Nan Tien Institute of Higher Education (NTN) မိတ်ဆက်

Nan Tien Institute သည် ဗုဒ္ဓစာပေနှင့် ပက်သက်သော သင်တန်းများကို သင်ကြားပို့ချသည့် သြစတေးလျနိုင်ငံ၏ ပထမဦးဆုံးသော အစိုးရအသိမှတ်ပြု တက္ကသိုလ်တစ်ခုဖြစ်သည်။ NTI ကို ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့တောင်ဖက်ခြမ်းတွင် အကြီးမှားဆုံး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ဟူသည့် ဂုဏ်ထူးကို ခံယူထားသော Nan Tien Temple နှင့် တွဲဖက်ထားသည်။

Applied Buddhist Studies ဘာသာကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားလျက်ရှိသည့် တစ်ခုတည်းသော တက္ကသိုလ်လည်းဖြစ်ပြီး NTI ၏ စီမံသင်ကြားရေးဌာနများကိုလည်း အတွေ့အကြုံရင့် ဆရာများဖြင့် ဖွဲ့စည်းထားသည်။ ကျောင်းသားများအတွက် အဆင့်အတန်းမီ Academic Support နှင့် Learning Resources များကိုလည်း ထားရှိပေးကာ လက်ရှိတွင် နိုင်ငံတကာမှ ကျောင်းသားများ ပညာဖလှယ်ရာ နေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

📖 ဖွင့်လှစ်ထားသော သင်တန်းများ

NTI ၏ အတန်းများကို Hybrid mode ဖြင့် ပို့ချပေးလျက်ရှိသောကြောင့် သြစတေးလျတွင် လူကိုယ်တိုင် သွားရောက်သင်ယူနိုင်သကဲ့သို့ အွန်လိုင်းမှတစ်ဆင့်လည်း တက်ရောက်သင်ယူနိုင်ပြီး တက္ကသိုလ်တွင် ယခုလက်ရှိတွင် အောက်ပါသင်တန်းများကို ဖွင့်လှစ်ထားသည်။

Applied Buddhist Studies (Master of Arts, Graduate Diploma, Graduate Certificate)

Mental Health (Master of Arts, Graduate Diploma, Graduate Certificate)

Health and Social Wellbeing (Master of Arts, Graduate Diploma, Graduate Certificate)

Humanistic Buddhism (Graduate Certificate)

Applied Mindfulness (Graduate Certificate)

📆 ဝင်ခွင့်ကာလနှင့် လိုအပ်ချက်များ

သင်တန်းများအားလုံး graduate courses ဖြစ်သည့်အလျောက် ဝင်ခွင့်အတွက် အသိအမှတ်ပြု BA ဘွဲ့ တစ်ခုခု ရရှိထားရန် လိုအပ်ပါသည်။

(Mental Health အတန်းများအတွက်မူ healthcare နှင့် ဆက်စပ်သော BA ဘွဲ့ကို ရရှိထားရန် လိုအပ်ပါသည်။)

စာရွက်စာတမ်းများအနေဖြင့်

  1. Passport
  2. Academic transcripts/testamurs from previous tertiary study
  3. Completed GTE form
  4. Current resume/CV
  5. Proof of change of name (if applicable)
  6. Evidence of English language proficiency
  7. Evidence of financial capacity

တို့ကို ပြင်ဆင်ထားရမည်ဖြစ်သည်။

ဝင်ခွင့်အတွက် လျှောက်လွှာကို တစ်နှစ်လျှင် ၂ ကြိမ် ခေါ်ယူလျက်ရှိကာ ပထမအသုတ်အတွက် ဇန်နဝါရီလ မှ မတ်လ အထိ၊ ဒုတိယအသုတ်အတွက် ဇူလိုင်လ မှ စက်တင်ဘာလ အထိ လျှောက်ထားနိုင်သည်။

📑 အင်္ဂလိပ်စာလိုအပ်ချက်

တက္ကသိုလ်ဝင်ခွင့်လျှောက်ရန်အတွက် အောက်ပါ အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲ လေးမျိုးကို ဖြေဆိုနိုင်သည်။

IELTS (Academic) – Overall score from 6.5, with no sub-band score less than 6.0

C1 Advanced – Overall score from 176, with no score less than 169 in any paper

PTE – Overall score from 62, with no band score less than 54

TOEFL iBT – Overall score from 79, with no score lower than 13 for reading, 12 for listening, 18 for speaking, and 21 for writing

အင်္ဂလိပ်စာအရည်အချင်း လက်မှတ်ကို တက္ကသိုလ်ဝင်ခွင့်နှင့် ကျောင်းသားဗီဇာ လျှောက်ရန်အတွက် လိုအပ်သောကြောင့် မဖြစ်မနေ ရရှိထားရန် လိုအပ်သည်။

🪙 သင်တန်းကာလနှင့် သင်တန်းကြေး

MA အတန်းအတွက် ဘာသာရပ် ၁၂ ခုကို သင်ယူရမည်ဖြစ်ပြီး စုစုပေါင်းသင်တန်းကြေးမှာ Australian Dollar 43200 ဝန်းကျင် (USD 29000 ခန့်) ကျသင့်မည်ဖြစ်ကာ သင်တန်းကာလမှ ၁ နှစ်ခွဲ မှ ၂ နှစ်ခန့် ကြာမြင့်မည်ဖြစ်သည်။ Graduate Diploma အတွက် ဘာသာရပ် ၉ ခုကို တစ်နှစ်အတွင်း သင်ယူရမည်ဖြစ်ပြီး သင်တန်းကြေးမှာ Australian Dollar 28000 ဝန်းကျင် (USD 18800 ခန့်) နှင့် ၆ လကြာမြင့်မည့် Graduate Certificate အတွက်မူ ဘာသာရပ် ၅ ခု၊ သင်တန်းကြေး Australian Dollar 14000 ဝန်းကျင် (USD 940 ခန့်) ကျသင့်မည်ဖြစ်သည်။

💵 နေထိုင်စရိတ်

တက္ကသိုလ်မှ နိုင်ငံတကာမှ ကျောင်းသားများအတွက် လမ်းညွှန်ချက်တွင် အပတ်စဥ်အခြေခံ နေထိုင်စားသောက်မှုအတွက် ကုန်ကျစရိတ်ကို အနည်းဆုံး Australian Dollar 560 (USD 377 ခန့်) ဟု ဖော်ပြထားသောကြောင့် နှစ်စဥ် နေထိုင်စရိတ်အနေဖြင့် Australian Dollar 29000 (USD 19500 ခန့်) ကုန်ကျမည်ဖြစ်သည်။

🏆 ပညာသင်ဆု

နိုင်ငံတကာကျောင်းသားများအနေဖြင့် Hsing Yun Education Foundation မှ Applied Buddhist Studies နှင့် Humanistic Buddhism သင်တန်းများအတွက်ပေးအပ်သော Overseas Scholarships ကို လျှောက်ထားနိုင်သည်။ ပညာသင်ဆုလျှောက်ရန်အတွက် လျှောက်လွှာနှင့်အတူ –

  1. Letter of recommendation
  2. Personal statement
  3. Details of other awards or scholarships, if any
  4. Any other documents to support your application
  5. Sign the declaration on this application form

တို့ကို ပေးပို့၍ လျှောက်ထားနိုင်သည်။

ယခုနှစ်အတွက် လျှောက်လွှာကာလများမှာ အောက်ပါအတိုင်းဖြစ်သည်။

2nd round 2026 – closing date for applications: 6 March 2026

1st round 2027 – closing date for applications: 4 September 2026

ပညာသင်ဆုအမျိုးအစားမှာ full scholarship ဖြစ်ပြီး ကျောင်းစရိတ်များအပါအဝင် နေထိုင်မှုအတွက် သင်တန်းကာလတစ်လျှောက်လုံး Nan Tien Temple မှ ဖွင့်လှစ်ထားသော Pilgrim Lodge တွင် အခန်းတစ်ခန်းရမည်ဖြစ်ကာ အစားအသောက်အတွက်လည်း Temple မှ သက်သတ်လွတ်ဟင်းကို ကျွေးမွေးသွားမည်ဖြစ်သည်။

MA သင်တန်းအတွက် scholarship ကာလမှာ လူကိုယ်တိုင် သွားရောက်သင်ယူမည့်သူများအတွက် ၁ နှစ်ခွဲ ပေးထားပြီး online မှတစ်ဆင့် သင်ယူသူများအတွက် ၂ နှစ်အထိပေးထားသည်။ ပညာသင်ဆု ရရှိထားသော ကျောင်းသားများအနေနှင့် အတန်းချိန် အနည်းဆုံး ၈၀ ရာခိုင်နှုန်းပြည့်မည်ရမည်ဖြစ်ပြီး ဘာသာရပ် ပျည်းမျှအမှတ်ကို အနည်းဆုံး ‘credit’ grade (65 – 74) ရရှိအောင် ထိန်းသိမ်းထားရမည်ဖြစ်သည်။

🎯 အနာဂတ်အခွင့်အလမ်းများ

NTI သည် သြစတေးလျအစိုးရက အသိအမှတ်ပြုထားသော တက္ကသိုလ်ဖြစ်သည့်အလျောက် ဘွဲ့ရပြီးသောအခါ သက်ဆိုင်ရာနယ်ပယ်အလိုက် သင်ကြားရေးနှင့် စီမံရေးနယ်ပယ်များတွင် ဝင်ရောက်လုပ်ကိုင်ရန်အတွက်သာမက သုတေသနဆိုင်ရာ လုပ်ငန်းများတွင် ဆက်လက်လျှောက်လှမ်းရန် များစွာ အထောက်အကူပြုမည်ဖြစ်သည်။

📞 ဆက်သွယ်ရန်

NTI ၏ တက္ကသိုလ်ဝင်ခွင့်နှင့် ပညာသင်ဆုအတွက် စုံစမ်းမေးမြန်းလိုပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။

Nan Tien Institute – Wollongong Campus

231 Nolan Street, Unanderra

NSW 2526, Australia

+61 402 551 223

Leave a Reply

Your email address will not be published. Required fields are marked *