
Buddhist and Pāli University of Sri Lanka
တက္ကသိုလ်၏ အမည်အပြည့်အစုံနှင့် အတိုကောက်
B.P.U တက္ကသိုလ်၏ နာမည်အပြည့်အစုံမှာ Buddhist and Pali University of Sri Lanka ဖြစ်သည်။
ဤတက္ကသိုလ်သည် သီရိလင်္ကာနိုင်ငံရှိ B.A.မြန်မာကျာင်းသား အများဆုံးတက်ရောက် ပညာသင်ကြားနေသော တက္ကသိုလ်ဖြစ်ပြီး ကား-စသော ပတ်ဝန်းကျင်ရဲ့ ဆူညံသံများ ကင်းဆိတ်လျက် ဘေးပတ်ပတ်လည်တွင် လယ်ကွင်းများ၊ သစ်ပင်များဖြင့် ခြံရံလျက် သာယာစွာ ပျူငှါလောကဝတ် ပြုနေလေ၏။ တက္ကသိုလ် ဝန်းကျင်ထဲဝယ် ပန်းဥယျာဉ်၊ မြက်ခင်း၊ သစ်ပင်ကြီးငယ်များစွာဖြင့် အုံ့ဆိုင်းကာ စာပေကို မြတ်နိုးသော ကျောင်းသားများအတွက် နေရာတခုထဲ၌ ပညာအသီးအပွင့်များ ဆည်းပူးနိုင်သော တက္ကသိုလ်တစ်ခုလည်း ဖြစ်ပါသည်။
သမိုင်းအကျဉ်းနှင့် တည်ထောင်သည့်ခုနှစ်
ဤတက္ကသိုလ်ကို “What The Buddha Taught” စာအုပ်ကိုရေးသားပြုစုခဲ့သော ကမ္ဘာကျော် စာရေးဆရာ ဆရာတော် ပရော်ဖက်ဆာ ဒေါက်တာ ဝါလ်ပိုလာရာဟုလာ (The Venerable Prof. Dr Walpola Sri Rahula Maha Thera) ဦးဆောင်တည်ထောင်ခဲ့ပြီး၊ ပါလီမန်ဥပဒေအမှတ် ၇၄-အရ ၁၉၈၁-ခုနှစ်တွင်အုဌ်မြစ်ချတည်ထောင်ပြီး ၁၉၈၂-ခုနှစ်တွင် တရားဝင်စတင်ဖွင့်လှစ်ခဲ့သည်။
တည်နေရာ/လိပ်စာနှင့် ပတ်ဝန်းကျင်
ပင်မတက္ကသိုလ်သည် ကိုလံဘိုမြို့တော်နှင့် ၂၈-ကီလိုမီတာ အကွာ ဟောမဂါမမြို့နယ်၊ ပိတိပနရွာတွင် တည်ရှိသည်။ ဘွဲ့လွန်ပညာလေ့လာရေးဌာန (Postgraduate Studies) သည် အမှတ် ၂၁၄၊ ဗောဓလောကမဝထ၊ ကိုလံဘို ၇၊ ကိုလံဘိုမြို့တွင်းတွင် တည်ရှိသည်။
အဓိက ရည်မှန်းချက်
အကောင်းဆုံးဗုဒ္ဓဘာသာ တက္ကသိုလ်ဖြစ်ဖို့ရန်၊ သီရိလင်္ကာ နှင့်ကမ္ဘာတစ်ဝှမ်းတွင် မြတ်ဗုဒ္ဓ၏အယူအဆအတွေးအခေါ်များကို အကျိုးရှိစွာ ဖြန့်ဝေနိုင်သော ပညာရှင်နှင့်ရဟန်းတော်များ၊ ပါဠိဘာသာစကား, ပါဠိနှင့်ဆက်စပ်သော ဘာသာရပ်, မြတ်စွာဘုရား၏တရားတော်များကို တတ်သိလိမ္မာကျွမ်းကျင်သော ပညာရှင်နှင့် ရဟန်းတော်များ ဖြစ်ထွန်းပေါ်ပေါက်စေရန် ရည်ရွယ်ပါသည်။
၂၀၂၂ / ၂၀၂၃ တက္ကသိုလ် ပြဌာန်းစာအုပ်အရ ဤတက္ကသိုလ်တွင် မဟာဌာနကြီးသုံးခု ရှိပါသည်။
(၁) Faculty of Buddhist Studies
(၂) Faculty of Language Studies
(၃) Faculty of Graduate Studies တို့ ဖြစ်ပါသည်။
မဟာဌာနကြီးသုံးခုအောက်တွင် ဌာနခွဲ (Department) ၁၀-ခု ရှိပါသည်။
(၁) Faculty of Buddhist Studies အောက်တွင် ဌာနခွဲ ငါးခု-ရှိပါသည်။
1. Department of Buddhist Philosophy
2. Department of Buddhist Culture
3. Department of Religious Studies and Comparative Philosophy
4. Computer Teaching Unit
5. Department of Archaeology
(၂) Faculty of Language Studies အောက်တွင် ဌာနခွဲ ခြောက်ခုရှိပါသည်။
1. Department of Pali
2. Department of Sanskrit
3. Department of Sinhala
4. Department of English
5. Department of Language Skills Development
6. Department of English Language Teaching
(၃) Faculty of Graduate Studies (FGS) အောက်တွင်
Doctor of Philosophy (Ph.D.)
Master of Philosophy (M.Phil.)
Master of Arts 2 year Full time (M.A.)
Master of Arts 1 year Full Time (M.A.)
Post Graduate Diploma in Buddhist Studies (P.G.D)
Diploma Courses အားဖြင့် programmes များစွာ-ရှိပါသည်။
၁။ ပညာရေးနှင့် သင်ကြားရေး (Academics & Curriculum)
တက်ရောက်နိုင်သော ဘာသာရပ်များ။
ဗုဒ္ဓဘာသာဆိုင်ရာလေ့လာရေး (Buddhist Studies):
Buddhist Philosophy
Buddhist Psychology & counselling
Buddhist Culture
Buddhist Social Work
Religious Studies & Comparative Phylosophy
Archeology
ဘာသာစကားဆိုင်ရာလေ့လာရေး (Language Studies):
Pāli
Sanskrit
English
French
Hindi
Korean
Tamil
Chinese
Japanese
အထူးပြုလေ့လာနိုင်သောဘာသာရပ်များ (Special Subject):
Pāli
English
Buddhist Philosophy
Buddhist Culture
Religious Studies & Comparative Philosophy
Archeology
တက်ရောက်နိုင်သောအတန်းများ။ ။
Dipaloma:
Certificate/ Advanced Certificate Course in English
Diploma Course in English
Higher Diploma Course in English – ၁ နှစ်
Bachler of Art (B.A):
Certificate/Advanced Certificate Courses – ၂ နှစ်
General Degree – ၃ နှစ်
Special Degree – ၄ နှစ်
Master of Art (M.A):
M.A -၁ နှစ် (ကျမ်းပြုစရာမလို)
M.A – ၂ နှစ် (ကျမ်းတင်ရမည်)
Master of Philosophy (M.Phil) – ၂ နှစ်
Doctor of Philosophy (Ph.D) – ၃ နှစ်
သင်ကြားရေး ဘာသာစကား။ ။ အင်္ဂလိပ်၊ သီဟိုဠ်(Sinhala) နှစ်ဘာသာစလုံးဖြင့် သင်ကြား ပေးပါသည်။
တစ်နှစ်တာသင်ကြားရေး အစီအစဉ်။ ။ စာသင်နှစ်တစ်နှစ်ကို Semester ၂-ခုဖြင့် ပိုင်းခြားထားပြီး သက်ဆိုင်ရာဘာသာရပ်များအလိုက် Assignment နှင့် Presentation များl Semesterအဆုံးတွင် စာမေးပွဲဖြေဆိုခြင်း၊ B.A.(special), M.A.(Two Year), M.Phil., Ph.D အတန်းများက ကျမ်းခေါင်းစဉ်တင်ခြင်း၊ သုတေသနကျမ်း (Topic, Proposal, Thesis) စသည်များပါဝင်ပါသည်။
၂။ နေထိုင်မှုနှင့် ကျောင်းသား အထောက်အပံ့ (Accommodation & Student Support)
ကျောင်းသားများကို အဆောင်စီစဉ်ပေးကာ ၂-ပါးလျှင် တစ်ခန်းဖြစ်ပြီး အဆောင်အတွင်း မှာပင် မီးဖိုချောင်၊ ရေချိုးခန်း၊ စတိုခန်း၊ အိမ်သာနှင့်၊ အင်တာနက်အတွက် Wi-Fi အပြည့်အစုံ စီစဉ်ပေးပါသည်။ B.A-အတန်းအတွက်သာ အဆောင်နေထိုင်ခွင့်ရှိပြီး ကျန်အတန်းများမပါဝင်ပေ၊ နိုင်ငံခြားကျောင်းသားများ သီးသန့်နေထိုင် နိုင်ရန်အတွက် သီရိလင်္ကာအစိုးရမှ နိုင်ငံခြားအလှူရှင်များ၏ အကူအညီဖြင့် ယခုလေးထပ်အဆောင်၏ အရှေ့ဘက်တွင် ငါးထပ်အဆောင်ကြီးကိုလည်း ဆောက်လုပ်လျှက်ရှိပါသည်။
စာကြည့်တိုက်။ ။ တက္ကသိုလ်၏ စာကြည့်တိုက်ကို ပင်မဌာနနှင့်ဌာနခွဲ ၂-ခုတည်ရှိပြီး၊ ပင်မစာကြည့်တိုက်မှာ တိပိဋကစာအုပ်ကို ဘာသာ၆-မျိုးဖြင့် ဖတ်ရှုလေ့လာနိုင်၍၊ ဗုဒ္ဓပါဠိဆိုင်ရာစာပေ၊ Sanskritဘာသာနှင့်စာပေ၊ Archeology၊ သမိုင်းဆိုင်ရာ စာအုပ်စာပေ၊ လူမှုရေးဆိုင်ရာစာအုပ်စာပေ၊ ဆင်ဟလစာအုပ်စာပေ၊ အဘိဓာန်စာအုပ်၊ စွယ်စုံကျမ်း၊ အီလက်ထရောနစ်ဆိုင်ရာစာအုပ်၊ စုစုပေါင်းစာအုပ် ၆၁၆၀၁-အထိ စီစဉ်ထားပါသည်။
အခြား အထောက်အပံ့များ။ ။ အင်တာနက် (Wi-Fi) တပ်ဆင်ပေးခြင်း ၊ Student foreign counseller ထားရှိပေးခြင်း၊ အရေးကြီးကျန်းမာရေးကိစ္စ လိုအပ်သောအခါ ကားစီစဉ် ပေးခြင်းစသော အထောက်အပံ့များ စီစဉ်ထားပါသည်။
၃။ ဗီဇာ အစီအစဉ်။ ။ ကျောင်းသားဗီဇာ လျှောက်လိုလျင် လိုအပ်သောဖောင်စာရွက်များကို Online သို့မဟုတ် physical ပုံစံနှစ်မျိုးတို့ဖြင့် လျှောက်ထားနိုင်ပြီး၊ ကျောင်းသားခေါ်စာ ကျသောအခါ သီရိလင်္ကာသို့လာရောက်၍ တစ်လအတွင်း ဗီဇာသက်တမ်းတိုးရမည်။ သက်တမ်းတိုးရာ၌ တက္ကသိုလ်မှလိုအပ်သောဖောင်များ ဖြည့်သွင်းပြီးတိုးရပါမည်။
၄။ ဝင်ခွင့်နှင့် ပညာသင်ဆု (Admissions & Scholarships)
ဝင်ခွင့်လိုအပ်ချက်။ ။ ပထမကြီးတန်းအောင်လက်မှတ်/ဓမ္မာစရိယအောင်လက်မှတ် (သို့) လောကီဆိုင်ရာဘွဲ့လက်မှတ် တစ်ခုခုတို့ဖြင့်လည်း ဒီပလိုမာတန်း၊ BA များကို တက်ရောက် နိုင်ပြီး၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)၊ သီတဂူကမ္ဘာ့တက္ကသိုလ်၊ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)၊ အခြားဗုဒ္ဓတက္ကသိုလ်များတို့မှ B.A ဘွဲ့ လက်မှတ်တို့ဖြင့်လည်း M.A တန်းတွင် ကျောင်းအပ် နိုင်ပါ သည်။ U.G.C.အသိအမှတ်ပြုတက္ကသိုလ်အသီးသီး၌ M.A. ပြီးဆုံးသော ကျောင်းသားများ M.Phil. တန်း၊ Ph.D.တန်းတို့ကို သင်ယူနိုင်ပါသည်။
လျှောက်လွှာတင်ရမည့် အချိန်။ ။ ၂၀၂၅/၂၀၂၆ပညာသင်နှစ်အတွက် Diploma-ဧပြီလ ၃၀-ရက်နေ့မတိုင်ခင်၊ B.A.- ဇွန်လ ၁၃-ရက်ကနေ ဩဂုတ်လ ၇-ရက်နေ့ထိ၊ M.A., M.Phil., Ph.D.- ဒီဇင်ဘာ ၂၉-ရက်နေ့မတိုင်ခင်ထိ သတ်မှတ်အရည်အချင်း ပြည့်မီသော ကျောင်းသားများ လျှောက်လွှာတင်နိုင်ပါသည်။ (ယခင်နှစ်များက ၁-လပိုင်းလောက်မှ ကျောင်းသားသစ်ခေါ်သော်လည်း ၂၀၂၅/၂၀၂၆-ခုနှစ်မှစ၍ ကျောင်းခေါ်ချိန်ပြောင်းလဲထား ပါသည်။)
လျှောက်လွှာတင်ရမည့် ပုံစံ။ ။ နိုင်ငံကူးလက်မှတ် (Passport)၊ အောင်စာရင်း၊ အမှတ်စာရင်း၊ ပြစ်မှုကင်းစင်ကြောင်း ရဲစခန်းထောက်ခံစာ (သုံးလအတွင်းသာ)-တို့ကို မြန်မာဘာသာမှ English ဘာသာပြန်ပြီး Online(သို့) သီရိလင်္ကာရှိ သူငယ်ချင်းတစ်ပါးပါး အကူအညီဖြင့် လျှောက်လွှာတင်နိုင်ပါသည်။
နိုင်ငံတကာဆက်ဆံရေး:။ ။ စင်္ကာပူ၊ မလေးရှား-တို့၌ B.P.U. တက္ကသိုလ်ခွဲများတည်ထောင် ထားပြီး၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုးရီးယား၊ ထိုင်း-စသော နိုင်ငံတကာဆက်ဆံရေးများစွာ ရှိပါသည်။
၅။ ပညာသင်ကြားခနှင့် ကုန်ကျစရိတ် (Fees & Expenses):
B.A.ပထမနှစ် ကျောင်းသားများအတွက်
အဆောင်ကြေး USD 100၊
မှတ်ပုံတင်ကြေး USD 20၊
အတန်းကြေး USD 100၊ စုစုပေါင်း USD 220-ကုန်ကျပါသည်။
ဒုတိယနှစ် ကျောင်းသားများအတွက်
အဆောင်ကြေး USD 100၊
မှတ်ပုံတင်ကြေး USD 20၊
အတန်းကြေး USD 125၊ စုစုပေါင်း USD 245-ကုန်ကျပါသည်။
တတိယနှစ် ကျောင်းသားများအတွက်
အဆောင်ကြေး USD 100၊
မှတ်ပုံတင်ကြေး USD 20၊
အတန်းကြေး USD 175၊ စုစုပေါင်း USD 295-ကုန်ကျပါသည်။ BA သုံးနှစ်အတွင်း စုစုပေါင်း USD 760-ကုန်ကျပါသည်၊
Special ကျောင်းသားများအတွက် USD 1055- ကုန်ကျပါသည်။
Diploma-တန်းအတွက် RS. 42,000၊
M.A. ၁-နှစ်တန်းအတွက် USD 555၊ ၂-နှစ်တန်းအတွက် USD 705၊
M.Phil.တန်းအတွက် USD 1305၊
Ph.D.တန်းအတွက် USD 1755၊ တို့အသီးသီးကုန်ကျပါ သည်။
၆။ ဘွဲ့ရပြီး အခွင့်အလမ်း (Post-Graduate Opportunities)။ ။ ဤတက္ကသိုလ်သည် အစိုးရတက္ကသိုလ်ဖြစ်သည့်အတွက် နိုင်ငံတကာ အသိအမှတ်ပြု အခွင့်အလမ်းများစွာ ရှိပါသည်။ BPUတက္ကသိုလ်တွင် မိမိကြိုးစားလျှင် ကြိုးစားနိုင်သလောက် အခွင့်အရေးများ ပေါများလှသည်။ B.A.(Special) ကျောင်းသားများက First & Second Classဖြင့် စာမေးပွဲအောင်လျင် M.Phil. အတန်းကို တိုက်ရိုက်သင်ယူနိုင်ပြီး၊ ဟောင်ကောင်၊ အမေရိကန်-စသောနိုင်ငံခြား တက္ကသိုလ်များသို့ ပညာသင်ခွင့် လျှောက်ထားနိုင်သည်။
အသေးစိတ်အချက်အလက်များကို ဆက်လက်သိလိုပါက အောက်ပါ MSAS YouTube Channel တွင် သွားရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
BPU မိတ်ဆက်
BPU သို့ ဆက်သွယ်ရန်
Tel: +94-11-2891731/ +94-11-2892333
Email: mail@bpu.ac.lk
Web: http://www.bpu.ac.lk/


