Postgraduate Institute of Humanities and Social Sciences,

University of Peradeniya

သီရိလင်္ကာနိုင်ငံ၊ ကန္ဒီ (Kandy) မြို့အနီးရှိ သဘာဝအလှတရားများနှင့် ပြည့်စုံသော ပေရာဒေနိယ တက္ကသိုလ် (University of Peradeniya) ၏ Postgraduate Institute of Humanities and Social Sciences (PGIHS) မှ ဗုဒ္ဓဘာသာပညာရပ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းများကို တက်ရောက်ရန် စိတ်ဝင်စားသော ရဟန်းတော်များ၊ သီလရှင်များနှင့် ကျောင်းသားများအတွက် အောက်ပါ အချက်အလက်များကို စုစည်း တင်ပြပေးလိုက်ပါသည်။

၁။ တက္ကသိုလ်အကြောင်း အကျဉ်းချုပ်

  • တက္ကသိုလ်၏ အမည်အပြည့်အစုံနှင့် အတိုကောက် University of Peradeniya (UoP)။ သီရိလင်္ကာနိုင်ငံ၏ သက်တမ်းအရင့်ဆုံးနှင့် အကြီးဆုံးသော အစိုးရတက္ကသိုလ် ဖြစ်ပါသည်။
  • သမိုင်းအကျဉ်းနှင့် တည်ထောင်ခုနှစ် မူလအစ ၁၉၄၂ ခုနှစ် တွင် တည်ထောင်ခဲ့သည့် University of Ceylon မှ စတင်ခဲ့ပါသည်။ လက်ရှိ ပေရာဒေနိယ၏ သာယာလှပသော နေရာသို့ ၁၉၅၂ ခုနှစ် တွင် ပြောင်းရွှေ့ပြီး လုပ်ငန်းများ စတင်လည်ပတ်ခဲ့ပါသည်။
  • တည်နေရာ/လိပ်စာနှင့် ပတ်ဝန်းကျင် ကန္ဒီမြို့ (Kandy) ၏ အပြင်ဘက် ၈ ကီလိုမီတာခန့်အကွာ ပေရာဒေနိယတွင် တည်ရှိပါသည်။ ဟန်သာန (Hanthana) တောင်တန်း နှင့် မဟာဝေလိ (Mahaweli) မြစ် တို့ ဝန်းရံထားသောကြောင့် ကမ္ဘာ့အလှပဆုံး တက္ကသိုလ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရပါသည်။
  • အဓိက ရည်မှန်းချက် (Mission/Vision) “ပြည်တွင်း၊ ဒေသတွင်းနှင့် ကမ္ဘာ့အဆင့်မီသော အဆင့်မြင့် ပညာရေး၏ ထူးချွန်သော ဗဟိုဌာနတစ်ခု ဖြစ်ရန်” နှင့် “သီရိလင်္ကာနိုင်ငံ၏ အပြည့်စုံဆုံး တက္ကသိုလ်” ဖြစ်ရန် ရည်မှန်းထားပါသည်။

၂။ ပညာရေးနှင့် သင်ကြားရေး (Academics & Curriculum)

တက်ရောက်နိုင်သော အတန်းများ သင်တန်းကာလမျာနှင့် ဘာသာရပ်များ (Courses, Duration, Subjects)

  • Postgraduate Diploma in Buddhist Studies (PGD)၊ ၁ နှစ်၊ Coursework
  • Master of Arts (M.A.)၁ နှစ် (Coursework နှင့် Guided Project)
  • Master of Arts (M.A.)၂ နှစ် (Coursework နှင့် သုတေသန ကျမ်းရေး)
  • Master of Philosophy (M.Phil.) ၂ နှစ် (သုတေသန ကျမ်းရေး)
  • Doctor of Philosophy (Ph.D.) ၃ နှစ် (သုတေသန ကျမ်းရေး)
  • သင်ကြားရေး ဘာသာစကား အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားပေးပါသည်။
  • တစ်နှစ်တာသင်ကြားရေး အစီအစဉ် စာသင်နှစ်ကို Semester များဖြင့် ပိုင်းခြားထားပြီး Coursework များ၊ Assignment များ, Oral Presentation များနှင့် သုတေသနကျမ်း (Proposal, Thesis) တို့ ပါဝင်ပါသည်။

📌 Coursework တွင် င်ကြားပေးသော ဘာသာရပ်များ Buddhist Studies, Pali, Sanskrit, Philosophy, English, Education, Religious and Cultural Studies စသော ဘာသာရပ်များကို ရွေးချယ်နိုင်ပါသည်။ သင်ရိုးညွှန်းတမ်းကိုတော့ သက်ဆိုင်ရာ Board of Study က သတ်မှတ်ပါသည်။

ပညာသင်စရိတ် (Fee & Expenses)

PGIHS သည် နိုင်ငံခြားသား ရဟန်းတော်များ (Clergy from foreign countries) အတွက် သီးသန့် Fee နှုန်းထားများကို သတ်မှတ်ပေးထားပါသည်။

  • အတန်းကြေး(Tuition Fees)
    • Postgraduate Diploma (1 year) – $750
    • M.A.1 year (Coursework & Project) – $900
    • M.A. 2 years (Coursework & Research) – $ 1800
    • M.Phil. (Research) $ 2100
    •  Ph.D. (Research) – $3150
  • တစ်ကြိမ်သာ ပေးသွင်းရသည့် ကြေးများ ကျောင်းအပ်နှံခ ($250၊ စာကြည့်တိုက် အပ်ငွေ ($40) ။
  • နှစ်စဉ် ပေးသွင်းရသည့် အခြားကြေးများ စာကြည့်တိုက်ကြေး ($60) ၊ စာမေးပွဲကြေးများ။

ကျောင်းလခများကို အခါအားလျော်စွာ ပေးသွင်းနိုင်ပါသည်။ ယခုကျောင်းကြေးများသည် လက်ရှိတက္ကသိုလ်မှ ထုတ်ပြန်ထားသည့် Fee Structure – PGIHS မှ ဖြစ်ပါသည်။ သို့သော် တက္ကသိုလ်သည် အချိန်မရွေး Fee နှုန်းထားများကို ပြောင်းလဲနိုင်ပါသည်။

နေထိုင်မှုနှင့် ကျောင်းသားအထောက်အပံ့ (Accommodation & Support)

တက္ကသိုလ်အဆောင်

  • UoP နှင့် PGIHS သည် လက်ရှိအချိန်တွင် ဘွဲ့လွန်(Postgraduate) ကျောင်းသားများအတွက် ကျောင်းတွင်း အဆောင်ကို စီစဉ်ပေးနိုင်ခြင်း မရှိသေးပါ။
  • လက်ရှိတွင် အဓိကအားဖြင့် ဘွဲ့ကြို(Undergraduate)ကျောင်းသားများသာ အဆောင်ရနိုင်ပါသည်။

ပြင်ပနေထိုင်မှုနှင့် စရိတ်

  • ကျောင်းသားများသည် တက္ကသိုလ်နှင့် နီးစပ်သော Kandy မြို့နှင့် ပေရာဒေနိယဝန်းကျင်ရှိ ကိုယ်ပိုင်အိမ်များ သို့မဟုတ် တိုက်ခန်းများတွင် ငှားရမ်းနေထိုင်နိုင်ပါသည်။
  • ခန့်မှန်း အဆောင်ခ တစ်လလျှင် Rs 10,000–15,000 ($75–95) ဖြင့် တစ်ဦးတည်း အခန်း ငှားရမ်းနေနိုင်ပါသည်။ စုပေါင်း၍လည်း ငှါးရန်နေနိုင်ပါသည်။
  • နေထိုင်စားသောက်စရိတ် တစ်လလျှင် USD 200–300 ဝန်းကျင် ကုန်ကျနိုင်ပါသည်။
  • အထက်ပါနေစရိတ်များ အကုန်ကျမခံလိုပါက အဆက်အသွယ်ရှိသည့် လိုကယ်ဘုန်းကြီးကျောင်းများတွင်လည်း လိုကယ်ဘုန်းကြီးများ နည်းတူ အခမဲ့ နေထိုင်နိုင်ပါသည်။

ကျောင်းသားအထောက်အပံ့

  • စာကြည့်တိုက် စာအုပ်စာတမ်းများ (ပိဋကတ်၊ ပေစာများ) နှင့် ဒစ်ဂျစ်တယ် အထောက်အပံ့များ ရရှိပါသည်။
  • အခြား အထောက်အပံ့များ ကွန်ပျူတာခန်း၊ အင်တာနက် (Wi-Fi) ၊ ကျောင်းသား အကြံဉာဏ်ပေး ဝန်ဆောင်မှုများလည်း ရှိပါသည်။

ဝင်ခွင့်နှင့် ဗီဇာ လိုအပ်ချက်များ (Admission & Visa Requirements)

ဝင်ခွင့်လိုအပ်ချက်များ (Entry Requirements)

📝 ကျောင်းအပ်နှံရန် လိုအပ်သည့် အဓိက စာရွက်စာတမ်းများ

လျှောက်ထားသူသည် မိမိတက်ရောက်လိုသည့် ဘွဲ့အဆင့်အလိုက် (PGD, M.A., M.Phil., Ph.D.) လိုအပ်သော အရည်အချင်းများနှင့်ပြည့်စုံကြောင်း သက်သေပြရန် အောက်ပါမူရင်းစာရွက်စာတမ်းများ (သို့မဟုတ်) မှတ်တမ်းတင်ထားသော မိတ္တူများကို ပြင်ဆင်ထားရပါမည်။

(က) ပညာရေးဆိုင်ရာ မှတ်တမ်းများ (Academic Documents)

  • မူရင်းဘွဲ့လက်မှတ် (bachelor’s degree Certificate) – လျှောက်ထားမည့် ဘွဲ့လွန်သင်တန်းအတွက် အခြေခံအဖြစ် လိုအပ်သော ဘွဲ့ (ဥပမာ – B.A. Degree) မူရင်းလက်မှတ်။
  • ဘွဲ့လွန်လက်မှတ်များ (Postgraduate Certificates) – (M.Phil. သို့မဟုတ် Ph.D. လျှောက်ထားပါက) မဟာဘွဲ့ (M.A.) သို့မဟုတ် အခြားဘွဲ့လွန် ဒီပလိုမာ လက်မှတ်များ။
  • ရမှတ်စာရင်း (Transcripts / Detailed Mark Sheets) – သင်ယူခဲ့သော ဘာသာရပ်များ၏ အသေးစိတ် အမှတ်စာရင်းများ။
  • PGIHS ၏ အတန်းများသည် အင်္ဂလိပ်ဘာသာဖြင့် ဖြစ်သောကြောင့် အနည်းဆုံး Intermediate အဆင့် ရှိရပါမည်။ (English Level ကို ဖော်ပြပေးရတာမျိုးလည်း ရှိနိုင်ပါသည်။)
  • သုတေသန အဆိုပြုလွှာ (Research Proposal) – (M.Phil. နှင့် Ph.D. လျှောက်ထားသူများအတွက်သာ) မိမိလုပ်ဆောင်လိုသော သုတေသန အကြောင်းအရာ၊ ရည်ရွယ်ချက်၊ နည်းစနစ်များ ပါဝင်ရပါမည်။
  • လျှောက်လွှာတင်ရမည့် အချိန် နှစ်စဉ် ကျောင်းသားသစ် (Intake) ခေါ်ယူမှုရှိပါတယ်။ (ဥပမာ – Intake ၂၀၂၆ အတွက် ၂၀၂၅ ဒီဇင်ဘာလအတွင်း နောက်ဆုံးထား လျှောက်ရပါသည်)။
  • လျှောက်လွှာတင်ရမည့် ပုံစံ Online မှ လျှောက်လွှာပုံစံကို download လုပ်၍ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ တင်ပြရပါသည်။

() ဗီဇာလိုအပ်ချက်များ (Visa Requirements)

  • လျှောက်နည်း ပညာသင်ကြားလိုသူတိုင်း သီရိလင်္ကာမရောက်မီ Entry Visa ကို ရယူရပါမည်။ PGIHS မှ ကျောင်းဝင်ခွင့်/ဖိတ်စာ ရရှိပြီးနောက် သက်ဆိုင်ရာ သီရိလင်္ကာသံရုံးမှတဆင့် လျှောက်ထားရပါမည်။
  • သက်တမ်းတိုးနည်း သီရိလင်္ကာသို့ ရောက်ရှိပြီး ရက် ၃၀ အတွင်း Residence Visa (Education) ကို လူဝင်မှုကြီးကြပ်ရေးဌာနတွင် ပြောင်းလဲ လျှောက်ထားရပါမည်။
  • မှတ်ချက် ခရီးသွားဗီဇာ (Tourist Visa) သည် Residence Visa ရယူရန် အကျုံးမဝင်ပါ။
  • ဗီဇာ လျှောက်ထားရာတွင် လိုအပ်သည်များ (Entry Visa အတွက်)
    • PGIHS မှ ပေးပို့သော ကျောင်းဝင်ခွင့် (သို့) ဖိတ်စာ (Letter of admission/invitation)
    • နေထိုင်ရာနိုင်ငံမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ (Security clearance)
    • ပတ်စပို့ မိတ္တူစသည် အပါအဝင် ပညာရေးဆိုင်ရာ မှတ်တမ်းများ (Academic records)

၆။ ဘွဲ့ရပြီး အခွင့်အလမ်း (Post-Graduate Opportunities)

  • ဘွဲ့၏ တရားဝင်မှု PGIHS သည် ပေရာဒေနိယ တက္ကသိုလ်နှင့် ချိတ်ဆက်ထားသည့် အဆင့်မြင့် ဘွဲ့လွန်ဌာနဖြစ်သောကြောင့် ရရှိသောဘွဲ့များသည် နိုင်ငံတကာတွင် အသိအမှတ်ပြုမှု ရရှိရန် အခွင့်အလမ်းမြင့်မားပါသည်။
  • အနာဂတ်အခွင့်အလမ်း ဤတက္ကသိုလ်မှ ဘွဲ့ရပြီးပါက ပြည်တွင်း/ပြည်ပတွင် အခြားတက္ကသိုလ်များ၌ ပညာရေး ဆက်လက် သင်ယူရန် သို့မဟုတ် သုတေသနနှင့် ပညာရေးနယ်ပယ်တွင် လုပ်ကိုင်ရန် လွယ်ကူစေပါသည်။

အသေးစိတ်အချက်အလက်များကို ဆက်လက်သိလိုပါက အောက်ပါ MSAS YouTube Channel တွင် သွားရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

PGIHS မိတ်ဆက်

 PGIHS သို့ ဆက်သွယ်ရန်

  1. Tel: +94 812 068 363/ +94 812 068 362
  2. Email: info@pgihs.ac.lk
  3. Web: http://web.pgihs.ac.lk/

Leave a Reply

Your email address will not be published. Required fields are marked *