IBSC သည် ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ မဟာချူလာလောင်ကွန်းတက္ကသိုလ်၏ နိုင်ငံတကာဗုဒ္ဓဘာသာလေ့လာရေးကောလိပ် ဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ဗုဒ္ဓဓမ္မနှင့် ခေတ်သစ်ပညာရေး ပေါင်းစပ်သင်ကြားပေးရန် ရည်ရွယ်ပြီး အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားသော နိုင်ငံတကာအဆင့်မီ ဌာနတစ်ခု ဖြစ်ပါသည်။
၁။ သမိုင်းနောက်ခံနှင့် တည်ထောင်သည့်နှစ်
မဟာချူလာလောင်ကွန်းတက္ကသိုလ်ကို ၁၈၈၇ ခုနှစ်တွင် ပဉ္စမမြောက် ထိုင်းဘုရင် ချူလာလောင်ကွန်း (Rama V) က စတင်တည်ထောင်ခဲ့သော်လည်း၊ နိုင်ငံတကာကျောင်းသားများအတွက် သီးသန့်ဖြစ်သော IBSC ဌာနကို ၂၀၁၄ ခုနှစ် ဝန်းကျင်တွင် ပိုမိုစနစ်တကျ တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ဤဌာနသည် ထိုင်းနိုင်ငံကို ကမ္ဘာ့ဗုဒ္ဓဘာသာပညာရေးဗဟိုချက်ဖြစ်လာစေရန် ရည်ရွယ်သည့် ပရောဂျက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီ ဗုဒ္ဓတက္ကသိုလ်များ၏ အဆင့်သတ်မှတ်ချက် ၂၀၂၃ ခုနှစ်တွင် အဆင့် ၂ အထိ ရောက်စေခဲ့ပါသည်။ ယနေ့ ၂၀၂၅ မှာတော့ အဆင့် ၆ နေရာတွင် တည်ရှိလျက်ရှိပါသည်။
၂။ တက်ရောက်နိုင်သော ဘွဲ့ဒီဂရီများနှင့် ပညာရေးဌာနများ
IBSC တွင် အဓိကအားဖြင့် အောက်ပါ အတန်းများကို တက်ရောက်နိုင်ပါသည်။ ပရိုဂရမ်အားလုံး ၈ ခုရှိပါသည်။
- B.A. (Buddhist Studies): ဗုဒ္ဓဘာသာအခြေခံနှင့် ဒဿနိကဗေဒ ဘွဲ့သင်တန်း။
- M.A. (Buddhist Studies): ဗုဒ္ဓဘာသာဆိုင်ရာ မဟာဘွဲ့သင်တန်း။
- M.A. (Mindfulness innovative and Peace Studies): သတိပဋ္ဌာန်နှင့် ငြိမ်းချမ်းရေး တရားဘာဝနာဆိုင်ရာ အထူးပြု မဟာဘွဲ့သင်တန်း။
- M.A. (Religion and Philosophy) ဘာသာရေးနှင့် ဒဿန
- M.A (Chinese Program) တရုပ်ဘာသာနှင့် ဗုဒ္ဓဘာသာအခြေခံနှင့် ဒဿနိကဗေဒ ဘွဲ့သင်တန်း။
- Ph.D. (Buddhist Studies): ဗုဒ္ဓဘာသာဆိုင်ရာ ပါရဂူဘွဲ့သင်တန်း။
- Ph.D. (Mindfulness Innovative and Peace Studies) သတိပဋ္ဌာန်နှင့် ငြိမ်းချမ်းရေး တရားဘာဝနာဆိုင်ရာ အထူးပြု ပါရဂူ ဘွဲ့သင်တန်း။
- Ceritificate Program (Mindfulness Master)
၃။ ကျောင်းတက်ရမည့် နှစ်ကာလနှင့် ပုံစံ
| ဘွဲ့အမျိုးအစား | သင်တန်းကာလ | အတန်းချိန် ပုံစံ |
| B.A. (ဘွဲ့သင်တန်း) | ၄ နှစ် | တနင်္လာ – ဗုဒ္ဓဟူး (၃ ရက်) |
| M.A. (မဟာဘွဲ့) | ၂ နှစ် | တနင်္လာ- အင်္ဂါ (၂ ရက်) |
| Ph.D. (ပါရဂူဘွဲ့) | ၃ နှစ် မှ ၅ နှစ်အထိ | သောကြာ- စနေ (၂ ရက်) |
| Ceritficates | ၆ လ | စနေ-တနင်္ဂနွေ (၂ ရက်) |
•စာသင်နှစ်: တစ်နှစ်လျှင် Semester ၂ ခု ခွဲထားပါသည်။ (Semester 1: ဇွန်လ – စက်တင်ဘာ၊ Semester 2: နိုဝင်ဘာ – ဖေဖော်ဝါရီ) ။
၄။ ကျောင်းကြေးနှင့် အခြားကုန်ကျစရိတ်များ
ခန့်မှန်းခြေ ကုန်ကျစရိတ်များဖြစ်ပြီး နှစ်အလိုက် အပြောင်းအလဲ ရှိနိုင်ပါသည်။
- B.A. သင်တန်း: တစ်နှစ်လျှင် ခန့်မှန်းခြေ ၁၄၀၀၀–၂၀၀၀၀ ဘတ် ဝန်းကျင်။
- M.A. သင်တန်း: သင်တန်းတစ်ခုလုံးစာအတွက် ခန့်မှန်းခြေ ၁၀၀၀၀၀–၁၅၀၀၀၀ ဘတ် ဝန်းကျင်။
- Ph.D. သင်တန်း: သင်တန်းတစ်ခုလုံးစာအတွက် ခန့်မှန်းခြေ ၃၀၀,၀၀၀ – ၃၅၀,၀၀၀ ဘတ် ဝန်းကျင်။
- အခြားကုန်ကျစရိတ်:
- ဗီဇာသက်တမ်းတိုးကြေး (တစ်နှစ်လျှင် ၁,၉၀၀ ဘတ်)။
- နေထိုင်စရိတ် (ကျောင်းအဆောင် သို့မဟုတ် အပြင်ဆောင်ပေါ်မူတည်၍ ၃,၀၀၀ မှ ၆,၀၀၀ ဘတ်/လ)။
- စားစရိတ်နှင့် စာအုပ်စာတမ်းစရိတ်။
မှတ်ချက်: IBSC တွင် အရည်အချင်းပြည့်မီသော ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များအတွက် Scholarship (ပညာသင်ဆု) လျှောက်ထားနိုင်ခွင့်များ မကြာခဏ ရှိတတ်ပါသည်။ သို့သော်လည် ဌာန ဒါရိုက်တာ (သို့) တက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားမှသာ အခွင့်အရေး ရရှိနိုင်ပါသည်။
၅။ IBSC ၏ ထူးခြားချက်များ
- Multicultural Environment: နိုင်ငံပေါင်းစုံမှ ကျောင်းသားများနှင့် ထိတွေ့ခွင့်ရခြင်း။
- English Environment: သင်ကြားမှုအားလုံး အင်္ဂလိပ်ဘာသာဖြင့် ဖြစ်သောကြောင့် ဘာသာစကားအရည်အချင်း တိုးတက်စေခြင်း။
- Modern Facilities: ခေတ်မီစာကြည့်တိုက်၊ Wi-Fi နှင့် သက်တောင့်သက်သာရှိသော စာသင်ခန်းများ။
ဗုဒ္ဓဘာသာကို ပညာရပ်ဆိုင်ရာ (Academic) ရှုထောင့်မှ ထဲထဲဝင်ဝင် လေ့လာချင်သူဖြစ်စေ၊ နိုင်ငံတကာ ပတ်ဝန်းကျင်တစ်ခုမှာ ပညာရှာချင်သူဖြစ်စေ IBSC သည် ရွေးချယ်သင့်သော နေရာတစ်ခု ဖြစ်ပါသည်။
အခြားသော အသေးစိပ် သတင်းအချက်အလက် သိရှိလိုပါက အောက်ပါ ဝက်ဆိုဒ်များတွင် ဝင်ရောက်လေ့လာ ကြည့်ရှု့နိုင်ပါသည်။
www.ibsc.mcu.ac.th , www.mcu.ac.th
နှစ်ရာစုနီးပါး သက်တမ်းရှိပြီဖြစ်သော ဤတက္ကသိုလ်ကြီးတွင် ပညာရှာမှီးလိုသည့် မြန်မာကျောင်းသား ရဟန်းတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများနှင့် လူငယ်များအတွက် အရေးကြီးဆုံး သိထားရမည့်အချက်မှာ TQF (Thai Qualifications Framework for Higher Education) ပင် ဖြစ်ပါသည်။
ထူးခြားချက်များ –
- သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှု – အရည်အသွေးအာမခံမှု (QA) အတွက် သင်ရိုးညွှန်းတမ်းတစ်ခုကို (၅) နှစ်လျှင် တစ်ကြိမ် ပုံမှန်ပြန်လည်ဆန်းစစ်လေ့ရှိပြီး နောက်ဆုံးအကြိမ် (Major Revision) ကို ၂၀၂၂ ခုနှစ် (B.E. 2565) တွင် ပြုလုပ်ခဲ့ပါသည်။
- ခေတ်မီပညာရေးစနစ်– ယခုသင်ရိုးတွင် Digital Transformation နှင့် Modern Research Methodology ပိုင်းကို အထူးအားဖြည့်ထားပြီး ပညာရေးမူဝါဒ 4.0 ကို အခြေခံထားပါသည်။
သင်ယူသူများအတွက် မေးခွန်းထုတ်စရာများ –
- ယခုသင်ရိုးသစ်မှာ မိမိတို့အတွက် ဘယ်လိုထိရောက်အောင် သင်ယူကြမလဲ
- ၂၀၂၇ ခုနှစ်တွင် ထပ်မံပြောင်းလဲမည့် သင်ရိုးအသစ်အတွက်ရော ဘာတွေ ပြင်ဆင်ထားရမလဲ