Bhiksu University of Sri Lanka, Anuradhapura

သီရိလင်္ကာနိုင်ငံ၊ အနုရာဓပူရ မြို့အနီးရှိ သဘာဝအလှတရားများနှင့် ပြည့်စုံသော ဘိက္ခုတက္ကသိုလ် (Bhiksu University of Sri Lanka, Anuradhapura) ၏ ဗုဒ္ဓဘာသာပညာရပ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းများကို တက်ရောက်ရန် စိတ်ဝင်စားသော ရဟန်းတော်များနှင့် ကျောင်းသားများအတွက် အောက်ပါ အချက်အလက်များကို စုစည်း တင်ပြပေးလိုက်ပါသည်။

ဘွဲ့လွန်၊ ပြင်ပဘွဲ့နှင့် တိုးချဲ့သင်တန်းများဌာန (Unit of Postgraduate, External Degrees & Extension Courses – (UPEDEC)) သည် ဗုဒ္ဓဘာသာလေ့လာရေးကို တိုးတက်မြှင့်တင်ပြီး  ပိုမိုပြည့်စုံစေရန် ရည်ရွယ်၍ MA၊ MPhil နှင့် PhDတန်း သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများကို ဖွင့်လှစ်ပါသည်။ ယင်းအတန်းများဖြင့် ကျောင်းသားများအား သုတေသနလုပ်ငန်းအတွက် လိုအပ်သော စံနှုန်းများကို ရရှိနိုင်စေရန် လမ်းညွှန်ပေးလျက်ရှိပါသည်။

အဆိုပါဌာနသည် ဘွဲ့လွန်သင်တန်းများအပြင် ပြင်ပBAဘွဲ့  (External) ကိုလည်း ပေးအပ်လျက်ရှိပြီး၊ ဗုဒ္ဓဘာသာလေ့လာရေး ီပလိုမာတန်း၊ အင်္ဂလိပ်ဘာသာ ဒီပလိုမာတန်း၊ တမီးလ်ဘာသာ ဒီပလိုမာတန်း၊ ဗေဒင်ပညာအဆင့်မြင့်သင်တန်း၊ အင်္ဂလိပ်ဘာသာသင်တန်း၊ တမီးလ်ဘာသာ သင်တန်းနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) သင်တန်းများကို ရဟန်းရှင်လူကျောင်းသားများအတွက် တက်ရောက်နိုင်ရန် စီစဉ်ပေးလျက်ရှိပါသည်။

၁။ တက္ကသိုလ်အကြောင်း အကျဉ်းချုပ်

(က) တက္ကသိုလ်၏ အမည်အပြည့်အစုံမှာ Bhiksu University of Sri Lanka, Anuradhapura ဖြစ်ပြီး အတိုကောက် BUSL ဟု ခေါ်ဆိုကြသည်။ သီရိလင်္ကာနိုင်ငံ၏ အကြီးဆုံးသော တက္ကသိုလ်များထဲမှ အစိုးရ အသိမှတ်ပြု UGC အထောက်အပံ့ရ တက္ကသိုလ်တစ်ခုဖြစ်သည်၊၊ Academic နှင့် Non-academic staff ပေါင်း ၁၅၀ ကျော်, ပညာရေးဌာနကြီး ၄ ခု နှင့် အတွင်း အပြင် ကျောင်းသားပေါင်း ၁၀၀၀ ကျော်တို့ကို စုစုပေါင်း ဘာသာရပ် ၂၃ ခုတို့ သင်ကြားပေး၍ လည်ပတ်နေသော တက္ကသိုလ်တစ်ခုဖြစ်သည်။

တက္ကသိုလ်စာကြည့်တိုက်သည် ဗုဒ္ဓဘာသာနှင့် အထူးသက်ဆိုင်သော အရင်းအမြစ်စာတမ်းများကို အများအပြား ပိုင်ဆိုင်ထားပြီး ခေတ်မီအထောက်အကူပြု အဆောက်အအုံများဖြင့် ပြည့်စုံလျက်ရှိပါသည်။ ထို့အပြင် အထွေထွေဘာသာရပ်များ၊ ဒဿနပညာနှင့် စိတ်ပညာ၊ ဘာသာရေး၊ လူမှုရေးသိပ္ပံများ၊ ဘာသာစကားများ၊ သမိုင်းနှင့် သုတေသနအမွေအနှစ် ဗိသုကာဆိုင်ရာ စာအုပ်များကိုလည်း ရရှိနိုင်ပါသည်။ စာကြည့်တိုက်၏ အပေါ်ဆုံးထပ် တစ်ထပ်လုံးကို တိတ်ဆိတ်သော Meditation Hall အဖြစ် ထားရှိပါသည်။

စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ပညာရေးညီလာခံများကိုလည်း နှစ်စဉ်ကျင်းပပြုလုပ်ပေးလေ့ရှိသည်။

() သမိုင်းအကျဉ်းနှင့် တည်ထောင်ခုနှစ်

မူလအစ ၁၉၉၆ ခုနှစ် တွင် “ဗုဒ္ဓသာဝက ရဟန်းတော်များ တက္ကသိုလ်” Buddhasravaka Bhiksu University အမည်နှင့် စတင်ခဲ့ပါသည်။ ထို့နောက် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အနုရာဓပူရ မဟာမေဃဝန ပန်းခြံ၌ တရားဝင် လည်ပတ်မှုကို စတင်ခဲ့သည်။ 1998 ဇူလိုင်လမှာ အစဆုံးအနေနဲ့ ကျောင်းသားများအဖွဲ့ (the first batch of students) ကို စုဆောင်းဖွဲ့စည်းခဲ့ကြပါတယ်၊၊ ထိုအခါက the only national University အဖြစ်သာ ရှိခဲ့ပါတယ်၊၊ ၂၀၁၂ ခုနှစ်တွင် Bhiksu University of Sri Lanka ဟု အမည်ပြောင်းလဲခဲ့သည်။ နောက်ပိုင်းတွင် နေရာကိုလည်း ကျောင်းအဆောက်အဦးတိုးချဲ့ရန်လိုအပ်မှုများကြောင့် မြို့ပြဒေသ,ယခုလက်ရှိနေရာသို့ ပြောင်းရွှေ့တည်ထားခဲ့သည်။

ယင်းနေရာမှာ သီရိဓမ္မာသောက မဟာရာဇာကြီးရဲ့ သားတော် အရှင်မဟိန္ဒမထေရ်တို့ ဗုဒ္ဓသာသနာကို စတင်မွေးဖွားပေးခဲ့သော သီရိလင်္ကာ၏ ပထမဆုံးမြို့တော်ဟောင်း မြို့တော်ကောင်းကြီးဖြစ်ခဲ့သော နေရာဟု ဆိုလျှင်လည်း မှားမည်မထင်ပါ၊၊ ယခုလက်ရှိ သီရိလင်္ကာနိုင်ငံ၏မြို့တော် Colombo မှ Anuradhapura သို့ ကားဖြင့် ၅ နာရီကြာ သွားရပါသည်၊၊ 200 km ကျော်ရုံသာ ဝေးပါသည်၊၊ မိုင်အားဖြင့် အနီးစပ်ဆုံး ၁၂၄ မိုင်ခန့်ရှိပါသည်၊၊

() တည်နေရာ/လိပ်စာနှင့် ပတ်ဝန်းကျင် – လိပ်စာမှာ – Bhiksu University, Puttalam Road, Auradhapura, North Central Province, Sri Lanka ဖြစ်ပါသည်။ ဘေးတစ်ဖက်တချက်စီတွင် လယ်ကွင်းပြင် စမ်းချောင်းကြီးများ ရှိပြီး တက္ကသိုလ်ဝင်းအတွင်းတွင်လည်း စိမ်းစိုသော အပင်ကြီးများ စမ်းချောင်းငယ် နှင့် အရိပ်ကောင်း နေရာတစ်ခုလည်းဖြစ်ပါသည်။ ဤတက္ကသိုလ် နှင့်ပတ်သက်သော အကြောင်းအရာများကို အပြည့်အစုံသိလိုပါက Bhiksu website ဖြစ်သော https://busl.ac.lk တွင် ဝင်ရောက်ဖတ်ရှူ့လေ့လာနိုင်ပါသည်၊၊

() အဓိက ရည်မှန်းချက် (Mission/Vision)

“ပြည်တွင်း၊ ဒေသတွင်းနှင့် ကမ္ဘာ့အဆင့်မီသော အဆင့်မြင့် ပညာရေး၏ ထူးချွန်သော ဗဟိုဌာနတစ်ခု ဖြစ်ရန်” နှင့် “သီရိလင်္ကာနိုင်ငံ၏ အပြည့်စုံဆုံး တက္ကသိုလ်” ဖြစ်ရန် ရည်မှန်းထားပါသည်။

တက္ကသိုလ်အက်ဥပဒေနှင့် ခေါင်းဆောင်များ၏ ရည်ရွယ်ချက်အရ—

-ဘိက္ခုကျောင်းသားများကို ဘုရားရှင်၏ ဓမ္မတရားများ၌ လေ့ကျင့်သင်ကြားပေးခြင်း

-ဗုဒ္ဓဘာသာ ဘာဝနာတရားလေ့ကျင့်မှု (Meditation), သုတေသန (research) နှင့် လေ့ကျင့်သင်ကြားမှုများကို လှုံ့ဆော်မြှင့်တင်ပေးခြင်း

-သီရိလင်္ကာတွင်သာမက နိုင်ငံတကာတွင်လည်း Theravada Buddhism ကို ပြန့်နှံ့တိုးပွားလာစေရန် ဘိက္ခုများကို သင်ကြားပေးခြင်း

-ဗုဒ္ဓဘာသာနှင့်ဆက်စပ်သည့် သုတေသနများကို ကျယ်ပြန့်စွာ လေ့လာဆောင်ရွက်နိုင်ရန် တိုက်တွန်းပေးခြင်း

-ဗုဒ္ဓယဉ်ကျေးမှုနှင့် ၎င်း၏ တန်ဖိုးများကို ထိန်းသိမ်းကာ မြှင့်တင်တိုးတက်အောင် ပြုလုပ်ပေးခြင်း တို့

ဖြစ်ပါသည်။

၂။ ပညာရေးနှင့် သင်ကြားရေး (Academics & Curriculum)

(က) တက်ရောက်နိုင်သော အတန်းများ၊ သင်တန်းကာလမျာနှင့် ဘာသာရပ်များ

၁။ Bachelor of Arts  – ၃ နှစ်၊ (Internal)

၂။ Master of Arts (M.A.) – ၁ နှစ် (Internal)

၃။ *Master of Arts (M.A.) –  (သုတေသန ကျမ်းရေး)

၄။ Master of Philosophy (M.Phil.) – ၂ နှစ် (သုတေသန ကျမ်းရေး) (External)

၅။ Doctor of Philosophy (Ph.D.) – ၃ နှစ် (သုတေသန ကျမ်းရေး) (External)

* သင်ကြားရေးစနစ်များမှာ အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားပေးပါသည်။

* တစ်နှစ်တာသင်ကြားရေး အစီအစဉ် – စာသင်နှစ်ကို Semester များဖြင့် ပိုင်းခြားထားပြီး Coursework များ၊ Assignment များ, Oral Presentation များနှင့် သုတေသနကျမ်း (Proposal, Thesis) တို့ ပါဝင်ပါသည်။

*Coursework တွင် သင်ကြားပေးသော ဘာသာရပ်များ – Buddhist Studies, Pali, Sanskrit, Philosophy, English, Education, Religious and Cultural Studies စသော ဘာသာရပ်များကို ရွေးချယ်နိုင်ပါသည်။ သင်ရိုးညွှန်းတမ်းကိုတော့ သက်ဆိုင်ရာ Board of Study က သတ်မှတ်ပါသည်။

ပညာရေး မဟာဌာန ၂ခု (The Faculty of Buddhist Studies, and The Faculty of Languages & Cultural Studies)

  1. The Faculty of Buddhist Studies မှ ဌာနခွဲ ၂-ခု

၁။ The Department of Buddhist and Pali Studies (DBPS), (main section)

၂။ The Department of Applied Buddhist Studies (DABS),

Bachelor of Arts (B.A) Degree Program သည် နံပါတ် ၁ ဌာနခွဲမှာ ပါဝင်ပြီး သင်ယူလေ့လာရသည့် ဘာသာရပ်များမှာ-

  • Buddhist Philosophy    
  • Buddhist Civilization    
  • Sinhala                        
  • Pali                                         
  • Archeology                  
  • Philosophy                              
  • Psychology
  • Education Science
  • Sociology
  • English
  • History
  • Library Science တို့ဖြစ်ကြသည်၊

ထို့ပြင် Sanskrit (General and Hons), Sinhala, English (General) ဒီသုံးဘာသာကို တက္ကသိုလ် တည်ထောင်စကတည်းက ပြဋ္ဌာန်းခဲ့သည်။

နိုင်ငံခြား ကျောင်းသား ရဟန်းတော်များ B.A. တန်း ဝင်ခွင့်အတွက် လိုအပ်သော ပညာအရည်အချင်းနှင့် စာရွက်စာတမ်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

  • General Certificate of Education (GCE) ရဲ့ A-Level ကို Buddhism, Buddhist Civilization, Pali အစရှိသော ဘာသာရပ်များဖြင့်သော်လည်းကောင်း အခြားသော ဘာသာရပ်များဖြင့်သော်လည်းကောင်း အောင်မြင်ထားသည့် အောင်လက်မှတ်၊ သို့မဟုတ်
  • (မြန်မာနိုင်ငံမှ) ပဌမကြီးတန်းအောင်လက်မှတ် သို့မဟုတ် အထက်တန်းအောင်လက်မှတ် သို့မဟုတ် GCE A-Level နဲ့ ညီသော ပညာအရည်အချင်းတစ်ခုခုကို သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန၊ သံရုံးအစရှိသည်တို့မှ ထောက်ခံချက်ဖြင့်သော်လည်းကောင်း၊ သို့မဟုတ်
  • ဗုဒ္ဓစာပေလေ့လာရေး ဒီပလိုမာတန်း အောင်လက်မှတ်၊ သို့မဟုတ် ယင်းတို့နှင့် သက်ဆိုင်သော ဘာသာရပ်ဆိုင်ရာ အောင်လက်မှတ်များ၊ သို့မဟုတ်
  • Bhiksu University ၏ ပညာရေးဆီးနိပ်အဖွဲ့မှ ထောက်ခံချက်ဖြင့်သော်လည်းကောင်း
  • B,A တန်းကို တက်ရောက်နိုင်ပါတယ်၊၊

Note = အထူးမှတ်ချက်အနေနဲ့ အထက်ပါ အောင်လက်မှတ်များ ရရှိထားသော်လည်း English/ Pāli/ Sanskrit သမားများအတွက် လုံလောက်သည့် အသိပညာ (sufficient knowledge) မရှိသေးရင်ဖြင့် ကြိုတင်ပြင်ဆင်မှု သင်တန်း (Preparatory course) ကို one year တက်ကြရမည် ဖြစ်ပါသည်။

 ၂။ The Department of Applied Buddhist Studies (DABS)ဌာနမှ ပေးအပ်သည့် ဘွဲ့သင်တန်းများမှာ—

1. BA (General) in Practical Buddhist Studies

2. BA (Honours) in Buddhist Psychology and Counseling တို့ဖြစ်သည်။

ဤဌာနတွင် (Meditation)၊ (Yoga) နှင့် (Information Technology) ကဲ့သို့သော Foundational Courses များကိုလည်း ပံ့ပိုးသင်ကြားပေးလျက်ရှိသည်။ ထို့အပြင် ဌာနက Buddhist Counseling Center ကို လည်ပတ်ထိန်းချုပ်လျက်ရှိပြီး၊ တက္ကသိုလ်ရှိ ကျောင်းသားများအတွက် စိတ်ပညာဆိုင်ရာ ပံ့ပိုးကူညီမှုများ ကို သီးခြားပေးအပ်လျက်ရှိသည်။

  • The Faculty of Languages & Cultural Studies အောက်မှ ဌာနခွဲတစ်ခုဖြစ်သည့် The Department of Languages ဌာနတွင် Sanskrit (General & Hons.), Sinhala, English (General) ပြဋ္ဌာန်းခဲ့ပါတယ်၊၊ ထို့အပြင်  Compulsory English ဘာသာရပ်ကိုလည်း စီမံဆောင်ရွက်ပေးပါသည်။ ကျောင်းသားများ၏ တမီးလ် (Tamil), တရုတ် (Chinese), ဂျပန် (Japanese) ဘာသာများအတွက် Certificate Courses များကို ဖွင့်လှစ်ထားပါသည်။ ထို့အပြင် ကျောင်းသားများ၏ ဘာသာကျွမ်းကျင်မှု မြှင့်တင်မှုကိုထောက်ပံ့ရန် လက်တွေ့စမ်းသပ်ခန်း (Language Lab) တစ်ခုကိုလည်း တည်ထောင်ထားပါတယ်၊၊
  • Department of Social Science & Comparative Studies ကလည်း သုတေသနပညာရပ်နှင့် ဗိသုကာပညာ၊ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်မှု ပညာ၊ ဗုဒ္ဓစိတ်ပညာနှင့် အခြားဘာသာများကို နှိုင်းယှဉ်သင်ကြားပေးမှုများ ရှိသည်။

၃။ ပညာသင်စရိတ် (Fee & Expenses)

Bachelor of Arts (B.A) Degree Program

Duration – 3 years

1st year total LKR 31,000.00

Syllabus – LKR.1,000.00

Registration Fees for 1st Year – LKR.6,000.00

Course Fees – LKR. 20,000.00

Identity Card – LKR. 500.00

Examination Fees – LKR. 3,500.00

2nd Year – LKR. 29,500.00

Registration Fees for 2nd Year – LKR. 6,000.00

Course Fees – LKR. 20,000.00

Examination Fees – LKR. 3,500.00

3rd Year – LKR. 29,500.00

Registration Fees for 3rd Year – LKR. 6,000.00

Course Fees – LKR. 20,000.00

Examination Fees – LKR. 3,500.00

1st YearSyllabus Registration Fees for 1st Year Course Fees Identity Card Examination FeesLKR.1,000.00 LKR.6,000.00 LKR. 20,000.00 LKR. 500.00 LKR. 3,500.00LKR. 31,000.00
2nd YearRegistration Fees for 2nd Year Course Fees Examination FeesLKR. 6,000.00 LKR. 20,000.00 LKR. 3,500.00LKR. 29,500.00
3rd YearRegistration Fees for 3rd Year Course Fees Examination FeesLKR. 6,000.00 LKR. 20,000.00 LKR. 3,500.00LKR. 29,500.00
Total  LKR. 90,000.00

With and without Fees (USD) for Postgraduate Degree Programs

FeesMAMPhilPhD
Application9.009.009.00
Registration42.0042.0042.00
Course305.00591.00915.00
Exam130.00170.00250.00
Library22.0025.0035.00
Total fees508.00837.001251.00

(Course fees can be paid by two installments.) The stated fees can be changed due to the Value / Rate of the US Dollar. Hostel fees = 1025 $ for 2 years.

Only the course fees, other academic fees, and free hostel facilities will be provided by the University for the selected Buddhist Clergy under the Scholarship program, and the cost of living and other financial supports are not entitled under this scholarship program.

Fees

M.A. $ 508

M.Phil. $837

Ph.D. $1251

ယခုကျောင်းကြေးများသည် 2024 လက်ရှိတက္ကသိုလ်မှ ထုတ်ပြန်ထားပါသည်။ သို့သော် တက္ကသိုလ်သည် အချိန်မရွေး Fee နှုန်းထားများကို ပြောင်းလဲနိုင်ပါသည်။

အသေးစိတ်အချက်အလက်များကို ဆက်လက်သိလိုပါက အောက်ပါ MSAS YouTube Channel တွင် သွားရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

BUSL မိတ်ဆက်

 BUSL သို့ ဆက်သွယ်ရန်

  1. Tel: +94 25-2236760/ +94 25-2236340
  2. Email: Info@busl.ac.lk
  3. Web: https://busl.ac.lk/

Leave a Reply

Your email address will not be published. Required fields are marked *