
University of Sri Jayewardenepura
သီရိလင်္ကာနိုင်ငံ၊ ကိုတေ (Kotte) မြို့အနီးရှိ ပညာရေးနှင့် သုတေသနအရည်အသွေးမြင့် တက္ကသိုလ်တစ်ခုဖြစ်သော University of Sri Jayewardenepura (USJ) သည် သီရိလင်္ကာနိုင်ငံ၏ အထင်ကရ အစိုးရတက္ကသိုလ်များထဲမှ တစ်ခုဖြစ်ပါသည်။ ဗုဒ္ဓဘာသာပညာ၊ လူမှုရေးသိပ္ပံများ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် သိပ္ပံပညာရပ်များတွင် ထူးချွန်သော ပညာရေးနှင့် သုတေသနများကို အခြေခံထားသော တက္ကသိုလ်ဖြစ်ပါသည်။ Faculty of Humanities & Social sciences မှ ဗုဒ္ဓဘာသာပညာရပ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းများကို တက်ရောက်ရန် စိတ်ဝင်စားသော ရဟန်းတော်များ၊ သီလရှင်များနှင့် ကျောင်းသားများအတွက် အောက်ပါ အချက်အလက်များကို စုစည်း တင်ပြပေးလိုက်ပါသည်။
1. University of Sri Jayewardenepura ၏ သမိုင်းအကျဉ်း
University of Sri Jayewardenepura သည် မူလအားဖြင့် Vidyodaya Pirivena အနေနှင့် “အစဉ်အလာရိုးရာ ဗုဒ္ဓဘာသာ ရဟန်းပညာရေးကောလိပ်တစ်ခု” အဖြစ် ၁၈၇၃ ခုနှစ် တွင် ကိုလံဘိုမြို့ မလီဂခန္ဒ (Maligakanda) တွင် Ven. Hikkaduwe Sri Sumangala Thero က စတင်တည်ထောင်ခဲ့ပြီး၊ ဗုဒ္ဓဘာသာပညာရပ်များကို လေ့လာသင်ကြားသည့် အရေးပါသော ပညာရေးဗဟိုဌာနတစ်ခု ဖြစ်ခဲ့ပါသည်။ ၁၉၅၈ ခုနှစ် တွင် သီရိလင်္ကာအစိုးရမှ Vidyodaya University and Vidyalankara University Act No. 45 ကို အတည်ပြုပြဌာန်းခဲ့ပြီး၊ Vidyodaya Pirivena ကို Vidyodaya University တက္ကသိုလ် အဆင့်သို့ မြှင့်တင်ခဲ့ပါသည်။ ထို့နောက် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တွင် Vidyodaya University ကို တရားဝင်ဖွင့်လှစ်ခဲ့ပြီး၊ ပထမဆုံး ဒုတိယမဟာဗျူဟာအုပ်ချုပ်ရေးမှူး (Vice-Chancellor) အဖြစ် Ven. Welivitiye Soratha Thero ကို ခန့်အပ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ၁၉၇၈ ခုနှစ် တွင် Vidyodaya University ကို University of Sri Jayewardenepura (USJ) ဟု အမည်ပြောင်းလဲခဲ့ပြီး၊ ယနေ့အထိ သီရိလင်္ကာနိုင်ငံ၏ ထင်ရှားသော အစိုးရတက္ကသိုလ်တစ်ခုအဖြစ် ဆက်လက်ဖွံ့ဖြိုးလျက်ရှိပါသည်။
(က) တည်နေရာနှင့်ပတ်ဝန်းကျင်
USJ သည် ကိုလံဘိုမြို့အနီး Nugegoda – Gangodawila ဒေသတွင် တည်ရှိပြီး၊ သွားလာရေး အဆင်ပြေကာ သဘာဝပတ်ဝန်းကျင်နှင့် မြို့ပြပတ်ဝန်းကျင်တို့ ပေါင်းစပ်ထားသော တည်နေရာဖြစ်ပါသည်။
(ခ) အဓိက ရည်မှန်းချက် (Mission and Vision)
Sri Jayewardenepura တက္ကသိုလ်၏ Motto “Vijja Uppattham Setta” “အသိဉာဏ်ပညာသည် အမြင့်ဆုံးသော အခြေခံအုတ်မြစ် ဖြစ်သည်” ဟူသော မိုတို စကားလုံးထားရှိပြီး တက္ကသိုလ်၏
(1) Vision – “Prosper Lives through Education” ပညာရေးမှတစ်ဆင့် လူသားအကျိုးစီးပွားနှင့် လူမှုဘဝကောင်းမွန်ရေးကို မြှင့်တင်ရန်/
(2) Mission- “Create and Disseminate Knowledge for the Prosperity of the Nation while Preserving its Cultural Heritage” နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းထားရင်း၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ချမ်းသာမှုအတွက် အသိပညာကို ဖန်တီးကာ ဖြန့်ဝေခြင်း အားဖြင့် နိုင်ငံသားများသာမက ကမ္ဘာတစ်ဝှမ်းရှိ လူသားအားလုံး၏ ကောင်းကျိုးအတွက် အကျိုးပြုစေရန် ဆောင်ရွက်လိုသော ကတိကဝတ်ကို အလေးထားဖော်ပြထားပါသည်။
2. Faculty of Graduate Studies (FGS)
University of Sri Jayewardenepura ၏ Faculty of Graduate Studies (FGS) သည် ဘွဲ့လွန်ပညာရေးနှင့် သုတေသနလုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲသည့် အဓိကဌာနဖြစ်ပြီး၊ တက္ကသိုလ်အတွင်းရှိ ပညာရပ်အမျိုးမျိုးကို ကိုယ်စားပြုသော Board of Studies (BOS) များမှတစ်ဆင့် ဘွဲ့လွန်သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါသည်။
FGS အောက်တွင်
1. Faculty of Humanities & Social sciences
2. Faculty of Applied Sciences
3. Faculty of Management Studies & Commerce
4. Faculty of Medical Sciences
5. Faculty of Graduate Studies
6. Faculty of Technology
7. Faculty of Engineering
8. Faculty of Allied Health Sciences
9. Faculty of Dental Sciences
10. Faculty of Aquatic Bioresources
11. Faculty of Computing
စသည့် ပညာရပ်နယ်ပယ်များကို ကိုယ်စားပြုသည့် Faculty 11 ခုခန့် ဖြင့် ဘွဲ့လွန်ဒီပလိုမာ၊ မဟာဘွဲ့နှင့် သုတေသနဘွဲ့များကို သင်ကြားပေးလျက်ရှိပါသည်။ Faculty of Graduate Studies ၏ ရည်ရွယ်ချက်မှာ ဘွဲ့လွန်ပညာရေး၏ အရည်အသွေးမြှင့်တင်ရေး၊ သုတေသနယဉ်ကျေးမှု ဖွံ့ဖြိုးရေးနှင့် နိုင်ငံနှင့် လူသားအကျိုးပြု အသိပညာ ဖန်တီးဖြန့်ဝေရေး ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတကာတက္ကသိုလ်များနှင့် MOU များ ဖြင့် ပူးပေါင်းကာ သုတေသနဘွဲ့များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
3. ပညာရေးနှင့် သင်ကြားရေး
Faculty of Graduate Studies အောက်တွင် ဖွင့်လှစ်ထားသော Buddhist Studies ပညာရပ်သည် Faculty of Humanities & Social sciences အောက်တွင် ပါဝင်ပြီး၊
• ဗုဒ္ဓဒဿနိကဘာသာ (Buddhist Philosophy)
• ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် သမိုင်း (Buddhist Civilization)
• ပါဠိစာပေ (Pāli)
• သက္ကတစာပေ (Sanskrit)
စသည့် ဘာသာရပ်များအပေါ် အခြေခံ၍ သုတေသနအခြေခံ စနစ်တကျ လေ့လာရေးသားနိုင်စေရန် ရည်ရွယ်ပါသည်။
သို့သော်လည်း လက်ရှိအချိန်ထိ (Diploma, BA, MA in Buddhist Studies) အတန်းများကိုဖွင့်လှစ်ခြင်းမရှိသေးပါ၊
မှတ်ချက်။ MA one year နှင် MA two years in Buddhist studies program ကို 2027 လောက်မှာ စတင်ဖွင့်နိုင်ခြေရှိပါသည် အဘယ်ကြောင့်ဆိုသော် ထိုအတန်းများကိုဖွင့်လှစ်ဖို့ရန် ယခုအခါ University of Grants Commission of Sri Lanka (UGC) တင်ထားပါသည်။
လက်ရှိ MPhil. နှင့် PhD တန်းကို တက်ရောက်နိုင်ပါသည်
1. Master of Philosophy (M.Phil.) – 2 နှစ်ကနေ 5 နှစ်ကန့်သန့်ထားသည် (Proposal ရေး၊ တက္ကသိုလ်ကပို့ချသည့် Research Methodology Course တက်ရောက်ရမည်၊ သုတေသန ကျမ်းရေး/ Presentation/ MPhil တန်းတွက် သုတေသနစာတမ်းတစ်စောင်ရေးပီး Peer review Journal တစ်ခုခုမှ publication လုပ်ရမည်၊
2. Doctor of Philosophy (Ph.D.) တန်းသည် ၃ နှစ်မှ 6 နှစ်ကန့်သန့်ထားသည် (PhD proposal ရေး၊ သုတေသန ကျမ်းရေး/ Presentation/ သုတေသနကျမ်း ရေးသားခြင်းနှင့် Viva Voce စစ်ဆေးခြင်းတို့ ပါဝင်ပါသည်.
* သင်ကြားရေး ဘာသာစကား – အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားပေးပါသည်။
4. ပညာသင်စရိတ် (Fee & Expenses)
- M.Phil. (Research) $ 1000 (per year)
- Ph.D. (Research) – $ 1300 (per year)
5. နေထိုင်မှုနှင့် ကျောင်းသားအထောက်အပံ့ (Accommodation & Support)
(က) တက္ကသိုလ်အဆောင်
University of Sri Jayewardenepura (USJ) သည် လက်ရှိအချိန်တွင် Foreign ကျောင်းသားများအတွက် ကျောင်းတွင်း အဆောင်ကို စီစဉ်ပေးနိုင်ခြင်း မရှိသေးပါ။
(ခ) ပြင်ပနေထိုင်မှုနှင့် စရိတ်
ကျောင်းသားများသည် တက္ကသိုလ်နှင့် နီးစပ်သော နေရာအနီးဝန်းကျင်မှာ ကိုယ်ပိုင်အိမ်များ သို့မဟုတ် တိုက်ခန်းများတွင် ငှားရမ်းနေထိုင်နိုင်ပါသည်။
ခန့်မှန်း အဆောင်ခ – တစ်လလျှင် Rs 10,000–15,000 ($75–95) ဖြင့် တစ်ဦးတည်း အခန်း ငှားရမ်းနေနိုင်ပါသည်။ စုပေါင်း၍လည်း ငှါးရန်နေနိုင်ပါသည်။
နေထိုင်စားသောက်စရိတ် – တစ်လလျှင် USD 200–300 ဝန်းကျင် ကုန်ကျနိုင်ပါသည်။
အထက်ပါနေစရိတ်များ အကုန်ကျမခံလိုပါက အဆက်အသွယ်ရှိသည့် လိုကယ်ဘုန်းကြီးကျောင်းများတွင်လည်း လိုကယ်ဘုန်းကြီးများ နည်းတူ အခမဲ့ နေထိုင်နိုင်ပါသည်။
(ဂ) ကျောင်းသားအထောက်အပံ့
ပင်မစာကြည့်တိုက် နှင့် စာကြည့်တိုက်အသေးစား နှစ်ခုလုံးအသုံးပြုနိုင်ပါသည်၊ စာအုပ်စာတမ်းများ (ပိဋကတ်၊ ပေစာများ) နှင့် အခြား အထောက်အပံ့များ ရရှိနိုင်ပါသည်။
6. ဝင်ခွင့်နှင့် ဗီဇာ လိုအပ်ချက်များ (Admission & Visa Requirements)
(က) ဝင်ခွင့်လိုအပ်ချက်များ (Entry Requirements)
* ကျောင်းအပ်နှံရန် လိုအပ်သည့် အဓိက စာရွက်စာတမ်းများ
လျှောက်ထားသူသည် မိမိတက်ရောက်လိုသည့် (M.Phil., Ph.D.) တွက် လိုအပ်သော အရည်အချင်းများနှင့်ပြည့်စုံကြောင်း သက်သေပြရန် အောက်ပါမူရင်းစာရွက်စာတမ်းများ (သို့မဟုတ်) မှတ်တမ်းတင်ထားသော မိတ္တူများကို ပြင်ဆင်ထားရပါမည်။
၁။ ပညာရေးဆိုင်ရာ မှတ်တမ်းများ (Academic Documents)
၂။ မဟာဘွဲ့ (one year or two year M.A.) အောင်လက်မှတ်
၃။ ရမှတ်စာရင်း (Transcripts / Detailed Mark Sheets) – သင်ယူခဲ့သော ဘာသာရပ်များ၏ အသေးစိတ် အမှတ်စာရင်းများ
၄။ သုတေသန အဆိုပြုလွှာ (Research Proposal) နှင့် မိမိလုပ်ဆောင်လိုသော သုတေသန အကြောင်းအရာ၊ ရည်ရွယ်ချက်၊ နည်းစနစ်များ ပါဝင်ရပါမည်။
* ကျောင်းအပ်ချိန် – MPhil or PhD လုပ်မည့် ကျောင်းသားသည် မည့်သည့်အချိန်မဆို တက္ကသိုလ်ကို သွားရောက်ပီး ဆရားများနှင့်တွေ့ဆုံကာ ပထမဆုံးမိမိသုတေသန ပြုလုပ်မည့် ကျမ်းခေါင်းစဉ် နှင့် proposal အကျဉ်းရေးသားပြီး ဆရာနှင့်တွေ့ဆုံဆွေးနွေးနိုင်ပါသည် ဆရာက လက်ခံလျှင်ရှေ့ဆက်ကျောင်းအပ်နိုင်ပါသည်။
(ခ) ဗီဇာလိုအပ်ချက်များ (Visa Requirements)
၁။ MPhil/ PhD ကျောင်းသားများ ဗီဇာသက်တမ်းကုန်ပါက တက္ကသိုလ်က ထောက်ခံချက်ယူပီးသက်ဆိုင်ရာဌာနများသွားကာ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ဗီဇာရယူနိုင်ပါသည်။
ဘွဲ့၏ တရားဝင်မှု – University of Sri Jayewardenepura (USJ) မှ ရရှိသောဘွဲ့များသည် နိုင်ငံတကာတွင် အသိအမှတ်ပြုမှု ရရှိရန် အခွင့်အလမ်းမြင့်မားပါသည်။
အနာဂတ်အခွင့်အလမ်း – ဤတက္ကသိုလ်မှ ဘွဲ့ရပြီးပါက ပြည်တွင်း/ပြည်ပတွင် အခြားတက္ကသိုလ်များ၌ ပညာရေး ဆက်လက် သင်ယူရန် သို့မဟုတ် သုတေသနနှင့် ပညာရေးနယ်ပယ်တွင် လုပ်ကိုင်ရန် လွယ်ကူစေပါသည်။
အသေးစိတ်အချက်အလက်များကို ဆက်လက်သိလိုပါက အောက်ပါ MSAS YouTube Channel တွင် သွားရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
USJ သို့ ဆက်သွယ်ရန်
- Tel: +94 11 275 6000/ +94 11 275 8000
- Email: eis@sjp.ac.lk
- Web: https://www.sjp.ac.lk/


