အခန်း အမည်

ဤအဖွဲ့အစည်း၏ တရားဝင်အမည်မှာ မြန်မာဘာသာဖြင့် မြန်မာကျောင်းသားများ အဖွဲ့အစည်း-သီရိလင်္ကာ ဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာဖြင့် Myanmar Students Association in Sri Lanka ဖြစ်သည်။ အတိုကောက်အားဖြင့် MSAS ဟု ခေါ်ဆိုမည်။

အဓိပ္ပါယ်ဖွင့်ဆိုချက် – 

“မြန်မာ” ဆိုသည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံမှ မြန်မာနိုင်ငံသား ပတ်စပို့စ် ကိုင်ဆောင်သူ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များ အားလုံးဖြစ်သည်။ 

“ကျောင်းသား” ဆိုသည်မှာ စာသင်ကျောင်း၊ သင်တန်း၊ ပရိယတ္တိစာသင်တိုက်၊ ကောလိပ်၊ တက္ကသိုလ်၊ တို့တွင် တက်ရောက်၍ ပညာသင်ယူနေသူများ အားလုံးဖြစ်သည်။ 

“အဖွဲ့အစည်း” ဆိုသည်မှာ မြန်မာကျောင်းသားများအသီးသီးပေါင်းစု၍ ဖွဲ့စည်းထားသော ပညာရေးဆိုင်ရာ၊ တက္ကသိုလ်အသီးသီးတို့မှ အသင်းအဖွဲများအားလုံးကို ကိုယ်စားပြုသော အဖွဲ့ဖြစ်သည်။ 

“သီရိလင်္ကာ” ဆိုသည်မှာ သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဖြစ်သည်။ 

မြန်မာကျောင်းသားများ အဖွဲ့အစည်း-သီရိလင်္ကာ (Myanmar Students Association in Sri LankaMSAS) ဆိုသည်မှာ သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံအတွင်းရှိ စာသင်ကျောင်း၊ သင်တန်း၊ ပရိယတ္တိစာသင်တိုက်၊ ကောလိပ်၊ တက္ကသိုလ် အသီးသီးတို့တွင် ပညာသင်ကြားနေကြသော ပြည်ထောင်စု မြန်မာနိုင်ငံမှ မြန်မာနိုင်ငံသား ပတ်စပို့စ် ကိုင်ဆောင်သူ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များ အားလုံးပေါင်းစု၍ ဖွဲ့စည်းထားသော ပညာရေးဆိုင်ရာအသင်းအဖွဲများအားလုံးကို ကိုယ်စားပြုသော အဖွဲ့ဖြစ်သည်။

အခန်း ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ

ရည်မှန်းချက်:

သီရိလင်္ကာရောက် မြန်မာကျောင်းသားမျိုးဆက်များ စည်းလုံးညီညွတ်မှု၊ ကိုယ်စားပြုမှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် စွမ်းဆောင်ရည် မြှင့်တင်ရန်။

လုပ်ငန်းတာဝန်များ:

၁။ သီရိလင်္ကာတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသားများ၏ ကျောင်းသားရေးရာကိစ္စများကိုသာ ကိုယ်စားပြုရန်။

၂။ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်။

၃။ မြန်မာကျောင်းသားများအတွက် အထောက်အကူပြု ကွန်ရက်တစ်ခု ဖန်တီးရန်။

၄။ အထက်ပါ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပ ကျောင်းသားအဖွဲ့အစည်းများနှင့် ကျောင်းသားရေးရာ ကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန်။ 

အခန်း အဖွဲ့ဝင်ခြင်း

ပုဒ်မ အဖွဲ့ဝင်ခွင့် သတ်မှတ်ချက်

သီရိလင်္ကာရှိ တက္ကသိုလ်များ၊ ကောလိပ်များ သို့မဟုတ် စာသင်ကျောင်းများတွင် လက်ရှိပညာသင်ကြားနေသော မြန်မာကျောင်းသားအားလုံး အဖွဲ့ဝင်နိုင်သည်။

ပုဒ်မ အမျိုးအစားများ

  • သာမန်အဖွဲ့ဝင်များ လက်ရှိ ပညာသင်ကြားနေသော မြန်မာကျောင်းသားများ။ 
  • တွဲဖက်အဖွဲ့ဝင်များ အဖွဲ့ကို ထောက်ခံသော ကျောင်းသားဟောင်းများ။
  • ဂုဏ်ထူးဆောင်အဖွဲ့ဝင်များ အထူးပံ့ပိုးကူညီမှုများကြောင့် ဖိတ်ကြားခံရသော ပုဂ္ဂိုလ်များ သို့မဟုတ် ဆရာတော်ကြီးများ။
  • ဩဝါဒါစရိယ ဆရာတော်များ – မကုဋာရာမမြန်မာကျောင်းတိုက်၏ နာယက ဆရာတော်များ နှင့် အဖွဲ့အစည်း၏ ပညာရေးဆိုင်ရာများကို လမ်းညွှန်အကြံပေးနိုင်သော ဆရာတော်ကြီးများ။ 

ပုဒ်မ အခွင့်အရေးနှင့် တာဝန်များ

(က) သာမန်အဖွဲ့ဝင်များသည်-

  • မဲပေးရန်နှင့် အဖွဲ့၏လှုပ်ရှားမှုများတွင် ပါဝင်ရန် အခွင့်အရေးရှိသည်။
  • အဖွဲ့၏ တန်ဖိုးများနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရမည်။
  • ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းနှင့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရမည်။

(ခ) ဩဝါဒါစရိယ ဆရာတော်များ

  • အကယ်၍ ကျောင်းသားဖြစ်လျှင် ရွေးကောက်ပွဲများတွင် ဝင်ရောက်ရွေးချယ်ခံခွင့်နှင့် မဲပေးခွင့်များရှိသည်။ 

အခန်း အလုပ်အမှုဆောင် ကော်မတီ

ပုဒ်မ ဖွဲ့စည်းပုံ

  • ဩဝါဒါစရိယ ဆရာတော်များ
  • ဥက္ကဋ္ဌ
  • အတွင်းရေးမှူး
  • ဘဏ္ဍာရေးမှူး 
  • သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ 
  • အမှုဆောင် အဖွဲ့ဝင်များ
  • တက္ကသိုလ်အသီးသီး၏ ကိုယ်စားလှယ်များ 

ပုဒ်မ သက်တမ်း

အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် (ပညာသင်နှစ်) ၁ နှစ်သက်တမ်း ထမ်းဆောင်ရမည်ဖြစ်ပြီး တစ်ကြိမ်ထပ်မံ ရွေးချယ်ခံနိုင်သည်။ အလုပ်အမှုဆောင်ကော်မတီ၏ ရာထူးတစ်ခုကို နှစ်ကြိမ်သာ ဖြစ်ခွင့်ရှိသည်။ 

ပုဒ်မ တာဝန်များ

  • ဩဝါဒါစရိယ ဆရာတော်များ– အဖွဲ့အစည်းအတွက် လမ်းညွှန်ပြသပေးမည်။ 
  • ဥက္ကဋ္ဌ အဖွဲ့ကို ဦးဆောင်မည်၊ အစည်းအဝေးများ၏ သဘာပတိအဖြစ် ဆောင်ရွက်မည် ။
  • အတွင်းရေးမှူး မှတ်တမ်းများ၊ အစည်းအဝေးမှတ်တမ်းများနှင့် စာရွက်စာတမ်းများကို စီမံခန့်ခွဲမည်။
  • ဘဏ္ဍာရေးမှူး ဘဏ္ဍာရေး၊ ရန်ပုံငွေရှာဖွေခြင်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်းတို့ကို စီမံခန့်ခွဲမည်။
  • သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဆက်သွယ်ရေးနှင့် လူမှုကွန်ယက်ကို ကိုင်တွယ်မည်။
  • အမှုဆောင် အဖွဲ့ဝင်များ – အဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာကိစ္စရပ်များကို လိုအပ်သလို ကူညီမည်။ 
  • တက္ကသိုလ်အသီးသီး၏ ကိုယ်စားလှယ်များ ၎င်းတို့၏ တက္ကသိုလ်နှင့် အဖွဲ့အစည်းအကြား ဆက်သွယ်ရေးကွင်းဆက်အဖြစ် ဆောင်ရွက်မည်။

မှတ်ချက် အလုပ်အမှုဆောင် ကော်မတီသည် မကုဋာရာမမြန်မာကျောင်းတိုက်မှ နာယကဆရာတော်များ၊ သီရိလင်္ကာရှိ ရှိရင်းစွဲ မြန်မာအသိုင်းအဝိုင်းများ၊ မြန်မာအဖွဲ့အစည်းများနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနှင့် ဂါရ၀ထား လေးစားမှုတို့ကိုလည်း ဆက်လက် ထိန်းသိမ်းမည်ဖြစ်သည်။ 

အခန်း ရွေးကောက်ပွဲများ

ပုဒ်မ ရွေးကောက်ပွဲ အမျိုးစားများ

  • အလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်ရွေးကောက်ပွဲ
  • တက္ကသိုလ်အသီးသီး၏ ကိုယ်စားလှယ်များ သတ်မှတ်ခြင်းဆိုင်ရာ ရွေးကောက်ပွဲ

ပုဒ်မ ၈- အရည်အချင်းသတ်မှတ်ချက်

  • ကိုယ်စားလှယ်လောင်းများသည် သီရိလင်္ကာတွင် ပညာသင်ယူနေသော မြန်မာကျောင်းသားများ ဖြစ်ရမည်။
  • အနည်းဆုံး သာမန်အဖွဲ့ဝင် ( ၃ ) ဦးမှ ထောက်ခံပြီး အမည်စာရင်း တင်သွင်းရမည်။

ပုဒ်မ မဲပေးခြင်းလုပ်ငန်းစဉ်

  • ရွေးကောက်ပွဲများကို ၁ နှစ်တစ်ကြိမ် လျှို့ဝှက်မဲဖြင့် ကျင်းပမည်။
  • ရွေးကောက်ပွဲ ကော်မတီက လုပ်ငန်းစဉ်ကို ကြီးကြပ်မည်။
  • အလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် ရွေးကောက်ပွဲကို ကျောင်းသားတိုင်း မဲပေးခွင့်ရှိသည်။ 
  • တက္ကသိုလ်အသီးသီး၏ ကိုယ်စားလှယ်များကို ဆိုင်ရာတက္ကသိုလ်၏ ကျောင်းသားများကသာ မဲပေးခွင့်ရှိသည်။ 

ပုဒ်မ ၁၀- လှစ်လှပ်နေရာများအတွက် ရွေးကောက်ပွဲ

  • လှစ်လှပ်သွားသော နေရာအတွက် ကနဦးအနေဖြင့် အလုပ်အမှုဆောင် ကော်မတီက ယာယီအစားထိုးထားခွင့်ရှိသည်။ 
  • လိုအပ်လျှင် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်၍ ရွေးချယ်မည်။ 

အခန်း အစည်းအဝေးများ

ပုဒ်မ ၁၁အထွေထွေအစည်းအဝေးများ

  • နှစ်စဉ် ကျင်းပမည်။
  • အဖွဲ့ဝင်အားလုံး တက်ရောက်နိုင်သည်။
  • မကုဋာရာမမြန်မာကျောင်းတိုက်တွင် ကျင်းပမည်။ 
  • မကုဋာရာမ မြန်မာကျောင်းတိုက်၏ နာယကဆရာတော်များ နှင့် အလုပ်အမှုဆောင်ကော်မတီတို့ ပူးပေါင်းသဘောတူညီမှုဖြင့် အထွေထွေအစည်းအဝေးခေါ်ယူမည်။ 
  • အလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင် ၅၀%+၁ ရှိလျှင် အစည်းအဝေး အထမြောက်မည်။ 

ပုဒ်မ ၁၂အလုပ်အမှုဆောင် ကော်မတီအစည်းအဝေးများ

  • နှစ်စဉ် အနည်းဆုံး တစ်ကြိမ် (သို့မဟုတ်) လိုအပ်သလို ကျင်းပမည်။
  • အင်တာနက်မှတဆင့် သို့မဟုတ် လူတွေ့အစည်းအဝေး ပြုလုပ်မည်။ 
  • အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်အများစု၏ သဘောတူညီမှုဖြင့် အစည်းအဝေးခေါ်ယူမည်။ 
  • အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၏ ၇၀% + ၁ ဦးရှိလျှင် အစည်းအဝေး အထမြောက်မည်။

အခန်း ဘဏ္ဍာရေး

  • ဘဏ္ဍာရေးမှူး နှစ်ဦး ထားရှိမည်။
  • ဘဏ္ဍာရေးမှူးများသည် ဘဏ္ဍာရေးမှတ်တမ်းများကို ထိန်းသိမ်းရမည်။
  • စေတနာအလျောက်လှူဒါန်းကြသော အလှူငွေများကိုကောက်ခံနိုင်သည် သို့မဟုတ် ပွဲများအတွက် လိုအပ်သည့်အခါ ရန်ပုံငွေ ရှာဖွေနိုင်သည်။ 
  • အသုံးစရိတ်အားလုံးကို အလုပ်အမှုဆောင်ကော်မတီမှ အတည်ပြုရမည်။
  • ရသုံးငွေ ရှင်းတမ်းများကို အလုပ်အမှုဆောင်ကော်မတီမှ စိစစ်မည်။ 

အခန်း ပူးပေါင်းဆောင်ရွက်မှုများ

အဖွဲ့ သည် ၎င်း၏ ရည်မှန်းချက်ကို မြှင့်တင်ရန်နှင့် ၎င်း၏အဖွဲ့ဝင်များကို ပံ့ပိုးရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ လုပ်ဆောင်မည်။

ပုဒ်မ ၁၃မကုဋာရာမ မြန်မာကျောင်းတိုက်နှင့် ဆက်ဆံရေး

  • နာယကဆရာတော်များ၏ ဩဝါဒနှင့် အကြံဉာဏ်များကို အမြဲအလေးထားဆောင်ရွက်ရမည်။ 
  • မကုဋာရာမ မြန်မာသံဃာ့အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းရမည်။

ပုဒ်မ ၁၄ပြည်တွင်းနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ

အဖွဲ့သည် မကုဋာရာမမြန်မာကျောင်းနာယကဆရာတော်များ၏ ဦးဆောင်မှုနောက်မှလိုက်၍ အောက်ပါတို့နှင့် ကျောင်းသားရေးရာ ကိစ္စများကို ပူးပေါင်းဆောင်ရွက်မည်-

  • သီရိလင်္ကာနိုင်ငံတွင်းမှ နိုင်ငံတကာကျောင်းသားအဖွဲ့အစည်းများ။
  • ပြည်ပနိုင်ငံများရှိ မြန်မာကျောင်းသားအဖွဲ့အစည်းများ။ 

မှတ်ချက် အဖွဲ့သည် ၎င်း၏အဖွဲ့ဝင်တစ်ဦးချင်းစီ၏ နိုင်ငံရေးယုံကြည်ချက်များကို လေးစားသော်လည်း သီရိလင်္ကာအတွင်း မည်သည့်နိုင်ငံရေးလှုပ်ရှားမှု သို့မဟုတ် ဆန္ဒပြမှုမျိုးတွင်မှ ပါဝင်ခြင်း သို့မဟုတ် ဦးဆောင်ခြင်း ပြုလုပ်မည်မဟုတ်ပါ။

အခန်း ပညာရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကျောင်းသားများအားပံ့ပိုးမှု

အဖွဲ့သည် သီရိလင်္ကာရှိ မြန်မာကျောင်းသားများ၏ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေး ဆောင်ရွက်မည်။ ဤကတိကဝတ်ကို ထိန်းသိမ်းရန် အဖွဲ့သည်-

၁။ အသိပညာမျှဝေခြင်း၊ ဘာသာစကားသင်တန်းများနှင့် သုတေသနနည်းပညာ အလုပ်ရုံဆွေးနွေးပွဲများကဲ့သို့သော ပညာရေးအစီအစဉ်များကို သီးခြားသော်လည်းကောင်း၊ အခြားအဖွဲ့အစည်းများဖြင့် ပူပေါင်း၍သော်လည်းကောင်း စီစဉ်ဆောင်ရွက်မည်။

၂။ ကျောင်းသားများ၏ တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းစဉ်တွင် လမ်းညွှန်မှုနှင့် အကူအညီများ ပေးမည်ဖြစ်ပြီး၊ (လိုအပ်ပါက) ပံ့ပိုးကူညီသူများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် တက္ကသိုလ်မော်ကွန်းထိန်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။

၃။ ပညာသင်ဆုများလျှောက်ထားခြင်းဆိုင်ရာ သတင်းအချက်အလက်မျှဝေခြင်း ကိစ္စများကို တတ်နိုင်သမျှ ပါဝင် ကူညီပေးမည်။ 

အခန်း ၁၀ရေရှည်တည်တံ့ရေး

အဖွဲ့၏ ရေရှည်ဆက်လက်တည်ရှိမှုနှင့် ထိရောက်မှုကို သေချာစေရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ချက်များကို ပြုလုပ်မည်-

ပုဒ်မ ၁၅ခေါင်းဆောင်မှု 

  • ရှင်းလင်းသော ရွေးကောက်ပွဲ လုပ်ငန်းစဉ်နှင့် ခေါင်းဆောင်မှုလွှဲပြောင်းခြင်း လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော်မည်။
  • အသစ်ရွေးချယ်တင်မြှောက်ခံရသော ကော်မတီဝင်များအား ခေါင်းဆောင်မှု လေ့ကျင့်ရေးနှင့် လိုအပ်သော စာရွက်စာတမ်းများကို ပံ့ပိုးပေးမည်။

ပုဒ်မ ၁၆ အဖွဲ့အစည်းဆိုင်ရာ မှတ်တမ်းများ 

  • တိကျသော မှတ်တမ်းများ၊ အစည်းအဝေးမှတ်တမ်းများ၊ အစီရင်ခံစာများနှင့် ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းများကို အလှည့်ကျ အတွင်းရေးမှုက ထိန်းသိမ်းထားရှိမည်။
  • ခွင့်ပြုချက်ရှိသူများသာ ဝင်ရောက်ကြည့်ရှုနိုင်ရန် လုံခြုံသော ဒစ်ဂျစ်တယ် ပလက်ဖောင်းများကို အသုံးပြု၍ ဒေတာများ သိမ်းဆည်းမည်။

ပုဒ်မ ၁၇အကြံပေးမှုနှင့် ကျောင်းသားဟောင်း ကွန်ရက်

  • အတွေ့အကြုံရှိ ကျောင်းသားများ သို့မဟုတ် ကျောင်းသားဟောင်းများကို အဖွဲ့ဝင်အသစ်များနှင့် ချိတ်ဆက်ပေးခြင်းဖြင့် အကြံပေးမှုအခွင့်အလမ်းများ ဖန်တီးမည်။
  • ယခင် ကော်မတီအဖွဲ့ဝင်ဟောင်းများကို အကြံပေး သို့မဟုတ် ပံ့ပိုးမှုအခန်းကဏ္ဍများတွင် ပါဝင်စေရန် ကျောင်းသားဟောင်းများနှင့် အဆက်အသွယ်ပြုလုပ်မည်။ 

အခန်း ၁၁ပြင်ဆင်မှုများပြုလုပ်ခြင်း

  • ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များကို မည်သည့်အလုပ်အမှုဆောင်အဖွဲ့ဝင်မဆို တင်ပြနိုင်သည်။
  • အလုပ်အမှုဆောင် ကော်မတီ၏ မဲ (၆၅%) လိုအပ်မည်။
  • အထွေထွေအစည်းအဝေးတွင် အတည်ပြုရမည်။

အခန်း ၁၂ဖျက်သိမ်းခြင်း

  • အဖွဲ့ကို အလုပ်အမှုဆောင် ကော်မတီနှင့် အဖွဲ့ဝင်ကျောင်းသားများ၏ မဲ (၇၅%) ဖြင့် အထွေထွေအစည်းအဝေးတွင် ဖျက်သိမ်းနိုင်သည်။
  • နှစ်စဉ်ကျင်းပသည့် အထွေထွေ အစည်းအဝေးပွဲကို ၄ နှစ်ဆက်တိုက် မကျင်းပနိုင်လျှင် အဖွဲ့သည် အလိုလိုဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူမည်။ 
  • ကျန်ရှိသော ရန်ပုံငွေများနှင့် ပိုင်ဆိုင်မှုများကို မကုဋာရာမ မြန်မာကျောင်းတိုက်သို့ လှူဒါန်းမည်။

အခန်းပေါင်း (၁၂) ခန်း နှင့် ပုဒ်မခွဲပေါင်း (၁၇)ခု ပါသော ဤ မြန်မာကျောင်းသားများ အဖွဲ့အစည်း- သီရိလင်္ကာ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို 

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မကုဋာရာမမြန်မာကျောင်းတိုက်၌ ကျင်းပသော အစည်းအဝေးပွဲတွင် အများသဘောတူညီချက်ဖြင့် အတည်ပြု၍ ပြဋ္ဌာန်းသည်။

Leave a Reply

Your email address will not be published. Required fields are marked *