Assumption University

၁။ အေဘက်တက္ကသိုလ်၏ နောက်ခံသမိုင်းကြောင်းနှင့် ဂုဏ်သတင်း (Background and Reputation)

ထိုင်းနိုင်ငံရှိ Assumption (ABAC/အေဘက်) တက္ကသိုလ်သည် ထိုင်းနိုင်ငံအတွင်အစောဆုံး တည်ထောင်ခဲ့သော နိုင်ငံတကာပုဂ္ဂလိကတက္ကသိုလ် (International Private University) တစ်ခုဖြစ်သည်။ အေဘက်တက္ကသိုလ်ကို ၁၉၆၉ ခုနှစ်တွင် အာရှတစ်လွှားတွင် ပညာရေးလုပ်ငန်းများ၌ သမိုင်းအစဥ်အလာကြီးသည့် ကက်သလစ်သာသနာပြုအဖွဲ့ တခုဖြစ်သော Brothers of St. Gabriel မှတည်ထောင်ခဲ့သည့် Assumption Business School (ABS) မှအခြေတည်စတင်ခဲ့ခြင်းဖြစ်သည်။ ထိုမှတဆင့် ၁၉၇၄ ခုနှစ်တွင် Assumption Business Administration College (ABAC) အဖြစ် အဆင့်မြင့်တင်နိုင်ခဲ့သည်။ ကောလိပ်အဆင့်မှ တက္ကသိုလ် အဆင့်သို့ ၁၉၉၀ ခုတွင်တက်လှမ်း နိုင်ခဲ့ပြီး Assumption University (AU) ဟု ယခုလက်ရှိ အမည်ကို ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။ ထူးခြားချက်မှာ စတင်တည်ထောင်ချိန်မှစ၍ သင်ကြားရေးတွင် အင်္ဂလိပ်ဘာသာစကား တခုထဲကိုသာ အဓိကအသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းပင်ဖြစ်ပါသည်။ ဤအချက်သည် ထိုခေတ်က အခြားသော ထိုင်းနိုင်ငံရှိတက္ကသိုလ်အများစုနှင့် သိသိသာသာ ကွဲပြားခြားနားစေခဲ့သော အချက်လည်း ဖြစ်ခဲ့ပါသည်။

ကက်သလစ်ပညာရေး အဝန်းအဝိုင်းက တည်ထောင်ခဲ့သည် ဖြစ်၍ ခရစ်ယာန်တက္ကသိုလ်ဖြစ်သည်ဟု ထင်မှတ်ရသော်လည်း မည်သည့်ဘာသာတရားကိုမှ အဓိကထား၍ သင်ကြားသည်မဟုတ်ပါ။ Professional Subjects ဟုခေါ်ရသည့် အလုပ်အကိုင် အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်များကို အထူးပြုသင်ကြားသည့် တက္ကသိုလ်ဖြစ်သည်။ ထို့ကြောင့် မည်သည့်ဘာသာဝင်မဆို တက်ရောက်နိုင်ပါသည်။ မတူကွဲပြားသည့် ဘာသာရေး နောက်ခံရှိကြသော မည်သူ့ကိုမဆို ကြိုဆိုလက်ခံ လျှက်ရှိပါသည်။ တက္ကသိုလ်၏ဆောင်ပုဒ် (Virtue/Moto) မှာ “Labor Omnia Vincit,” work conquers all ဖြစ်ပါသည်။ ကိုယ်ကျင့်တရား၊ ခေါင်းဆောင်မှု၊ စည်းကမ်းနှင့် တာဝန်ယူတတ်မှုတို့ကို ပညာရေးနှင့် ကျောင်းသားဘဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ် အလေးထားသင်ကြားရမည် ဖြစ်ကြောင်းလည်း တက္ကသိုလ်၏ “Holistic Approach to Education” အဖြစ်သတ်မှတ်ထားပါသည်။

ထို့ကြောင့် ဆယ်စုနှစ် ငါးခုကျော်အတွင်း Assumption တက္ကသိုလ်သည် ခိုင်မာသော ပညာရေးအဖွဲ့အစည်းဆိုင်ရာ ပုံရိပ်ကို ကောင်းမွန်စွာ တည်ဆောက်နိုင်ခဲ့ပါသည်။ အခြားသောဝိသေသ တခုမှာ ထိုင်းနိုင်ငံအတွင်း၌ Assumption တက္ကသိုလ်ကို အင်္ဂလိပ်စာကျွမ်းကျင်မှု၊ နိုင်ငံတကာအတွေ့အကြုံနှင့် ပညာရပ်ဆိုင်ရာ စနစ်ကျသောလေ့ကျင့်မှုများကြောင့် အာရှတိုက်နှင့် နိုင်ငံတကာတွင် လူသိများသည့် တက္ကသိုလ်ဟု သိမှတ်ထားကြပါသည်။

၂။ ကျောင်းဝင်းများနှင့် ပတ်ဝန်းကျင် (Campuses and Environment)

Assumption တက္ကသိုလ်သည် ဘန်ကောက်မြို့တွင် အဓိက ကျောင်းဝင်းကြီး (၂) ခုကို ဖွင့်လှစ်ထားပါသည်။ တစ်ခုစီတွင် မတူညီသော ပညာရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်လျှက်ရှိပါသည်။

Hua Mak Campus (ဟွာမတ်ကျောင်းဝင်း)

ထိုကျောင်းဝင်းကြီးနှစ်ခုတို့မှ ပထမတစ်ခုသည် ဟွာမတ်ကျောင်းဝင်းဖြစ်ပါသည်။ ဟွာမတ်ကျောင်းဝင်းသည် ပျိုမြစ်နုနယ်မှုမရှိလှသော်လည်း အတန်အသင့်အဆင့်ရှိသော မသစ်လွန်းမညစ်လွန်းသော အဆောက်အအုံများ၊ အပန်းဖြေစရာရေကန်၊ သစ်ရိပ်ဝါးရိပ်များရှိ၍ သာယာသည့် ကျောင်းဝင်းတစ်ခုဖြစ်ပါသည်။ ကျောင်းဝင်းသည် ဘန်ကောက်မြို့လယ်နှင့် ပိုမိုနီးကပ်သည့် နေရာတွင်တည်ရှိပါသည်။ Campus ၏ ပတ်ဝန်းကျင်မှာ လူသူမထူထပ်လွန်းပဲ၊ သွားလာရန်လွယ်ကူသော နေရာများတွင်ပါဝင်သည်။ ဤ Campus တွင်  MA & Ph.D ပရိုဂရမ်များကို အထူးပြု ဖွင့်လှစ်သင်ကြား လျှက်ရှိပါသည်။

Suvarnabhumi Banna Campus (သုဝဏ္ဏဘူမိ ဘန်းနား ကျောင်းဝင်း)

သုဝဏ္ဏဘူမိ ဘန်းနား ကျောင်းဝင်းသည် အသစ်ဖွင့်လှစ်ထားသေား (Main) အဓိကကျောင်းဝင်းဖြစ်ပြီး အထူးသပ်ရပ်လှပ ခေတ်မှီလှသည့်နေရာဖြစ်ပါသည်။ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မနီးမဝေးသောနေရာတွင် တည်ရှိပါသည်။ အေးချမ်းသည့် သဘာဝပတ်ဝန်းကျင်ဖြင့် ဝန်းရံထားသည်။ ကြီးမားသောစာသင်ခန်းမများ၊ အဆင့်မြင့်စာကြည့်တိုက်များ၊ ဓာတ်ခွဲခန်းများ၊ အားကစားကွင်းများ၊ ကျောင်းသားအဆောင်များနှင့် ကျယ်ပြန့်သော စိမ်းလန်းသည့် နေရာလပ်များ ပါဝင်သည်။ ကျောင်းသားအများအပြားသည် သုဝဏ္ဏဘူမိဘန်းနားကျောင်းဝင်းကို ပိုမိုနှစ်သက်ကြသည်။

၃။ ပညာရေးပရိုဂရမ်များနှင့် တက်ရောက်နိုင်သော အတန်းများ (Academic Programs and Degree Levels)

Assumption တက္ကသိုလ်တွင် ဘွဲ့ကြို (BA)၊ မဟာဘွဲ့ (MA) နှင့် ဒေါက်တာဘွဲ့ (Ph.D.) အတန်းများကို သင်ယူလေ့လာနိုင်ပါသည်။ အထူးသဖြင့် စီးပွားရေး (Business)၊ စီမံခန့်ခွဲမှု (Management)၊ ဆက်သွယ်ရေး (Communication)၊ ပညာရေး (Education)၊ အင်ဂျင်နီယာ (Engineering)၊ စိတ်ပညာ (Counseling Psychology)၊ နည်းပညာ (Information Technology) တို့မှာ လူသိများထင်ရှားပါသည်။ တက်ရောက်သူများပြား သည့် ဘာသာရပ်များလည်း ဖြစ်ကြပါသည်။

ဘွဲ့ကြိုအဆင့် (Bachelor’s Degree Programs)

ဘွဲ့ကြိုပရိုဂရမ်များကို အခြေခံပညာရပ်ဆိုင်ရာ အသိပညာ ဗဟုသုတများနှင့်အတူ လက်တွေ့ အသုံးချ ကျွမ်းကျင်မှုစကေးများကို သင်ကြားပေးရန် ရေးဆွဲထားသည်ကို လေ့လာတွေ့ရှိနိုင်သည်။

တက်ရောက်နိုင်သော အတန်းများ-

စီးပွားရေးစီမံခန့်ခွဲမှု (Business Administration)

စီမံခန့်ခွဲမှု (Management)

စျေးကွက်ရှာဖွေရေး (Marketing)

ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း (Finance and Banking)

စီးပွားရေးပညာ (Economics)

ဆက်သွယ်ရေးအနုပညာ (Communication Arts)

ကွန်ပျူတာသိပ္ပံ (Computer Science)

သတင်းအချက်အလက်နည်းပညာ (Information Technology)

အင်ဂျင်နီယာ (Engineering)

ဗိသုကာ (Architecture)

ဇီဝနည်းပညာ (Biotechnology) တို့ ပါဝင်ကြသည်။

ပုံမှန်အားဖြင့် ဘွဲ့ကြိုကျောင်းသားများသည် သတ်မှတ်ထားသော အဓိကဘာသာရပ်များ၊ အထူးပြုဘာသာရပ်များနှင့် အထွေထွေဗဟုသုတဘာသာရပ်များ ပါဝင်သည့် စနစ်ကျသော သင်ရိုးညွှန်းတမ်းကို ပေါက်မြောက်အောင် ၄ နှစ်တာ တက်ရောက် သင်ယူကြရပါသည်။ ဤပရိုဂရမ်များသည် ကျောင်းသားများအား သက်ဆိုင်နယ်ပယ်အလိုက် အလုပ်အကိုင်ရရှိရန် (သို့မဟုတ်) ဘွဲ့လွန်ပညာ ဆက်လက်သင်ယူရန် အထူးအထောက်ပြုကြပါသည်။

မဟာဘွဲ့အဆင့် (Master’s Degree Programs)

တက္ကသိုလ်ရှိ မဟာဘွဲ့ ပရိုဂရမ်များသည် BA ဘွဲ့တခုခုရပီးထားသူများနှင့် လုပ်ငန်းခွင်ဝင်နေသူများအတွက် ရည်ရွယ်ပါသည်။ ဤပရိုဂရမ်များကို သီအိုရီ၊ လက်တွေ့အသုံးချမှုနှင့် သုတေသနဆိုင်ရာ နားလည်တတ်ကျွမ်းမှုတို့ကို ဟန်ချက်ညီစေရန် အထူးအလေးထား ရေးဆွဲထားသည်ကိုလည်း တွေ့ရပါသည်။

မဟာတန်းအတွက် အထူးထင်ရှားသော ပရိုဂရမ်များ

MBA နှင့် အခြားစီမံခန့်ခွဲမှုဆိုင်ရာ ဘွဲ့များ

စီးပွားရေးပညာ (Business)

ပညာရေး (Education)

နှစ်သိမ့်ဆွေးနွေးမှုစိတ်ပညာ (Counseling Psychology)

ဆက်သွယ်ရေး (Communication)

သတင်းအချက်အလက်နည်းပညာ (Information Technology)

မဟာဘွဲ့ပရိုဂရမ်အများစုတွင် သင်ခန်းစာများအပြင် သုတေသနစာတမ်း (Thesis)၊ သုတေသနပရောဂျက် (Research project/Independent Studies (IS) ဟုလည်းခေါ်) Practicum လက်တွေ့ လုပ်ငန်းခွင်အတွေ့အကြုံများကို လေ့လာသင်ယူရခြင်းများ ပါဝင်သည်။

ဒေါက်တာဘွဲ့အဆင့် (Doctoral Programs – PhD / EdD)

Assumption တက္ကသိုလ်ရှိ ဒေါက်တာဘွဲ့ပညာရေးသည် Taught+Research+Practicum Doctorate ဖြစ်သည်။ သုတေသနနယ်ပယ်သို့ ဝင်ရောက်ခွင့်ရရန် အနည်းဆုံး Courseworks 7/9 ခုမှ  14/15 ခုခန့်အထိယူကြရသည်။ ထို့နောက် Qualifying Exam ဖြေဆိုကြရသည်။ အထက်ပါလိုအပ်ချက်တို့ကို ဖြည့်ဆည်းအောင်မြင်ပြီးသော ဒေါက်တာတန်းကျောင်းသားများသည် တဖက်တွင် လက်တွေ့အလုပ်သင်ကာလ (Practicum Hours) များကိုစုဆောင်းကြရပါသည်။ အခြားတဖက်တွင်လည်း သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြရပါသည်။ ဘွဲ့ရယူရန် ကျောင်းသားများကျော်ဖြတ်ရသည့် နောက်ဆုံးအဆင့်မှာ နိုင်ငံတကာအသိမှတ်ပြု သုတေသနဂျာနယ်တခုခုတွင် သုတေသနဆောင်းပါးများကို ရေးသားထုတ်ဝေ (Publication) ရပါသည်။

တက်ရောက်နိုင်သော အတန်းများ

PhD in Management:

ဤဌာနတွင် အဖွဲ့အစည်းဆိုင်ရာ သီအိုရီ၊ ခေါင်းဆောင်မှု၊ မဟာဗျူဟာ၊ လူသားအရင်းအမြစ်၊ နိုင်ငံတကာ စီမံခန့်ခွဲမှုနှင့် စီးပွားရေးကျင့်ဝတ်တို့ကို အလေးထား သင်ကြားပေးသည်။ ဘွဲ့ရရှိသူများသည် ပညာရေး၊ သုတေသန၊ အကြံပေး (သို့မဟုတ်) အကြီးတန်းခေါင်းဆောင်မှု အခန်းကဏ္ဍများတွင် လုပ်ကိုင်ကြလေ့ရှိသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံရေးလောကတွင် လူသိများသည့် ပြန်ကြားရေးဌာနမှ အကြီးတန်းအရာရှိအချို့သည် ဤကျောင်းထွက်များ ဖြစ်ကြသည်။

PhD in Education:

ဤဌာနတွင် ပညာရေးဆိုင်ရာသီအိုရီ၊ ခေါင်းဆောင်မှုအရည်အချင်း၊ မူဝါဒချမှတ်မှု၊ သင်ရိုးညွှန်းတမ်း ပြုပြင်ခြင်း၊ ပညာရည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် အဆင့်မြင့်ပညာရေး ကဏ္ဍများ၏ သုတေသနလုပ်ငန်းတို့ကို အလေးထား သင်ကြားပေးသည်။ အထူးသဖြင့် သင်ကြားစီမံတွင် အတွေ့အကြုံရှိ၍ ပညာရေးနယ်ပယ်အတွင်း ပြုပြင်ပြောင်းလဲမှုများကို ဖန်တီးလိုသော ပညာရှင်များအတွက် ရည်ရွယ်သော ဘာသာရပ်များကို သင်ကြားပေးသည်။ အထူးပြု သုတေသနလုပ်ငန်းများမှာ ပညာရေးဆိုင်ရာ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုနှင့် မူဝါဒအကောင်အထည်ဖော်မှုတို့တွင် တွေ့ကြုံရသော ပြဿနာများကို စူးစမ်းအဖြေရှာရခြင်းဖြစ်သည်။

PhD in Counseling Psychology:

ဤဌာနတွင် နှစ်သိမ့်ဆွေးနွေးမှုဆိုင်ရာ သီအိုရီ၊ စိတ်ပညာသုတေသန၊ ကိုယ်ကျင့်တရား ကျင့်ဝတ်နှင့် သူတပါတို့အား အကူအညီးပေးရာတွင် အရေးကြီးသော ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကို အလေးထားသင်ကြားပေးပါသည်။

အခြားသော Ph.D. အတန်းများ

ဘာသာရေးနှင့် ဖီလော်ဆော်ဖီ (Religion and Philosopy)၊ ဘာသာစကားဆိုင်ရာ လေ့လာမှုများ (Linguinstic)၊ အင်္ဂလိပ်စာသင်ကြားရေး (English Language Teaching)၊ ဇီဝနည်းပညာ (Biotechnology) စသော ဒေါက်တာတန်းများကိုလည်း တက်ရောက်သင်ယူနိုင်ပါသည်။

၄။သင်တန်းကြေးနှင့် ပညာရေးကုန်ကျစရိတ် (ခန့်မှန်းချက်)

မြန်မာကျောင်းသားများအတွက် အထူးသဖြင့် မြန်မာရဟန်းတော်များအတွက် ကြီးမားသောစိန်ခေါ်မှုမှာ မြင့်မားလှသည့် တက္ကသိုလ်၏ ပညာသင်ကြားစရိတ် (Tuition Fees) ဖြစ်ပါလိမ့်မည်။ ပုဂ္ဂလိကတက္ကသိုလ် ဖြစ်သည့်အတွက် Assumption တက္ကသိုလ်၏ သင်တန်းကြေးမှာ ထိုင်းနိုင်ငံရှိ အစိုးရတက္ကသိုလ်များထက် သိသိသာသာမြင့်မားနေပါသည်။ သို့သော် အထက်ပါ အသက်မွေးဝမ်းကျောင်းဆိုင်ရာဘာသာရပ်များ (Professional Subjects) များအတွက် အာရှတိုက်အတွင်းရှိ တက္ကသိုလ်ကြီးများ နှင့် အနောက်နိုင်ငံရှိ တက္ကသိုလ်အများစုထက်သော်ကား ဈေးနှုန်းသက်သာသည့်အခြေအနေတွင် ရှိပါသည်။

ဘွဲ့ကြို (BA): တစ်နှစ်ပတ်လျှင် ဘတ် ၈၀,၀၀၀ မှ ၁၅၀,၀၀၀ ခန့် (မေဂျာအလိုက်),

မဟာဘွဲ့ (MA): ပရိုဂရမ်တစ်ခုလုံးအတွက် ဘတ် သိန်းမှ သိန်း ခန့်,

ဒေါက်တာဘွဲ့ (Ph.D): ပရိုဂရမ်တစ်ခုလုံးအတွက် ဘတ် /. သန်း ခန့်ကုန်ကျပါသည်။ (မှတ်ပုံတင်ကြေး, ကျန်းမာရေး အာမခံ, အင်တာနက်ကြေး စသည်များ အားလုံးပါဝင်ပီးဖြစ်သည်)။

ပညာသင်ဆု (Scholarhip)

တက္ကသိုလ်မှ ချီးမြင့်သော ပညာသင်ဆုရှိသည်ကားဟု မသိရပါ။ သို့သော် ကျောင်းသားများအတွက် တက္ကသိုလ်မှ ပညာသင်ဆုပေးသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးပါသည်။ တက္ကသိုလ်ဘက်မှ လိုအပ်သော စာရွက်စာတမ်းများနှင့် အခြားအကူအညီများ ဆောင်ရွက်ပေးလေ့ရှိသည်ဟုလည်း သိရပါသည်။ Assumption တက္ကသိုလ်တွင် တက်ရောက်လျှက်ရှိသော မြန်မာကျောင်းသား အများစုမှာ ကိုယ်ပိုင်ငွေကြေးဖြင့် ပညာသင်ကြားကြခြင်း  (SelfFunding) ဖြစ်ပါသည်။ အချို့မှာ Germany နိုင်ငံမှ KADD (https://www.kaad.de) အဖွဲ့မှချီးမြင့်သော ပညာသင်ဆုများ ရရှိကြပါသည်။

၅။ အဆောင် နှင့် နေထိုင်မှု စားရိတ်

ဘန်ကောက်မြို့သည် နိုင်ငံတကာကျောင်းသားများအတွက် လူနေမှုစရိတ် အတော်အတန် သက်သာသော နေရာဖြစ်သည်။ သို့သော် မြန်မာကျောင်းသား အထူးသဖြင့် မြန်မာရဟန်းတော်များအတွက်ကား စိန်ခေါ်မျုတခုအဖြစ် တည်ရှိနေပါသည်။

ပျမ်းမျှ တစ်လကုန်ကျစရိတ်

ခန့်မှန်း အဆောင်/အိမ်ခ – ,၀၀၀ မှ ၁၂,၀၀၀ ဘတ် (နေရာအလိုက်ကွဲပြားနိုင်ပါသည်။)

ခန့်မှန်း အစားအသောက် – ,၀၀၀ မှ ,၀၀၀ ဘတ် (မိမိ၏ စီမံခန့်ခွဲမှုအပေါ်မှုတည်ပါသည်။)

ခန့်မှန်း သယ်ယူပို့ဆောင်ရေး – ,၀၀၀ မှ ,၀၀၀ ဘတ် (နေထိုင်ရာနေရာအလိုက်ကွဲပြားပါသည်။)

ခန့်မှန်း ကိုယ်ရေးကိုယ်တာကုန်ကျစရိတ် – ,၀၀၀ မှ ,၀၀၀ ဘတ် ဖြစ်ပါသည်။

မှတ်ချက်။ မိမိ၏ နေထိုင်မှုပုံစံပေါ်မူတည်၍ တစ်လလျှင် ၁၅,၀၀၀ မှ ၂၅,၀၀၀ ဘတ် အတွင်း ကုန်ကျနိုင်ပါသည်။

၆။ အဆောင် နှင့် နေရာစရာနေရာ

တက္ကသိုလ်အဆောင်များ (သုဝဏ္ဏဘူမိကျောင်းဝင်း၌သာ တည်ရှိပါသည်။)

ကျောင်းအနီးရှိ ပုဂ္ဂလိကတိုက်ခန်း သို့မဟုတ် ကွန်ဒိုများ (ဟွာမက်ကျောင်းဝင်း နှင့် သုဝဏ္ဏဘူမိကျောင်းဝင်း ၂ နေရာလုံးတွင်ရှိပါသည်။)

၇။ ဗီဇာနှင့် ဥပဒေရေးရာ လိုအပ်ချက်များ (နိုင်ငံတကာကျောင်းသားများ)

နိုင်ငံတကာကျောင်းသားများအတွက် လိုအပ်ချက်-

ကျောင်းသားဗီဇာ (Non-Immigrant ED Visa)

ပုံမှန် ဗီဇာသက်တမ်းတိုးခြင်းနှင့် ရက် ၉၀ သတင်းပို့ခြင်း

TM30 ခေါ် ကျောင်း/အခန်းလိပ်စာ သတင်းပို့ရပါသည်။

တက္ကသိုလ်ဘက်မှ လိုအပ်သော စာရွက်စာတမ်းများကို အထူးအလေးထား ကူညီပေးလျှက် ရှိပါသည်။

၈။ ဘွဲ့ရပီး အလုပ်အကိုင် အနာဂတ်အတွက် အလားအလာ

Assumption တက္ကသိုလ်၏ ထင်ရှားသည့်ဂုဏ်သတင်း (reputation) တို့မှ တစ်ခုသောဂုဏ်သတင်းသည် ဘွဲ့ရပီးနောက် အလုပ်ရဖို့သေချာသလောက်ရှိခြင်းဖြစ်ပါသည်။ တက္ကသိုလ်မှ ဘွဲ့ရသူအများစုသည် သက်ဆိုင်ရာ နယ်ပယ်များသို့ လက်တွေ့ကွင်းဆင်းကြရပါသည်။ ထိုကွင်းဆင်းရသည့်ကုမ္ပဏီများ, ကျောင်းများ, ဆေးရုံများတွင် အလုပ်ရရှိသွားလေ့ကြပါသည်။

နိဂုံး

နိဂုံးချုပ်အနေဖြင့် ထိုင်းနိုင်ငံရှိ Assumption တက္ကသိုလ်သည် အသက်မွေးဝမ်းကျောင်းဆိုင်ရာဘာသာရပ်များ (Professional Subjects) ကို အထူးပြုသင်ကြားပေးသော နိုင်ငံတကာပုဂ္ဂလိကတက္ကသိုလ်တခုဖြစ်ပါသည်။ တက္ကသိုလ်ကြီးတွင် စနစ်ကျသည့် နိုင်ငံတကာအဆင့်မီ ပညာရပ်များကို ခေတ်နှင့်တပြေးညီ သင်ကြားပို့ချပေးလျှက်ရှိပါသည်။ တက္ကသိုလ်၏ အားသာချက်များမှာ အင်္ဂလိပ်ဘာသာတခုထဲဖြင့်သာ သင်ကြားပို့ချပေးခြင်းနှင့် ဘွဲ့ရပီးနောက် အလုပ်အကိုင်ရရှိရန် အာမခံချက်ရှိခြင်းများ ဖြစ်ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *