
Postgraduate Institute of Humanities and Social Sciences,
University of Peradeniya
သီရိလင်္ကာနိုင်ငံ၊ ကန္ဒီ (Kandy) မြို့အနီးရှိ သဘာဝအလှတရားများနှင့် ပြည့်စုံသော ပေရာဒေနိယ တက္ကသိုလ် (University of Peradeniya) ၏ Postgraduate Institute of Humanities and Social Sciences (PGIHS) မှ ဗုဒ္ဓဘာသာပညာရပ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းများကို တက်ရောက်ရန် စိတ်ဝင်စားသော ရဟန်းတော်များ၊ သီလရှင်များနှင့် ကျောင်းသားများအတွက် အောက်ပါ အချက်အလက်များကို စုစည်း တင်ပြပေးလိုက်ပါသည်။
၁။ တက္ကသိုလ်အကြောင်း အကျဉ်းချုပ်
- တက္ကသိုလ်၏ အမည်အပြည့်အစုံနှင့် အတိုကောက် – University of Peradeniya (UoP)။ သီရိလင်္ကာနိုင်ငံ၏ သက်တမ်းအရင့်ဆုံးနှင့် အကြီးဆုံးသော အစိုးရတက္ကသိုလ် ဖြစ်ပါသည်။
- သမိုင်းအကျဉ်းနှင့် တည်ထောင်ခုနှစ် – မူလအစ ၁၉၄၂ ခုနှစ် တွင် တည်ထောင်ခဲ့သည့် University of Ceylon မှ စတင်ခဲ့ပါသည်။ လက်ရှိ ပေရာဒေနိယ၏ သာယာလှပသော နေရာသို့ ၁၉၅၂ ခုနှစ် တွင် ပြောင်းရွှေ့ပြီး လုပ်ငန်းများ စတင်လည်ပတ်ခဲ့ပါသည်။
- တည်နေရာ/လိပ်စာနှင့် ပတ်ဝန်းကျင် – ကန္ဒီမြို့ (Kandy) ၏ အပြင်ဘက် ၈ ကီလိုမီတာခန့်အကွာ ပေရာဒေနိယတွင် တည်ရှိပါသည်။ ဟန်သာန (Hanthana) တောင်တန်း နှင့် မဟာဝေလိ (Mahaweli) မြစ် တို့ ဝန်းရံထားသောကြောင့် ကမ္ဘာ့အလှပဆုံး တက္ကသိုလ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရပါသည်။
- အဓိက ရည်မှန်းချက် (Mission/Vision) – “ပြည်တွင်း၊ ဒေသတွင်းနှင့် ကမ္ဘာ့အဆင့်မီသော အဆင့်မြင့် ပညာရေး၏ ထူးချွန်သော ဗဟိုဌာနတစ်ခု ဖြစ်ရန်” နှင့် “သီရိလင်္ကာနိုင်ငံ၏ အပြည့်စုံဆုံး တက္ကသိုလ်” ဖြစ်ရန် ရည်မှန်းထားပါသည်။
၂။ ပညာရေးနှင့် သင်ကြားရေး (Academics & Curriculum)
တက်ရောက်နိုင်သော အတန်းများ၊ သင်တန်းကာလမျာနှင့် ဘာသာရပ်များ (Courses, Duration, Subjects)
- Postgraduate Diploma in Buddhist Studies (PGD)၊ ၁ နှစ်၊ Coursework
- Master of Arts (M.A.) – ၁ နှစ် (Coursework နှင့် Guided Project)
- Master of Arts (M.A.) – ၂ နှစ် (Coursework နှင့် သုတေသန ကျမ်းရေး)
- Master of Philosophy (M.Phil.) – ၂ နှစ် (သုတေသန ကျမ်းရေး)
- Doctor of Philosophy (Ph.D.) – ၃ နှစ် (သုတေသန ကျမ်းရေး)
- သင်ကြားရေး ဘာသာစကား – အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားပေးပါသည်။
- တစ်နှစ်တာသင်ကြားရေး အစီအစဉ် – စာသင်နှစ်ကို Semester များဖြင့် ပိုင်းခြားထားပြီး Coursework များ၊ Assignment များ, Oral Presentation များနှင့် သုတေသနကျမ်း (Proposal, Thesis) တို့ ပါဝင်ပါသည်။
📌 Coursework တွင် သင်ကြားပေးသော ဘာသာရပ်များ – Buddhist Studies, Pali, Sanskrit, Philosophy, English, Education, Religious and Cultural Studies စသော ဘာသာရပ်များကို ရွေးချယ်နိုင်ပါသည်။ သင်ရိုးညွှန်းတမ်းကိုတော့ သက်ဆိုင်ရာ Board of Study က သတ်မှတ်ပါသည်။
၃။ ပညာသင်စရိတ် (Fee & Expenses)
PGIHS သည် နိုင်ငံခြားသား ရဟန်းတော်များ (Clergy from foreign countries) အတွက် သီးသန့် Fee နှုန်းထားများကို သတ်မှတ်ပေးထားပါသည်။
- အတန်းကြေး(Tuition Fees) –
- Postgraduate Diploma (1 year) – $750
- M.A.1 year (Coursework & Project) – $900
- M.A. 2 years (Coursework & Research) – $ 1800
- M.Phil. (Research) $ 2100
- Ph.D. (Research) – $3150
- တစ်ကြိမ်သာ ပေးသွင်းရသည့် ကြေးများ – ကျောင်းအပ်နှံခ ($250၊ စာကြည့်တိုက် အပ်ငွေ ($40) ။
- နှစ်စဉ် ပေးသွင်းရသည့် အခြားကြေးများ – စာကြည့်တိုက်ကြေး ($60) ၊ စာမေးပွဲကြေးများ။
ကျောင်းလခများကို အခါအားလျော်စွာ ပေးသွင်းနိုင်ပါသည်။ ယခုကျောင်းကြေးများသည် လက်ရှိတက္ကသိုလ်မှ ထုတ်ပြန်ထားသည့် “Fee Structure – PGIHS“ မှ ဖြစ်ပါသည်။ သို့သော် တက္ကသိုလ်သည် အချိန်မရွေး Fee နှုန်းထားများကို ပြောင်းလဲနိုင်ပါသည်။
၄။ နေထိုင်မှုနှင့် ကျောင်းသားအထောက်အပံ့ (Accommodation & Support)
တက္ကသိုလ်အဆောင်
- UoP နှင့် PGIHS သည် လက်ရှိအချိန်တွင် ဘွဲ့လွန်(Postgraduate) ကျောင်းသားများအတွက် ကျောင်းတွင်း အဆောင်ကို စီစဉ်ပေးနိုင်ခြင်း မရှိသေးပါ။
- လက်ရှိတွင် အဓိကအားဖြင့် ဘွဲ့ကြို(Undergraduate)ကျောင်းသားများသာ အဆောင်ရနိုင်ပါသည်။
ပြင်ပနေထိုင်မှုနှင့် စရိတ်
- ကျောင်းသားများသည် တက္ကသိုလ်နှင့် နီးစပ်သော Kandy မြို့နှင့် ပေရာဒေနိယဝန်းကျင်ရှိ ကိုယ်ပိုင်အိမ်များ သို့မဟုတ် တိုက်ခန်းများတွင် ငှားရမ်းနေထိုင်နိုင်ပါသည်။
- ခန့်မှန်း အဆောင်ခ – တစ်လလျှင် Rs 10,000–15,000 ($75–95) ဖြင့် တစ်ဦးတည်း အခန်း ငှားရမ်းနေနိုင်ပါသည်။ စုပေါင်း၍လည်း ငှါးရန်နေနိုင်ပါသည်။
- နေထိုင်စားသောက်စရိတ် – တစ်လလျှင် USD 200–300 ဝန်းကျင် ကုန်ကျနိုင်ပါသည်။
- အထက်ပါနေစရိတ်များ အကုန်ကျမခံလိုပါက အဆက်အသွယ်ရှိသည့် လိုကယ်ဘုန်းကြီးကျောင်းများတွင်လည်း လိုကယ်ဘုန်းကြီးများ နည်းတူ အခမဲ့ နေထိုင်နိုင်ပါသည်။
ကျောင်းသားအထောက်အပံ့
- စာကြည့်တိုက် – စာအုပ်စာတမ်းများ (ပိဋကတ်၊ ပေစာများ) နှင့် ဒစ်ဂျစ်တယ် အထောက်အပံ့များ ရရှိပါသည်။
- အခြား အထောက်အပံ့များ – ကွန်ပျူတာခန်း၊ အင်တာနက် (Wi-Fi) ၊ ကျောင်းသား အကြံဉာဏ်ပေး ဝန်ဆောင်မှုများလည်း ရှိပါသည်။
၅။ ဝင်ခွင့်နှင့် ဗီဇာ လိုအပ်ချက်များ (Admission & Visa Requirements)
ဝင်ခွင့်လိုအပ်ချက်များ (Entry Requirements)
📝 ကျောင်းအပ်နှံရန် လိုအပ်သည့် အဓိက စာရွက်စာတမ်းများ
လျှောက်ထားသူသည် မိမိတက်ရောက်လိုသည့် ဘွဲ့အဆင့်အလိုက် (PGD, M.A., M.Phil., Ph.D.) လိုအပ်သော အရည်အချင်းများနှင့်ပြည့်စုံကြောင်း သက်သေပြရန် အောက်ပါမူရင်းစာရွက်စာတမ်းများ (သို့မဟုတ်) မှတ်တမ်းတင်ထားသော မိတ္တူများကို ပြင်ဆင်ထားရပါမည်။
(က) ပညာရေးဆိုင်ရာ မှတ်တမ်းများ (Academic Documents)
- မူရင်းဘွဲ့လက်မှတ် (bachelor’s degree Certificate) – လျှောက်ထားမည့် ဘွဲ့လွန်သင်တန်းအတွက် အခြေခံအဖြစ် လိုအပ်သော ဘွဲ့ (ဥပမာ – B.A. Degree) မူရင်းလက်မှတ်။
- ဘွဲ့လွန်လက်မှတ်များ (Postgraduate Certificates) – (M.Phil. သို့မဟုတ် Ph.D. လျှောက်ထားပါက) မဟာဘွဲ့ (M.A.) သို့မဟုတ် အခြားဘွဲ့လွန် ဒီပလိုမာ လက်မှတ်များ။
- ရမှတ်စာရင်း (Transcripts / Detailed Mark Sheets) – သင်ယူခဲ့သော ဘာသာရပ်များ၏ အသေးစိတ် အမှတ်စာရင်းများ။
- PGIHS ၏ အတန်းများသည် အင်္ဂလိပ်ဘာသာဖြင့် ဖြစ်သောကြောင့် အနည်းဆုံး Intermediate အဆင့် ရှိရပါမည်။ (English Level ကို ဖော်ပြပေးရတာမျိုးလည်း ရှိနိုင်ပါသည်။)
- သုတေသန အဆိုပြုလွှာ (Research Proposal) – (M.Phil. နှင့် Ph.D. လျှောက်ထားသူများအတွက်သာ) မိမိလုပ်ဆောင်လိုသော သုတေသန အကြောင်းအရာ၊ ရည်ရွယ်ချက်၊ နည်းစနစ်များ ပါဝင်ရပါမည်။
- လျှောက်လွှာတင်ရမည့် အချိန် – နှစ်စဉ် ကျောင်းသားသစ် (Intake) ခေါ်ယူမှုရှိပါတယ်။ (ဥပမာ – Intake ၂၀၂၆ အတွက် ၂၀၂၅ ဒီဇင်ဘာလအတွင်း နောက်ဆုံးထား လျှောက်ရပါသည်)။
- လျှောက်လွှာတင်ရမည့် ပုံစံ – Online မှ လျှောက်လွှာပုံစံကို download လုပ်၍ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ တင်ပြရပါသည်။
(ခ) ဗီဇာလိုအပ်ချက်များ (Visa Requirements)
- လျှောက်နည်း – ပညာသင်ကြားလိုသူတိုင်း သီရိလင်္ကာမရောက်မီ Entry Visa ကို ရယူရပါမည်။ PGIHS မှ ကျောင်းဝင်ခွင့်/ဖိတ်စာ ရရှိပြီးနောက် သက်ဆိုင်ရာ သီရိလင်္ကာသံရုံးမှတဆင့် လျှောက်ထားရပါမည်။
- သက်တမ်းတိုးနည်း – သီရိလင်္ကာသို့ ရောက်ရှိပြီး ရက် ၃၀ အတွင်း Residence Visa (Education) ကို လူဝင်မှုကြီးကြပ်ရေးဌာနတွင် ပြောင်းလဲ လျှောက်ထားရပါမည်။
- မှတ်ချက် – ခရီးသွားဗီဇာ (Tourist Visa) သည် Residence Visa ရယူရန် အကျုံးမဝင်ပါ။
- ဗီဇာ လျှောက်ထားရာတွင် လိုအပ်သည်များ (Entry Visa အတွက်) –
- PGIHS မှ ပေးပို့သော ကျောင်းဝင်ခွင့် (သို့) ဖိတ်စာ (Letter of admission/invitation)
- နေထိုင်ရာနိုင်ငံမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ (Security clearance)
- ပတ်စပို့ မိတ္တူစသည် အပါအဝင် ပညာရေးဆိုင်ရာ မှတ်တမ်းများ (Academic records)
၆။ ဘွဲ့ရပြီး အခွင့်အလမ်း (Post-Graduate Opportunities)
- ဘွဲ့၏ တရားဝင်မှု – PGIHS သည် ပေရာဒေနိယ တက္ကသိုလ်နှင့် ချိတ်ဆက်ထားသည့် အဆင့်မြင့် ဘွဲ့လွန်ဌာနဖြစ်သောကြောင့် ရရှိသောဘွဲ့များသည် နိုင်ငံတကာတွင် အသိအမှတ်ပြုမှု ရရှိရန် အခွင့်အလမ်းမြင့်မားပါသည်။
- အနာဂတ်အခွင့်အလမ်း – ဤတက္ကသိုလ်မှ ဘွဲ့ရပြီးပါက ပြည်တွင်း/ပြည်ပတွင် အခြားတက္ကသိုလ်များ၌ ပညာရေး ဆက်လက် သင်ယူရန် သို့မဟုတ် သုတေသနနှင့် ပညာရေးနယ်ပယ်တွင် လုပ်ကိုင်ရန် လွယ်ကူစေပါသည်။
အသေးစိတ်အချက်အလက်များကို ဆက်လက်သိလိုပါက အောက်ပါ MSAS YouTube Channel တွင် သွားရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
PGIHS သို့ ဆက်သွယ်ရန်
- Tel: +94 812 068 363/ +94 812 068 362
- Email: info@pgihs.ac.lk
- Web: http://web.pgihs.ac.lk/


