University of Colombo

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုတက္ကသိုလ်၏သမိုင်းနောက်ခံနှင့် မျက်မှောက်ဗုဒ္ဓစာပေသင်ကြားရေး အခြေအနေတို့ကို မိတ်ဆက်ပေးခြင်းဖြစ်သည်၊ ကိုလံဘိုတက္ကသိုလ်၌ ပညာသင်လိုသော ရဟန်းရှင်လူများအတွက် အထောက်အကူပြုစေရန်ရည်ရွယ်သည်။

၁။ တက္ကသိုလ်သမိုင်းအကျဉ်းချုပ်

(က) တက္ကသိုလ်အမည်အပြည့်အစုံနှင့်အတိုကောက် ။ ကိုလံဘိုတက္ကသိုလ် (University of Colombo) ဟု ခေါ်ကြသည်၊ သင်္ကေတအားဖြင့် ယူအိုစီ (UoC) ဟု ခေါ်ဆိုကြ၊ ရေးသားကြသည်၊

(ခ) သမိုင်းအကျဉ်းနှင့်တည်ထောင်ခုနှစ် ။ နှစ်ပေါင်း ၁၀၀ ကျော် ရှေးကျသောတက္ကသိုလ်ဖြစ်သည်၊ စီလုံတက္ကသိုလ်ကောလိပ် (Ceylon University College) ကို ၁၉၂၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်၊ ယင်းနှင့် စီလုံဆေးကောလိပ် (Ceylon Medical College, 1880) တို့ ပူးပေါင်း၍ စီလုံတက္ကသိုလ် (University of Ceylon) ကို ၁၉၄၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် ကိုယ်ပိုင်ဘွဲ့အပ်နှင်းမှုစခဲ့သည်၊ ၂၀၂၁ ခုနှစ်တွင် ရာပြည့်နှစ် မှတ်တမ်းဝင်ပြီး ဖြစ်သည်။ ဤတက္ကသိုလ်၌ ဗုဒ္ဓစာပေသင်ကြားရေးဌာနသည် အရှေ့တိုင်းပညာသင်ကြားရေးဌာနမှ ရွေ့လျားတိုးတက်မှု၏ ပြယုဂ်ပင်ဖြစ်သည်။

(ဂ) တည်နေရာနှင့်ပတ်ဝန်းကျင် ။ တက္ကသိုလ်သည် ကိုလံဘို အမှတ် ၃၊ ကုမာရတုန်ဂမုနိဒသလမ်းမကြီး (Colombo 03, Kumaratunga Munidasa Road)၌ တည်ရှိသည်၊ ကိုလံဘိုမြို့တော်အတွင်းဖြစ်၍ အချက်အချာကြသည်၊ သွားလာရေးအတွက် ချောမွေ့ သောအရပ်ဖြစ်သည်၊

ပတ်ဝန်းကျင်အနေအထား အားဖြင့် ဘီဘီစီစာအုပ်အရောင်းဆိုင် (Buddhist Cultural Centre)၊ ဘွဲ့နှင်းသဘင်ခန်းမ (BMICH)၊ လွတ်လပ်ရေးပန်းခြံ (Independent Square)၊ ဘီပီယူတက္ကသိုလ်အခွဲ (BPU Branch)၊ ဆေးစစ်ဌာန စသည့် အထင်ကရနေရာတို့ဖြင့် ခြံရံထားသည်။

(ဃ) ရည်ရွယ်ချက်။ ဒေသခံတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် ယင်းတို့၏ စာပေနှင့် ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းရန်ဖြစ်သည်။ မျက်မှောက်ကာလ၌ “ပညာအလင်း နေရာအနှံ့ ပြန့်စေသ တည်း”ဟူသော ဆောင်ပုဒ်ကိုလက်ကိုင်ပြုထားသည်။

၂။ ပညာရေးနှင့်သင်ကြားရေး

(က) တက်ရောက်နိုင်သောအတန်းများ

o Master of Arts (MA., 1 year) – ၁ နှစ်သင် အမ်အေန်း၊

o Master of Philosophy (MPhil., 2 years) – ၂ နှစ်သင် အမ်ဖီးလ်တန်းနှင့်

o Doctor of Philosophy (PhD., 3 years) – ၃ နှစ်သင် ပီအေ့ချ်ဒီတန်းတို့ကို ရွေးချယ်တက်ရောက်ခွင့်ရှိသည်။

(ခ) သင်ကြားရေးဘာသာစကား။ နိုင်ငံခြားကျောင်းသားများအတွက် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေး သည်၊

(ဂ) တနှစ်တာသင်ကြားရေးအစီအစဉ်။ ၁ နှစ်သင် အမ်အေတန်း၌ စာသင်နှစ်ကို semester ၂ ခုဖြင့်ခွဲထားသည်၊ ယင်းကာလအတွင်း သတ်မှတ်ထားသောဘာသာရပ် ၈ ခုတို့ကိုသင်ယူခြင်း (Subjects)၊ အဆိုင်းမန့် (Assignment) ရေးသားခြင်း၊ ကျမ်းခေါင်းစီးတင်ခြင်း (Topic)၊ သုတေသနအဆိုပြုလွှာရေးသားခြင်း (Proposal)၊ သုတေသနကျမ်းငယ်ရေးသားခြင်း (Mini Dissertation/ Extended abstract/ Extended Essay)၊ ဆွေ:နွေ:တင်ပြခြင်းအစီအစဉ်တို့ကို ဆောင်ရွက်ရသည်။

၃။ ကုန်ကျစရိတ်များ

(က) ပညာသင်ကြားခ

ကုန်ကျစရိတ်အားဖြင့်

o MA (1 year) – $ 1017.

o MPhil (2 years) – $ 2067.

o PhD (3 years) – $ 3667 ဖြစ်သည်၊

ယင်းတို့တွင် –

o မှတ်ပုံတင်ကြေး – $ 20

o စာကြည့်တိုက်ကြေး – $ 10

o စာမေးပွဲကြေး – $ 20

o စာကြည့်တိုက်စရံငွေ -$17 စုစုပေါင်း $ 67 ပါဝင်ပြီးဖြစ်သည်။

(ခ) ပြင်ပနေထိုင်မှု။ မကုဋရာမမြန်မာကျောင်း၊ သီဟိုဠ်ဘုန်းကြီးကျောင်း၊ အိမ်ငှားနေထိုင်ခြင်း ဟု နေရာ ၃ မျိုးရှိသည်။

(ဂ) ကုန်ကျစရိတ် ။ အိမ်ငှားနေရလျှင် တနှစ်စာ $ 1000 ခန့်ကုန်ကျနိုင်သည်။

(ဃ) တက္ကသိုလ်စားသောက်ဆိုင်။ တက္ကသိုလ်အတွင်း စရိတ်သက်သာသည့် စားသောက်ဆိုင်များ စွာရှိသည်၊

(ဃ) အခြားကုန်ကျမှုစရိတ်။ နေ့စဉ်သွားလာခြင်း၊ ဒေသန္တရခရီးသွားခြင်း၊ လူမှုရေး၊ တကိုယ်ရေသုံး စွဲခြင်း စသည်အတွက် ကုန်ကျမှုရှိသည်။

၄။ ကျောင်းသားအထောက်အပံ့

(က) တက္ကသိုလ်။ တက္ကသိုလ်ဝင်းအတွင်း ၂၄ နာရီ Wi-Fi အင်တာနက်ပေးထားသည်၊ Arts Faculty မြေညီထပ်၌ လွတ်လပ်စွာ အင်တာနက်သုံးခြင်း၊ စာကြည့်ခြင်း၊ စာရေးခြင်း၊ ဆွေးနွေးစကားပြောခြင်း အတွက် နေရာပေးထားသည်။

(ခ) စာကြည့်တိုက်။ ပင်မစာကြည့်တိုက်ကြီး၊ ဌာနခွဲစာကြည့်တိုက်ဟု ၂ မျိုးရှိသည်၊ ဌာနခွဲစာကြည့်တိုက်၌ သက်ဆိုင်ရာဗုဒ္ဓစာပေဆိုင်ရာစာအုပ်စာတမ်းများရှိပြီး၊ ပင်မစာကြည့်တိုက်ကြီး ၌မူ မဟာဌာနပေါင်းစုံမှ ဘာသာရပ်နယ်ပုံစုံ စာအုပ်စာပေများစုစည်းထားသည်၊ စာကြည့်တိုက်အတွင်း ကွန်ပျူတာငှားရမ်းခြင်း ဝန်ဆောင်ရှိသည်၊ စုပေါင်းဆွေးနွေ:ခန်းအဖြစ် မြေညီထပ်နေရာရှိသည်၊ ဤစာကြည့်တိုက်ကြီး၌လည်း အင်တာနက်အပြည့်အစုံပေးထားသည်။ ပြင်မကျောင်းသားများ ဝင်ခွင့်ကတ်ပြုလုပ်၍ ဝင်ရောက်လေ့လာနိုင်သည်၊ စာကြည့်နိုင်သည်။

၅။ ဗီဇာလျှောက်ထားခြင်နှင့်အခြားလိုအပ်ချက်များ

(က) ဗီဇာလျောက်ထားခြင်း။ ဗီဇာကိစ္စကို အချက်အလက်ဖြည့်ပြီး ကျန်သောကိစ္စအဝဝကို တက္ကသိုလ်မှ စီစဉ်သည်၊ ဗီဇာရလျှင် ပတ်စ်ပို့စာအုပ်သွားထုတ်ရုံဖြစ်သည်။

(ခ) #ွဲ့လက်မှတ်စာရွက်မှတ်တမ်းများ။ ဤတက္ကသိုလ်၌ MA, MPhil, PhD အတန်းတို့ကိုသာ လျှောက်လေ့ရှိသည်၊ ယင်းတို့အတွက် မိမိ၏ BA, MA, MPhil ဘွဲ့လက်မှတ်၊ အမှတ်စာရင်း၊ ကျောင်းပြောင်းထောက်ခံစာ၊ နိုင်ငံကူးလက်မှတ် (Passport)၊ သာသနာဝင်ကဒ် (မှတ်ပုံတင်)၊ ရဲစခန်းထောက်ခံစာတို့ကို မူရင်းနှင့်မိတ္တူလိုအပ်သည်၊ မြန်မာဘာသာစာရွက်မှတ်တမ်းများကိုမူ နိုထရီ/အင်္ဂလိပ်ဘာသာပြန်ပေးရမည်။

(ဂ) ကျောင်းခေါ်ချိန်။ MA အတန်းတို့ကို နှစ်ဝက်မှစခေါ်ယူလေ့ရှိသည်၊ စာရင်းသွင်းပြီးလျှင် ကျောင်းဖွင့်ခါနီး အင်တာဗျူးဖြေရှိပါသည်၊ MPhil, PhD အတန်းတို့ကိုလည်း အချိန်သတ်မှတ်၍ လျှောက်လွှာခေါ်သည်၊ ယင်းအတွက် သုတေသနအဆိုပြုလွှာ ၂ မျက်နှာခန့်တင် သွင်းပြီး ဆိုင်ရာဆရာများက အကဲဖြတ်အတည်ပြုပေးသည်။

၆။ ဘွဲ့၏တရားဝင်မှုနှင့် အခွင့်အလမ်းများ

ဤတက္ကသိုလ်သည် အစိုးရတက္ကသိုလ်ဖြစ်ပြီး သီရိလင်္ကာနိုင်ငံ၌ ထိပ်တန်းစားရင်းဝင်တက္ကသိုလ် ဖြစ်သည်၊ နိုင်ငံတကာအသိအမှတ်ပြုအခွင့်အလန်းမြင့်မားသည်။ ဆေးဘက်ဆိုင်ရာ၊ အိုင်တီနည်းပညာ ဆိုင်ရာ၊ အနုပညာဖန်တီးခြင်း၊ ဥပဒေပညာရပ်၊ သဘာဝနှင့်လူမှုရေးသိပ္ပံနယ်ပယ်တို့၌ ထင်ရှားသော တက္ကသိုလ် ဖြစ်သည်၊ အငြိမ်းစားပါမောက္ခဖြစ်ကြသော ဆရာကြီး Y. Karunadasa, Asanga, G.P. Malalasekera တို့ကျက်စားရာအရပ်ဖြစ်၍ ဗုဒ္ဓစာပေဘွဲ့ရရှိသူများသည် ပညာရပ်နယ်ပယ်အသီးအသီ:တို့၌ အခွင့်အလမ်းပွင့်ထွန်းနေမည်ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို ဆက်လက်သိလိုပါက အောက်ပါ MSAS YouTube Channel တွင် သွားရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

Colombo မိတ်ဆက်

 Colombo သို့ ဆက်သွယ်ရန်

  1. Tel: +94 112 586 432/ +94 112 081227
  2. ucr@cmb.ac.lk
  3. Web: https://cmb.ac.lk/

Leave a Reply

Your email address will not be published. Required fields are marked *