှောက်လွှာကြေး ($8) ပေးသွင်းပါ

6. အင်တာဗျူး: ဆန်ကာတင်ရွေးချယ်ခံရပါက အွန်လိုင်းမှတစ်ဆင့် လူတွေ့ (သို့) ဗီဒီယိုခေါ်ဆိုမှုဖြင့် အင်တာဗျူး ဖြေဆိုရပါမည်

7. Post-Interview Essay: အင်တာဗျူးဖြေဆိုပြီးနောက် တက္ကသိုလ်ကချပေးသော Topicကို အခြေခံ၍ စာလုံး (၃၀၀) ခန့် Essay တစ်ပုဒ်ရေးပေးရပါသည်။

💰 ကုန်ကျစရိတ်များ (ခန့်မှန်း)

၁။ အပြည်ပြည်ဆိုင်ရာ မဟာဘွဲ့ ( နှစ်) (4semester ) နှင့် အမျိုးအစား ကုန်ကျငွေ (USD) မှတ်ချက်

  • ပညာရေးကြေး (Tuition, Admission, Security) $2,066 ၄ ဆမ်စတာစာ
  • အဆောင်ခ (AC Single Room) $1,700 (4.semester)
  • အဆောင်ခ (AC Twin Sharing) $1,388 ( 4.semester)
  • စားစရိတ် (Meal Charges) ~$1,000 (4. semester) (ခန့်မှန်း)
  • စုစုပေါင်း (Single) ~$4,750 – $4,800
  • စုစုပေါင်း (Twin Sharing) ~$4,450 – $4,500

၂။ အပြည်ပြည်ဆိုင်ရာ ပါရဂူဘွဲ့ ( နှစ် )

  • (8. semester)
  • အမျိုးအစား ကုန်ကျငွေ (USD) မှတ်ချက်
  • ပညာရေးကြေး (Admission, Tuition, Thesis) $5,649 (8) semester
  • အဆောင်ခ (AC Single Room) $3,840 (8.semester)
  • စားစရိတ် (Meal Charges) ~$2,150 (8.semester)(ခန့်မှန်း)
  • စုစုပေါင်း ~$11,600 – $11,700

မှတ်ချက်: ပညာသင်ဆု ရရှိပါက အထက်ပါ ကုန်ကျစရိတ်အများစု လျှော့ချခံစားခွင့် ရရှိနိုင်ပါသည်။

🎓 ပညာသင်ဆု (Scholarships) အခွင့်အလမ်းများ

ဤတက္ကသိုလ်၌ ပညာသင်ဆုများစွာ လျှောက်ထားနိုင်ပါသည်။ မြန်မာကျောင်းသားများလျှောက်ကြတဲ့ ပညာသင်ဆုများကတော့:

1. ASEAN Scholarship (အာဆီယံ ပညာသင်ဆု)

2. BIMSTEC Scholarship (ဘင်းမ်စတက် ပညာသင်ဆု)

3. ICCR Scholarship (အိန္ဒိယအစိုးရ ပညာသင်ဆု)

🌟 ASEAN ပညာသင်ဆု ခံစားခွင့်များ

· လေယာဉ်လက်မှတ် (အသွား/အပြန်): အများဆုံး $1,200 ထောက်ပံ့

· သင်တန်းကြေး၊ ဝင်ခွင့်ကြေး ကင်းလွတ်ခွင့်

· အဆောင်ခ: Semester တစ်ခုလျှင် $425 ထောက်ပံ့

· လစဉ်ထောက်ပံ့ကြေး: $300 (ကျောင်းရောက်သည့်နေ့မှစ)

ကျောင်းသားက ကိုယ်တိုင်ပေးသွင်းရမည့် အသေးစားကြေးများ: အာမခံကြေး၊ စားသောက်ခ၊ အထွေထွေကုန်ကျစရိတ် စသည်များ။

တက္ကသိုလ်၏ ထူးခြားချက်များ

  1. Net-Zero Campus: ကာဗွန်ထုတ်လွှတ်မှုမရှိသော သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် ကျောင်းဝန်း
  2. Global Community: နိုင်ငံပေါင်း ၃၀ ကျော်မှ ကျောင်းသားများနှင့် အတူတကွ ပညာသင်ယူနိုင်ခြင်း
  3. ခေတ်မီအဆောက်အအုံများ: စာကြည့်တိုက်၊ Wi-Fi၊ စမတ်စာသင်ခန်း၊ အားကစားခန်းမ၊ ဆေးခန်း၊ ဈေးဝယ်စင်တာ
  4. ပြည့်စုံသော အဆောင်စနစ်
  5. Gender Inclusivity:

📋 ဘွဲ့ရပြီး အခွင့်အလမ်းများ (Post-Graduate Opportunities)

ဘွဲ့၏ တရားဝင်မှု: Nalanda University သည် ဗဟိုတက္ကသိုလ် (Central University) အမျိုးအစားဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ အုပ်ချုပ်မှုအောက်တွင်ရှိသောကြောင့် ပေးအပ်သည့် ဘွဲ့များသည် နိုင်ငံတကာတွင် အဆင့်မီ အသိအမှတ်ပြုခံထားရသော ဘွဲ့များ ဖြစ်ပါသည်။ အနာဂတ်အခွင့်အလမ်းများ: ဤတက္ကသိုလ်မှ ဘွဲ့များ ရရှိပြီးနောက် ပြည်တွင်း/ပြည်ပ သင်ကြားရေးဆိုင်ရာ ရာထူးများ၊ နိုင်ငံတကာတက္ကသိုလ်များတွင် Ph.D. စသည့် အဆင့်မြင့် သုတေသနပညာရပ်များ၊ ဗုဒ္ဓသုတေသနဆိုင်ရာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရန် အခွင့်အလမ်း များရှိပါသည်။

📞 ဆက်သွယ်ရန် / လေ့လာရန်

· ဝဘ်ဆိုဒ်: www.nalandauniv.edu.in

· အီးမေးလ်: admission@nalandauniv.edu.in

· ဖုန်း/WhatsApp: +91-9031027489, +91-7033291552

Leave a Reply

Your email address will not be published. Required fields are marked *