Banaras Hindu University

Banaras Hindu University (BHU) သည် အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ် ပြည်နယ်၊ ဗာရာဏသီမြို့ ဣသိပတန မိဂဒါဝုန်အနီး ဂင်္ဂါမြစ်ကမ်းနားတွင် တည်ရှိသော  (Central University) တစ်ခု ဖြစ်ပါသည်။ ၁၉၁၆ ခုနှစ်တွင် ပန်ဒစ် မိုဟန် မာလာဗီယာက တည်ထောင်ခဲ့သည်။

  • အာရှ၏ အကြီးဆုံးတက္ကသိုလ်များအနက်  ကျောင်းသား/သူ ထောင်ပေါင်းများစွာ ကျောင်းဝင်းအတွင်း နေထိုင်ပညာသင်ကြားနိုင်သော အာရှတိုက်၏ အကြီးဆုံး  (Residential University) များထဲတွင် တစ်ခုအပါအဝင်လည်း ဖြစ်ပါသည်။ ပင်မကျောင်းဝင်းမှာ မြေဧက ၁၃၀၀ ကျော် ကျယ်ဝန်းပြီး တောအုပ်ပမာ သစ်ပင်များဖြင့် စိမ်းလန်းစိုပြည်ပါသည်။
  • အဆင့်သတ်မှတ်ချက်။ အိန္ဒိယနိုင်ငံ၏ အကောင်းဆုံး တက္ကသိုလ်များစာရင်းတွင် အမြဲလိုလို ထိပ်တန်း ၁၀ ကျောင်းစာရင်းဝင်လေ့ရှိသော တက္ကသိုလ်ဖြစ်ပါသည်။ ပညာရေးဆိုင်ရာ ကဏ္ဍ။ ဝိဇ္ဇာ၊ သိပ္ပံ၊ အင်ဂျင်နီယာ၊ ဆေးပညာ၊ စိုက်ပျိုးရေး၊ ဥပဒေ၊ သက္ကတဘာသာရပ်နှင့် ဗုဒ္ဓဘာသာ လေ့လာရေး စသည့် ဘာသာရပ်ပေါင်းစုံကို ဌာနခွဲ (Faculties) ပေါင်းများစွာဖြင့် သင်ကြားပေးလျက်ရှိပါသည်။
  • တက်ရောက်နိုင်သော ပညာရေးအဆင့်များ
    • BA, BSc, BCom, BFA စသည့် ၃ နှစ် သို့မဟုတ် ၄ နှစ် ဘွဲ့ကြိုသင်တန်းများ။
    •  MA, MSc, MCom, MFA စသည့် ၂ နှစ် မဟာဘွဲ့ သင်တန်းများ။
    • သုတေသနနှင့် ပါရဂူဘွဲ့ သင်တန်းများ။
  • မဟာဌာနများနှင့် အဓိကဘာသာရပ်များ (Faculties & Departments)
    • တက္ကသိုလ်တွင် ဝိဇ္ဇာ (Arts)၊ သိပ္ပံ (Science)၊ လူမှုရေးသိပ္ပံ (Social Sciences)၊ ဆေးပညာ (Medicine – IMS)၊ အင်ဂျင်နီယာ (IIT-BHU)၊ စိုက်ပျိုးရေး (Agriculture) စသည့် မဟာဌာန (Faculties) ၁၄ ခုနှင့် ဌာနခွဲ (Departments) ပေါင်း ၁၄၀ ကျော် ရှိပါသည်။
  • ဝင်ခွင့်စနစ် (Admissions)
    • နိုင်ငံတကာကျောင်းသားများ (International Students) အနေဖြင့်မူ သက်ဆိုင်ရာ နိုင်ငံတကာရေးရာရုံး (International Centre) မှတစ်ဆင့် တိုက်ရိုက်သော်လည်းကောင်း၊ http://bhufsradm.samarth.edu.in/2026 (နှစ်အလိုက် ၂၀၂၆/၂၀၂၇ စသည်ဖြင့် ခုနှစ်ပြောင်းလဲသည်) တွင်သော်လည်းကောင်း၊ ICCR (Indian Council for Cultural Relations) ပညာသင်ဆု အစီအစဉ်များမှ တစ်ဆင့်သော်လည်းကောင်း ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။
    • Online စနစ်ဖြင့်သာ လျှောက်ထားရသည်။

ကျောင်းခေါ်ချိန်

Ph.D တန်းအတွက် ၁၁ လပိုင်း ၁၂ လပိုင်းတွင်တစ်ကြိမ်၊ ၄ လပိုင်း ၅ လပိုင်းတွင်တစ်ကြိမ် ကျောင်းခေါ်လေ့ရှိသော်လည်း နှစ်စဥ် အပြောင်းအလဲရှိတတ်သည်။

M. A. တန်းအတွက် ၄ လပိုင်း ၅ လပိုင်း ဝန်းကျင်တွင် ကျောင်းခေါ်လေ့ရှိသည်။

မြန်မာရဟန်းတော်များ ကျောင်းလျှောက်ရာတွင် လိုအပ်သောအချက်အလက်များ

၁။        Passport

၂။         အလတ်တန်း အောင်လတ်မှတ်နိုတြီ နှင့် အမှတ်စာရင်း

၃။        အကြီးတန်း အောင်လတ်မှတ်နိုတြီ နှင့် အမှတ်စာရင်း

၄။        ဓမ္မာစရိယ သို့မဟုတ် B.A အောင်လတ်မှတ်နိုတြီ နှင့် အမှတ်စာရင်း

၅။        M.A အောင်လတ်မှတ်နှင့် အမှတ်စာရင်း

၆။        Synopsis တစ်စောင်

မှတ်ချက်။ ။ M.A အတွက် အမှတ်စဥ် ၁၊ ၂၊ ၃၊ သာလိုအပ်ပြီး Ph.D အတွက် ချက်လုံး လိုအပ်သည်။

ပညာသင်ကြားခနှင့် ကုန်ကျစရိတ်

ကျောင်းလျှောက်လွှာတင်ချိန်တွင် ရူပီး ၆၀၀၀ ပေးသွင်းရသည်။ (တစ်ကြိမ်သာ)

ကျောင်းလက်ခံလျှင် Ph.D တန်းအတွက် ရူပီး ၇၀၀၀၀၊ M.A တန်းအတွက် ရူပီး ၆၀၀၀၀ (နှစ်စဥ်ပေးသွင်းရမည်)

Semester fee

Ph.D တန်းများအတွက် တစ်နှစ်တစ်ကြိမ် ရူပီး ၂၅၀၀ ခန့် ပေးသွင်းရသည်။

M.A တန်းများအတွက် Semester လေးခုရှိရာ တစ်ခု တစ်ခုအတွက် ရူပီး ၁၅၀၀ ခန့် ပေးသွင်းရသည်။

အဆောင်ကြေး

နိုင်ငံခြားကျောင်းသားများအတွက် International Students Hostel သီးသန့်ရှိသည်။ တစ်ခန်းနှစ်ယောက် ရေချိုးခန်း အိမ်သာ မိးဖိုချောင် ပါဝင်သည်။ ခြောက်လတစ်ကြိမ်ပေးသွင်းရသည်။ ပထမ ခြောက်လတွင် ရူပီး ၂၇၅၀၀ ပေးသွင်းရပြီး နောက်အကြိမ်းများတွင် ရူပီး ၁၅၅၀၀ ပေးသွင်းရသည်။ ရေ/မီးကြေးများ ထပ်မံပေးသွင်းစရာ မလိုပါ။

စားသောက်စရိတ်

လစဥ် ရူပီး ၃၀၀၀ စီစုပြီး မြန်မာကျောင်းသားများ စုပေါင်းကာ အလှည့်ကျ ချက်ပြုတ် ဘုဥ်းပေးကြသည်။

ကျောင်းကြေး၊ အဆောင်ကြေး၊  စားစရိတ် စုစုပေါင်းကုန်ကျနိုင်ငွေပမာဏ

Ph.D ကျောင်းသားများ ၄ နှစ်တာအတွက် ရူပီး (၅၆၇,၀၀၀) ဝန်းကျင်

M.A ကျောင်းသားများ ၂ နှစ်တာအတွက် ရူပီး (၂၈၀,၀၀၀) ဝန်းကျင်

မှတ်ချက်။ လမ်းစရိတ်နှင့် တခြားအသုံးစရိတ်များမပါ။

https://www.bhu.ac.in

Leave a Reply

Your email address will not be published. Required fields are marked *