
Nagananda International Institute for Buddhist Studies
၁။ တက္ကသိုလ်အကြောင်း အကျဉ်းချုပ် မိတ်ဆက်ခြင်း (Brief Introduction)
အပြည်ပြည်ဆိုင်ရာ နာဂါနန္ဒဗုဒ္ဓတက္ကသိုလ် (NIIBS) သည်ကိုလံဘိုမြို့၊ ကလျာဏီသိမ်၏ အရှေ့ဘက် ၄.၃ ကီလိုမီတာကွာဝေးသော ဘိုလေဂလ (Bollegala) အရပ်တွင် တည်ရှိပါသည်။ တက္ကသိုလ်အကျယ်အဝန်းမှာ ဧက ၄၀ ရှိပါသည်။
နာဂါနန္ဒဗုဒ္ဓတက္ကသိုလ်အဖြစ် သန္ဓေတည်မည့် မနေလ်ဝတ္တ(Manelwatta) ဝိဟာရကို နိုင်ငံတကာအဆင့်မီဗုဒ္ဓစာပေများဆည်းပူးနိုင်ရန်နှင့် ခေတ်သစ်ဝိဇ္ဇာ၊ သိပ္ပံပညာရပ်များကိုဖြည့်ဆည်းထောက်ပံ့ပေးသော ပညာရပ်ဝန်းကျင်အဖြစ်အကောင်အထည်ဖော်နိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် သီရိလင်္ကာနိုင်ငံ၏ ဒုတိယမြောက် သမ္မတ ဂျယေဝါဒေနေ (Junius Richard Jayewardene) နှင့် ဇနီးတို့က ၁၉၆၂-ခုနှစ်တွင် ဝေလိဝိတသံဃရာဇာကျောင်း (Welivita Sangaraja Temple) ကိုသံဃာများ ရှေ့မှောက်၌ စာချုပ်စာတမ်းများနှင့်တကွဗုဒ္ဓသာသနာအား လှူဒါန်းခဲ့သည်။ သာသနာရေးဆိုင်ရာများဆောင်ရွက်နိုင်ရန် ဤကျောင်းတော်ကို ဆရာတော် ဘဒ္ဒန္တဓမ္မကိတ္တိ (Ven.Kandakkaliye Dhamma-Kitthi) အား မလ်ဝတ္တဂိုဏ်း (Malwatta Cahpter)မှ တာဝန်အပ်နှင်းခဲ့သည်။ ဆရာတော်ကြီးသည် ကျောင်းတော်ကို ဆက်လက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိစဉ် ကျန်းမာရေး မကောင်းသောကြောင့် ထိုင်ဝမ်နိုင်ငံတွင် သီတင်းသုံးနေသောဆရာတော် ဘဒ္ဒန္တ စန္ဒိမာ (Ven.Dr.Bodagama Chandima)အား အလှူရှင်၏ဆန္ဒကို ဆက်လက်အကောင်ထည်ဖော်ရန်ကျောင်းတော်ကို လွှဲပြောင်းတာဝန်ပေးအပ်ခဲ့သည်။
ဤတက္ကသိုလ်ကို ၂၀၁၃-ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့တွင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာဦးဆောင်၍ ဩစတြေးလျနိုင်ငံ၊Pure Land Buddhist Education Centre ၏ အဓိပတိဖြစ်သောVen.Prof. Ching Kung လွှတ်တော်ဥက္ကဋ္ဌ Hon. Chamal Rajapaksha နှင့် ပညာရေးဝန်ကြီး Hon. S.B. Dissanayake တို့အုတ်မြစ်ချဖွင့်လှစ်ပေးခဲ့သည်။ ဤတက္ကသိုလ်ကိုတည်ထောင်ဖွင့်လှစ်နိုင်ရန် ငွေကြေး ထောက်ပံ့မှုအပိုင်းကိုVen.Prof. Ching Kung က တာဝန်ယူ၍ အကောင်အထည် ဖော်မှုအပိုင်းကို ဆရာတော် ဘဒ္ဒန္တစန္ဒိမာက ဦးစီးဆောင်ရွက်သည်။ (လင်္ကာတမန်မဂ္ဂဇင်း, ၂၀၂၄)
၂။ ပညာရေးနှင့် သင်ကြားရေး (Academics & Curriculum)
NIIBS တွင် Faculties (4) ခုရှိပါသည်။
1. Faculty of Graduate Studies
2. Faculty of Buddhist Studies
3. Faculty of Humanities and Social Sciences
4. School of Information Communication Technology
တို့ဖြစ်သည်။
အထက်ပါ (၄) ခုအနက် မြန်မာကျောင်းသားများသည် Faculty of Graduate Studies နှင့် Faculty of Buddhist Studies ဌာနတွင်အများဆုံး တက်ရောက်ကြသည်။ NIIBS တွင်သင်ယူလေ့လာနိုင်သော အတန်းများကို English, Sinhala ၂-ဘာသာဖြင့်သင်ကြား၍ Certificate Programmes မှစတင်ကာ Postgraduate Programmes အထိ သင်ယူလေ့လာနိုင်သော ဘာသာရပ်များစွာရှိသည့်အနက် English Medium ဖြင့်သင်ကြားပြီး မြန်မာကျောင်းသားအများစု လေ့လာနိုင်သော Program များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Certificate Programmes
1. English Through Buddhism (30 Weeks, Fee $220)
2. Certificate Course in Basic English (6 Months, Fee $180)
Diploma Programmes
1. Diploma in English (1 Year, Fee $ 270)
Undergraduate Programmes
1. Bachelor of Arts (General) in Buddhist Studies (3 Years, Fee $ 500 per year)
2. Bachelor of Arts (Hons) in Buddhist Studies (4 Years, Fee $ 500 per year)
Postgraduate Programmes
1. Postgraduate Diploma in Buddhist Studies (1 Year, Fee $ 350)
2. Master of Arts in Buddhist Studies (1 Year, Fee $ 500)
3. Master of Philosophy in Buddhist Studies (2 Year, Fee $ 1100)
4. Doctor of Philosophy in Buddhist Studies (3 Year, Fee $ 1500)
English Through Buddhism အတန်းသည် Buddhist Studies နှင့်အကွ အင်္ဂလိပ်စာအတွက်ပါ အထောက်အပံ့ ဖြစ်စေရန်ရည်ရွယ်၍ Emeritus Prof. Asanga Tilakaratne ဦးဆောင်ကာ သင်ကြားသော သင်တန်းဖြစ်သည်။ တစ်ပတ်လျှင် တစ်ရက်သင်ကြား၍၊ သင်ကြားချိန် အပတ်စဉ် (၃၀) ရှိပါသည်။ Buddhist Studies နှင့်ပတ်သက်၍ ဘွဲ့လွန်တက်နေသော ကျောင်းသားများ တက်ရောက်နိုင်ပါသည်။
Diploma in English အတန်းသည် အင်္ဂလိပ်စာ Four Skill ကို အထူးပြု၍ သင်ကြားသော အတန်းဖြစ်သည်။ ဤသင်တန်းအတွက် The General Certificate of Education Advanced Level (A/L) အောင်မြင်ထားသူများ၊ ဓမ္မာစရိယအောင်မြင်ထားသူများ တက်ရောက်နိုင်ပါသည်။
Bachelor of Arts (General) in Buddhist Studies အတန်း၌ တစ်နှစ်လျှင် Semester (၂) ခုဖြင့် သုံးနှစ်အတွက် Semester (၆) ခု သင်ယူရသည်။ First year, first semester တွင် ဘာသာရပ် (၇)ခု, second semester တွင် ဘာသာရပ်(၆) ခု, second year, first and second semester တွင် ဘာသာရပ်(၈) ခု, third year, first and second semester တွင် ဘာသာရပ်(၇) ခု တို့ကို သင်ယူရသည်။
Bachelor of Arts (Hons.) in Buddhist Studies အတန်း၌ တစ်နှစ်လျှင် Semester (၂) ခုဖြင့် လေးနှစ်အတွက် Semester (၈) ခု သင်ယူရသည်။ First year, first semester တွင် ဘာသာရပ် (၇)ခု, second semester တွင် ဘာသာရပ်(၆) ခု, Second year, first and second semester တွင် ဘာသာရပ်(၈) ခု, Third year, first and second semester တွင် ဘာသာရပ်(၇) ခု, Fourth year, first semester တွင် ဘာသာရပ် (၆) ခု, second semester တွင်ဘာသာရပ် (၅) ခု တို့ကို သင်ယူရသည်။ ဘာသာရပ်တစ်ခုခြင်းစီ အတွက် အဆိုင်းမန့်တစ်စောင်စီတင်သွင်းရ၍၊Semester တစ်ခုပြီးတိုင်း စာမေးပွဲ တစ်ကြိမ်ဖြေဆိုရသည်။ ဤသင်တန်းအတွက် The General Certificate of EducationAdvanced Level (A/L) အောင်မြင်ထားသူများ၊ ပထမကြီးတန်းအောင်မြင်ပြီးသူများ တက်ရောက်နိုင်သည်။
Postgraduate Diploma in Buddhist Studies အတန်းသည် အစိုးရအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘီအေ ဘွဲ့ရရှိပြီး Buddhist Studies နယ်ပယ်တွင် MPhil, PhD. ဆက်လက်တက်ရောက်လိုသော ကျောင်းသားများအတွက် ရည်ရွယ်ပါသည်။ ဤအတန်းတွင် ဘာသာရပ် (၅) ခုသင်ယူရပြီး၊ တစ်ဘာသာလျှင် အဆိုင်းမန့် တစ်စောင်စီ တင်သွင်း၍၊ တစ်ဘာသာလျှင် စာသင်ကြားချိန် နာရီ (၃၀) ရှိပါသည်။ နောက်ဆုံးစာမေးပွဲဖြေဆိုရပါသည်။
ဤသင်တန်းအတွက် ဝင်ခွင့်လျှောက်ထားသူများသည် အစိုးရအသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိထားသူ၊ Faculty Board of the Institute မှ အသိအမှတ်ပြု လက်ခံနိုင်သော အရည်အချင်း တစ်ခုခုရရှိထားသူဖြစ်ရမည်။
Master of Arts in Buddhist Studies အတန်းတွင် ဘာသာရပ် (၆) ခု သင်ယူရပြီး၊ တစ်ဘာသာလျှင် အဆိုင်းမန့် တစ်စောင်စီ တင်သွင်း၍၊ တစ်ဘာသာလျှင် စာသင်ကြားချိန် နာရီ (၃၀) ရှိပါသည်။ နောက်ဆုံးစာမေးပွဲဖြေဆိုရပါသည်။ စာမေးပွဲပြီးသောအခါ စာလုံးရေ (၅၀၀၀) ခန့် ကျမ်းစာတစ်စောင် ဆက်လက်တင်သွင်းရပါသည်။ ဤအတန်းအတွက် ဝင်ခွင့်လျှောက်ထားသူ များသည် အစိုးရအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘီအေဘွဲ့တစ်ခုခု ရရှိထားသူ၊ Postgraduate Diploma in Buddhist Studies ရရှိထားသူ၊ Faculty Board of the Institute မှ အသိအမှတ်ပြု လက်ခံနိုင်သော အရည်အချင်း တစ်ခုခုရရှိထားသူဖြစ်ရမည်။
MPhil နှင့် Ph.D. တန်းများကို တစ်နှစ်ပတ်လုံး ကျောင်းအပ်နိုင်သည်။ ကျောင်းအပ်သောပုံစံမှာ မိမိရေးသားမည့်ကျမ်းခေါင်းစဉ်ကို မိမိနှစ်သက်ရာ (သို့) မိမိရေးသားမည့်ကျမ်းနှင့် သက်ဆိုင်သော စူပါဗိုက်ဆာနှင့်တိုင်ပင်၍ MPhil နှင့် Ph.D.တန်းအတွက် လျောက်လွှာတင်နိုင်သည်။ ကျမ်းခေါင်းစဉ် အတည်ပြုဖို့ရန်အတွက် မိမိ၏စူပါဗိုက်ဆာနှင့် ဆွေးနွေးမှု၊ တက္ကသိုလ်ဘုတ်အဖွဲ့၏ အတည်ပြုမှု အပေါ်မူတည်၍ အနည်းဆုံး (၁) လ မှ (၈) လ ခန့်အထိ ကြာမြင့်နိုင်သည်။ ကျမ်းခေါင်းစဉ် အတည်ပြုပြီးနောက် (၃) လအတွင်း ပရိုပိုဆယ်ရေး၍ First Presentation ပြုလုပ်ဖို့ရန် လျောက်လွှာတင်နိုင်ပြီဖြစ်သည်။
M.Phil မှ Ph.D. သို့ Upgrade ပြုလုပ်လိုသော ကျောင်းသားများသည် မိမိရေးသားသောကျမ်း၏ 40% ခန့်ပြီးစီးပါက (၁၂) လမှ (၁၈) လအတွင်း ကျမ်းကြီးကြပ်သူများ၏ ထောက်ခံချက်ဖြင့် Upgrade Presentation ပြုလုပ်နိုင်သည်။ ထို့နောက် သတ်မှတ်ချိန်ကာလအတွင်း Final Presentation and Viva စသည်ဖြင့် အဆင့်ဆင့် ပြုလုပ်သွားရန်ဖြစ်သည်။ MPhil, Ph.D. ကျောင်းသားများသည် (၆) လလျှင် တစ်ကြိမ် ကျမ်းကြီးကြပ်သူ၏ ထောက်ခံချက်ဖြင့် Progress Report တင်သွင်းရလေသည်။
M.Phil တန်း အတွက် သင်တန်းကြေးသည်
Course Fee $700,
Registration Fee $200 (per year) စုစုပေါင်း (2-Years အတွက်) $1100 ဖြစ်ပါသည်။ ဤအတန်းအတွက် ဝင်ခွင့်လျှောက်ထားသူ များသည် အစိုးရအသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုမှ အမ်အေဘွဲ့တစ်ခုခု ရရှိထားသူ၊ ဘီအေတန်းတွင် First or Second Class ဖြင့်အောင်မြင်ထားသူများ လျောက်ထား တက်ရောက်နိုင်သည်။
Ph.D. တန်း အတွက် သင်တန်းကြေးသည်
Course Fee $900,
Registration Fee $200 (per year) စုစုပေါင်း (3-Years အတွက်)$1500 ဖြစ်ပါသည်။ M.Phil တန်းမှစတက်၍ Ph.D. သို့ Upgrade ပြုလုပ်ကာ Ph.D. အတန်းပြီးဆုံးသည့်တိုင် ကျမ်းရေးသားမည့်ကျောင်းသားများအတွက်လည်း သင်တန်းကြေးသည် ထို့အတူ စုစုပေါင်း $1500 ဖြစ်ပါသည်။ ဤအတန်းအတွက် ဝင်ခွင့်လျှောက်ထားသူ များသည် အစိုးရအသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုမှ ဗုဒ္ဓဘာသာဆိုင်ရာ M.A (Two Years) ဘွဲ့တစ်ခုခု ရရှိထားသူ၊ ဗုဒ္ဓဘာသာနှင့်စပ်ဆက်သော MPhil ဘွဲ့တစ်ခုခု ရရှိထားပြီးသူများ လျောက်ထားတက်ရောက်နိုင်သည်။
၃။ ကျောင်းလျောက်ရာတွင် လိုအပ်သော စာရွက်စာတမ်းများ
1. Pathama Gyi Certificate and Passed Marks (Notary) (for B.A. applicants)
• B.A or Dhammacariya Degree and Passed Marks (Notary) (for M.A. candidates)
• M.A Degree (for MPhil candidates)
• M.A (Two Years) or MPhil Degree (for PhD candidates)
2. Passport Copy
3. Passport Photos (2 Photos)
4. Ordination Certificate (for B.A. applicants)
5. Religious Scrutiny Card
6. Police Recommendation Letter
၄။ နေထိုင်မှုနှင့် ကျောင်းသား အထောက်အပံ့ (Accommodation & Student Support)
B.A တန်းတက်ရောက်နေသော (သို့) တက်ရောက်လိုသော မြန်မာ ကျောင်းသားများသည် တက္ကသိုလ်တွင် (နေထိုင်လိုပါက) နေထိုင်ခွင့်ရှိပြီး၊ အဆောင်နေစရိတ် နှင့် စားစရိတ် တို့ကို တက္ကသိုလ်မှ ထောက်ပံ့ပေးပါသည်။ ထို့အပြင် B.A တန်းတက်ရောက်နေသော (သို့) တက်ရောက်လိုသော သီလရှင်ဆရာလေးများ အတွက် ကျောင်းစရိတ်၊ နေထိုင်စရိတ်၊ စားစရိတ် စသည်တို့ကို (Full Scholarship အနေဖြင့်) တက္ကသိုလ်မှ ထောက်ပံ့ပေးသည်။
M.A တန်းတက်ရောက်နေသော (သို့) တက်ရောက်လိုသော သီလရှင်ဆရာလေးများ / လူပုဂ္ဂိုလ်များ အနေဖြင့် တက္ကသိုလ်တွင် (နေထိုင်လိုပါက) နေထိုင်ခွင့်ရှိပြီး၊ တစ်လလျှင် ရူပီး (၁၀၀၀၀) ပေးဆောင်၍ နေထိုင်နိုင်ပါသည်။
NIIBS ၌ ပညာသင်ကြားနေသော ကျောင်းသားများသည်တက္ကသိုလ်ကန်တင်းတွင် အရုဏ် နှင့် နေ့ဆွမ်း/ထမင်း (အခမဲ့) သုံးဆောင်နိုင်သည်။
မြန်မာကျောင်းသား ရဟန်းတော်များနှင့် သီလရှင် ဆရာလေးများ အနေဖြင့် NIIBS တွင် ကျောင်းတက်လိုပါက မိမိတက်ရောက်လိုသော အတန်း၏ ဈေးနှုန်းနှင့် အချက်အလက်များကို ဤတက္ကသိုလ်တွင် တက်ရောက်နေသော ကျောင်းသားများထံ (သို့) စီနီယာများထံတွင် ဦးစွာစုံစမ်းမေးမြန်း၍ ကျောင်းအပ်သော ကိစ္စရပ်များကို အဆင့်ဆင့် ပြုလုပ်နိုင်ပါသည်။
ဤတက္ကသိုလ်နှင့်ပတ်သက်၍ သတင်းအချက်အလက် အပြည့်အစုံကို http://www.niibs.lk/ တွင်လည်း ဝင်ရောက်ဖတ်ရှု လေ့လာနိုင်ပါသည်။ (အထက်ဖော်ပြပါ အချက်အလက်များကို တက္ကသိုလ်ဝက်ဆိုက်၊ Student Handbook 2025-2026 (Faculty of Graduate Studies) နှင့် တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/သူ များထံမှ သတင်းအချက်အလက်များ ရယူ၍ စုစည်းတင်ပြလိုက်ခြင်း ဖြစ်ပါသည်။)
အသေးစိတ်အချက်အလက်များကို ဆက်လက်သိလိုပါက အောက်ပါ MSAS YouTube Channel တွင် သွားရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
NIIBS သို့ ဆက်သွယ်ရန်
- Tel: +94 11 2904 666
- Email: info@niibs.edu.lk
- Web: https://niibs.lk/


